19. (YoonMin)

459 69 32
                                    

လက်တွေ့မှန်သမျှဟာ
စိတ်ကူးယဉ်နေရာကနေပဲ
ပေါက်ဖွားလာတာမဟုတ်လား။

မနက်တိုင်း မင်းအသံလေးနဲ့ နိုးထချင်ပြီး
ညတိုင်း မင်းအပြုံးလေးကို တစိမ့်စမ့်ကြည့်ရင်း
အိပ်စက်ချင်တာမျိုး။

နီနီရဲရဲ နှုတ်ခမ်းဖူးဖူးလေးကိုပဲ တမေ့တမော
နမ်းရှိုက်နေချင်မိတာမျိုး ။

နီထွေးထွေး လက်သေးလေးကို ဆုပ်ထွေးပီး
ရင်ခွင်ထဲ ထည့်ထားလိုက်ချင်တာမျိုး။

ကိုကို့ရဲ့ ကလေးလို့ တကမ္ဘာလုံးသိအောင်
ဟစ်ကြွေးခွင့် ရပစ်ချင်တာမျိုး။

အဲ့သလို စိတ်ကူးယဉ်အတွေးတွေဟာ
ပြည့်ဝလာမှာပါနော် အသဲငယ်။

"ကိုကို့ ကို ချစ်ပါတယ်" လို့သာ
သဲငယ်နှုတ်တော်ပါးက ရဲရဲကြီး ဖွင့်ဟလိုက်။

အချေကောင်ကြီးဆိုတဲ့ နာမည်အစား
အချစ်တတ်ဆုံးလူသားအဖြစ်
ရာဇ၀င်တွင်အောင် မှတ်တမ်းသစ်
ရေးထိုးပစ်လိုက်မယ် သိလား
ကို့ချစ်သဲငယ်။

Min Yoongi



*********




လက္ေတြ႕မွန္သမ်ွဟာ
စိတ္ကူးယဥ္ေနရာကေနပဲ
ေပါက္ဖြားလာတာမဟုတ္လား။

မနက္တိုင္း မင္းအသံေလးနဲ႔ နိုးထခ်င္ၿပီး
ညတိုင္း မင္းအၿပံဳးေလးကို တစိမ့္စိမ့္ၾကည့္ရင္း
အိပ္စက္ခ်င္တာမ်ိဳး။

နီနီရဲရဲ နႈတ္ခမ္းဖူးဖူးေလးကိုပဲ တေမ့တေမာ
နမ္းရွိုက္ေနခ်င္မိတာမ်ိဳး ။

နီေထြးေထြး လက္ေသးေလးကို ဆုပ္ေထြးပီး
ရင္ခြင္ထဲ ထည့္ထားလိုက္ခ်င္တာမ်ိဳး။

ကိုကို႔ရဲ႕ ကေလးလို႔ တကမၻာလံုးသိေအာင္
ဟစ္ေႂကြးခြင့္ ရပစ္ခ်င္တာမ်ိဳး။

အဲ့သလို စိတ္ကူးယဥ္အေတြးေတြဟာ
ျပည့္၀လာမွာပါေနာ္ အသဲငယ္။

"ကိုကို႔ ကို ခ်စ္ပါတယ္" လို႔သာ
သဲငယ္နႈတ္ေတာ္ပါးက ရဲရဲႀကီး ဖြင့္ဟလိုက္။

အေခ်ေကာင္ႀကီးဆိုတဲ့ နာမည္အစား
အခ်စ္တတ္ဆံုးလူသားအျဖစ္
ရာဇ၀င္တြင္ေအာင္ မွတ္တမ္းသစ္
ေရးထိုးပစ္လိုက္မယ္ သိလား
ကို႔ခ်စ္သဲငယ္။

Min Yoongi

𝗠𝗲𝗺𝗼𝗿𝗶𝗮𝗹/𝗢𝗧𝗣 💜 [𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱]Where stories live. Discover now