Two (unicode)

377 24 0
                                    

Notice : Two of Us က သုံးပိုင်းဘဲရှိမယ့် အတိုလေးပါ...။ ဒါကြောင့် ဖတ်တဲ့အခါ တစ်ကြောင်းချင်းစီ.. ဖြည်းဖြည်းလေး.. အေးအေးဆေးဆေး.. ဖတ်သွားရင် ပိုပြီး အရသာရှိလိမ့်မယ်လို့ ထင်ပါတယ်....။ Daily update မှာပါနော ^^ enjoy ~~~။

                    ~ ~ ~ ~ ~ ~ ~ ~ ~

မြို့တော်ဝန်၏ အိမ်ဝင်းထဲတွင် ပြုလုပ်နေသော ညစာစားပွဲတစ်ခု။ တေးသံ သာသာယာယာနှင့်အတူ မီးရောင်လှလှတွေနှင့်.. စားပွဲခင်းအဖြူတွေနှင့်။ ပွဲကိုလာရောက်သူတွေကလည်း တစ်ယောက်ထက် တစ်ယောက် မနိမ့်သော အဝတ်အဆင်တွေနှင့်.. အဆောင်အယောင်တွေနှင့်။ ကြားသာကြားဖူး၍ မမြင်ဖူးသော ရှားပါးအဖိုးတန် လက်ဝတ်ရတနာ အသုံးအဆောင်တွေကိုလည်း ဒီပွဲက လူတွေ ကိုယ်ပေါ်မှာ မြင်တွေ့နိုင်သည်။

လူကြီးလူကောင်းတွေ အများဆုံး လာရောက်ကြသော.. ထိပ်တန်းလုပ်ငန်းရှင်တွေလည်း စုဝေးကြသော.. သာမန်အဆင့်ထက် မြင့်လွန်းသည့် ညစာစားပွဲ။ အထက်တန်းလွှာ မိန်းမပျိုတို့ကလည်း မိဘတွေ မိတ်ဆက်ပေးမှုနှင့် ကြင်ယာလောင်းရှာလေ့ရှိသည့်ပွဲ။ ယခုပွဲတွင်မူ မိန်းမပျိုတို့သာမက ပရိသတ် အတော်များများ စိတ်ဝင်စားနေကြသည့် လူတစ်ဦး ရှိသည်။

မြို့တော်ဝန်နှင့် ဝန်ကြီးချုပ်များ ထိုင်သည့်ဝိုင်းမှာပင် သူ ထိုင်နေသည်။ ပြောင်လက်နူးညံ့နေမည့် အနက်ရောင် tuxedoကို အတွင်းက ခဲရောင်ရှပ်အကျႌ ခံဝတ်ထားကာ လက်ကောက်ဝတ်တွင်လည်း စိန်ပွင့်လေးများ သပ်သပ်ရပ်ရပ် စီခြယ်အပ်သည့် လူကြီးဆန်စွာ တည်ငြိမ်သည့် လက်ပတ်နာရီက တင့်တယ်စွာ ရှိနေသည်။

တစ်ဝိုင်းထဲရှိ လူများနှင့် စကားပြောသော်လည်း ရယ်မောရောနှောနေခြင်းမရှိ။ အသက်နှင့်မလိုက်အောင် တည်ကြည်မှု.. ထက်မြက်မှု.. ခန့်ညားမှုတွေက ဒီအမျိုးသားမှာ ပြည့်စုံနေသည်။ နောက်ခံ background မကြည့်ဘဲနှင့်ပင် အမျိုးသမီးတို့ တမ်းတမ်းစွဲဖြစ်စေနိုင်လောက်တဲ့ စူးရှရှအကြည့်တွေနှင့် လေယူလေသိမ်းရော...။

သို့သော်.. ကြွရောက်လာတဲ့ လုပ်ငန်းရှင်တွေထဲကမှ ထိပ်ဆုံးရောက်နေသော လုပ်ငန်းရှင်အချို့သာ သူ့ကို စကားပြောရဲသည်။ သာမန် အမတ်များ..ဝန်ကြီးများလည်း သူနှင့် ပြောဆိုရင်း အမှားမပါဝံ့။ သမ္မတကြီးကိုယ်တိုင်က အသိအမှတ်ပြုထားသည့် ဒီလူတွင် ဩဇာအာဏာကလည်း အတိုင်းထက်အလွန် ပြည့်ဝပါသေးရဲ့။

Two Of UsWhere stories live. Discover now