Us (unicode)

327 27 2
                                    

အားကိုးစရာဆိုလို့ သူသာ ကျန်တော့တာကြောင့် သူဋ္ဌေးကို အကြောင်းအကျိုး အတန်ငယ်ရှင်းပြပြီး ပိုက်ဆံချေးရသည်။

အလုပ်ရှင်နဲ့ အလုပ်သမားဆိုသည့်တိုင်အောင် မျက်နှာပူစရာကောင်းပြီး အောက်ကျလွန်းပေမယ့် ကျွန်တော် ရှက်မနေနိုင်တော့။ တတ်နိုင်သမျှ Hunကို အဲ့ဒီပတ်ဝန်းကျင်ကနေ ဆွဲထုတ်လိုက်ချင်ပြီ။ ကျွန်တော် ဒီလိုအလုပ်သွားနေတုန်း Hun့ကို အန္တရာယ်ပြုမှာလည်း စိုးရသည်။ ဒါကြောင့် နောက်ရပ်ကွက်တစ်ခုမှာ အိမ်ငှားရတော့မည်။ ဈေးကမများလှပေမယ့် ခြောက်လစာ တစ်ချီတည်းသွင်းဖို့ကျ ကျွန်တော်တို့ဖို့ ခက်ခဲသည်။

သဘောကောင်းပြီး နားလည်ပေးတတ်တဲ့လူတစ်ယောက်ဖြစ်တာကြောင့် ခြောက်လစာငွေကို ထုတ်ပေးပါသည်။ ငွေကို အပြည့်ပြန်ချေရန်မလိုကြောင်းနှင့် ကျွန်တော့်ကို် ခြောက်လနီးပါး overtimeဆင်းပြီး တစ်ဝတ်လောက် ပြန်ဆပ်ခိုင်းသည်။ စီးပွားရေးသမားပီပီ အကျိုးအမြတ် ကောင်းကောင်းတွက်တတ်တဲ့ သူ့ကိုလည်း အပြစ်ပြောလို့မရ။ အဓိက,က... အခု ချောင်လည်သွားဖို့...။

အခန်းအသစ်ကို ပြောင်းလိုက်တာက အမှန်ပင် ပိုစိတ်ချမ်းသာရသည်။ Hunကို အလုပ်မလုပ်ခိုင်းတော့ဘဲ အိမ်မှာပဲနေခိုင်းတာကို သူက ပျင်းသည်ဟု ဆိုသေးသည်။ မတတ်နိုင်... ကျွန်တော်လည်း စိတ်မချနိုင်ပါ... ဖြစ်နိုင်ရင် အလုပ်ထိပါ ခေါ်သွားပြီး မျက်စိအောက်က အပျောက်မခံ ထားချင်တာ..။ အဲ့ဒီလို လုပ်နိုင်တဲ့ အဆင့်ရာထူးမဟုတ်သေးလို့...။

ကျွန်တော် overtime ဆင်းပြီး မောပန်းကာ ပြန်လာတိုင်း အိမ်ပေါက်ဝရောက်ရင် အမောပြေရသည်။ Hunသည် အနမ်းတွေနဲ့တစ်မျိုး... သိတတ်မှုတွေနဲ့တစ်သွယ်.. ကျွန်တော့ပင်ပန်းမှုတွေကို ကင်းစင်စေသည်။

လက်မလျှော့ဘဲ ကြိုးစားဖို့လည်း ပြောသလို တစ်ခါတစ်ရံ သူ ကိုယ်တိုင်ပင် ကျွန်တော့အလုပ်တွေကို ကူလုပ်ပေး.. ကူစဉ်းစားပေးတတ်သေး၏။ Hunသည် တုံးအလွန်းသူတစ်ယောက် မဟုတ််မှန်း မိဘမဲ့ဂေဟာမှာထဲက ကျွန်တော် ကောင်းကောင်းနားလည်ခဲ့ပြီးသား။

မိုးလင်းလို့ အိပ်ရာနိုးတိုင်း Hun့အပြုံးတွေနဲ့ စတင်တဲ့ မနက်ခင်းတွေဟာ အမြဲကျက်သရေရှိသည်။

Two Of UsWhere stories live. Discover now