09

5.7K 617 5
                                    

Unicode

ရှောင်းကျန့် ကလေးတွေဆီကနေလမ်းလျှောက်ပြီးပြန်လာနေတာ။ ရိပေါ်ကလာမကြိုနိုင်ဘူးဆိုလို့။ လမ်းမလျှောက်တာကြာတော့ ရှောင်းကျန့် အေးအေးဆေးဆေးပဲ လေညှင်းခံနေလိုက်တယ်။

အိမ်ရှေ့ရောက်လာတော့ ကားတွေ့တာနဲ့ ရိပေါ် ရောက်နေပြီဆိုတာ ရှောင်းကျန့် ခန့်မှန်းမိပြီ။ ရိပေါ် စားဖို့ ညနေစာမပြင်ရသေးတော့ ရှောင်းကျန့် ခပ်မြန်မြန်ပဲ အိမ်ထဲဝင်လာလိုက်တယ်။ အိမ်ထဲမှာ မှောင်မည်းနေတာပဲ။ ညနေခြောက်နာရီကျော်နေပြီကို အခုထိ မီးမဖွင့်ထားဘူး။ ဒီကောင်လေး အမှောင်ကြောက်တတ်တဲ့ဟာကို။

ရှောင်းကျန့် မီးဖွင့်လိုက်တော့ စန္ဒယားခုံမှာထိုင်နေတဲ့ ရိပေါ်။ ရှောင်းကျန့်ကို တွေ့တာနဲ့ ရိပေါ် လက်တွေက ချက်ချင်းပဲ စန္ဒယားခုံပေါ် ပြေးလွှားသွားတယ်။ အခန်းထဲ ပျံ့လာတာက Bruno Marsရဲ့ Marry You။

It's a beautiful night.....

We're looking for something dumb to do.....

Hey baby!! I think I wanna marry you.....

ရိပေါ်ရဲ့ အသံချိုချိုလေးက ရှောင်းကျန့်နားထဲစိမ့်ဝင်သွားတယ်။ သီချင်းဆိုပြီးတဲ့ ရိပေါ်က တံခါးဝနားမှာပဲရပ်နေတဲ့ ရှောင်းကျန့်နားကို လျှောက်သွားတယ်။ ရှောင်းကျန့် လက်ကိုကိုင်လိုက်ပြီး ရိပေါ်က ကြင်ကြင်နာနာနဲ့ပဲ နှုတ်ခမ်းနှစ်ခု ထပ်တူကြတယ်။ ရှောင်းကျန့် မျက်လုံးပြန်ဖွင့်လိုက်တဲ့အချိန် လက်ကောက်ဝတ်မှာ အနီရောင်ကြိုးလေးက နေရာယူထားတယ်။ ကြိုးထဲကအပြားလေးထဲမှာ 🖤. ကိုထွင်းထားတယ်။

"ဒါ ဖူးစာကြိုးကွင်းလေ"

ရိပေါ်ပြောစကားကြောင့် ရှောင်းကျန့် ကြိုးနီလေးကို ငုံ့ကြည့်လိုက်တယ်။

"ဒီကြိုးလေးကိုဝတ်လိုက်တဲ့ အချိန်ကစပြီး ခင်များက ကျွန်တော့်အပိုင်ပဲ"

ရှောင်းကျန့်က မျက်ရည်တွေကြားထဲကနေပြုံးနေခဲ့တယ်။ အတောက်ပဆုံးအပြုံးတွေနဲ့ ရိပေါ်ကိုပဲ ကြည့်နေပြီးတော့။ အသည်းယားလာတဲ့ ရှောင်းကျန့်ကို ရိပေါ် ကလေးလေးဖက်သလို ဖက်လိုက်တယ်။ ကြားလေတွေတောင် မတိုးနိုင်တဲ့နည်းနဲ့။ နစ်နစ်နဲနဲ။

Final Feliz [Gone]Where stories live. Discover now