Final

9.8K 825 42
                                    

Unicode

ရှောင်းကျန့် နိုးလာတော့ ရိပေါ်က အိပ်ရာကနေတောင် မထသေးဘူး။ ရှောင်းကျန့် ရိပေါ် သူ့ကိုဖက်ထားတဲ့လက်ကို ဖယ်ဖို့လုပ်ပင်မဲ့ ပိုတင်းသွားတဲ့အခါ ငြိမ်ငြိမ်ပဲ နေလိုက်တော့တယ်။ နောက် လေအေးအေးကြောင့် ရှောင်းကျန့် မျက်လုံးတွေစင်းပြီး ပြန်အိပ်ပျော်သွားတယ်။

ရှောင်းကျန့် နိုးလာတော့ ရိပေါ်က အိပ်ရာကနေတောင် မထသေးဘူး။ ရှောင်းကျန့် ရိပေါ် သူ့ကိုဖက်ထားတဲ့လက်ကို ဖယ်ဖို့လုပ်ပင်မဲ့ ပိုတင်းသွားတဲ့အခါ ငြိမ်ငြိမ်ပဲ နေလိုက်တော့တယ်။ နောက် လေအေးအေးကြောင့် ရှောင်းကျန့် မျက်လုံးတွေစင်းပြီး ပြန်အိပ်ပျော်သွားတယ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ရိပေါ် နိုးလာတော့ ရှောင်းကျန့်က အခုထိ ရိပေါ် ရင်ခွင်ထဲမှာပဲ ရှိနေတုန်း။ ရိပေါ် နိုးထလာတဲ့ နေ့ရက်တွေထဲမှာ ဒီနေ့လောက်ပျော်စရာကောင်းတာ မကြုံဘူးသေးဘူး။

"ကျန့်ကော"

ရိပေါ် အသာလှုပ်ပြီး နိုးလိုက်ပင်မဲ့ ရှောင်းကျန့်က တစ်ချက်ပဲညည်းတယ်။ ပြီးတာနဲ့ ရိပေါ် ဘက်ကို လှည့်လာပြီး ရိပေါ် ရင်ခွင်ထဲ ပိုတိုးဝင်လာတယ်။ ရိပေါ် ရယ်လိုက်ပြီး နဖူးပေါ်ကဆံစတွေကို သပ်တင်ပေးလိုက်တယ်။ အနမ်းတစ်ပွင့်ခြွေရင်း။
...................................................................................

အိမ်ထောင်သက် တစ်နှစ်ပြည့်တဲ့နေ့မှာ ရိပေါ်က ရှောင်းကျန့်ကို စားသောက်ဆိုင်မှာ နှစ်ကိုယ်တူပွဲလေး ကျင်းပပေးတယ်။ ပူပူနွေးနွေး ကြင်စဦးဆိုတော့ ရှောင်းကျန့် ခမျာ ရင်တွေခုန်လို့။

နှစ်နှစ်ပြည့်တော့ ရိပေါ်က လက်စွပ်လေး ပေးလာတယ်။ သက်တမ်း ရင့်လာတဲ့ ရှောင်းကျန့်က ရိပေါ်ကို ပိုက်ဆံအပိုတွေ မသုံးစေချင်ဘူး။ ကြိုးနီလေးကို အစားမထိုးနိုင်တာလည်းပါတာပေါ့။ ရိပေါ်ကလည်း နားထောင်ခဲ့ပါတယ်။

အိမ်ထောင်သက်သုံးနှစ်မှာ ရိပေါ်က သူတို့နှစ်ယောက်ရဲ့အိမ်လေးကို အကြီးစားပြင်ဆင်မှုလုပ်တယ်။ ခြံစည်းရိုးမရှိတဲ့ အိမ်လေးကို ဝင်းခတ်လိုက်တယ်။ အိမ်အပြင်ဘက်ကို ဆေးသုတ်တယ်။ အိမ်လေးက အရင်ကထက်ပိုပြီး နွေးထွေးရိပ်လေးပေါ်လာတယ်။

Final Feliz [Gone]Where stories live. Discover now