01

41 2 0
                                    

~U~

၁၉၉၇ မတ်လ ၁၃ ရက်

တိတ်ဆိတ်ငြိမ်သက်နေသည့် ညချမ်းအချိန်။ ပတ်ဝန်းကျင်က ကျယ်လောင်စူးရှလှသည့် အော်ဟစ်သံတစ်ခုကြောင့်တိတ်ဆိတ်နေမှု ပျက်စီးသွားရသည်။

"ကျက်သရေမရှိ မကျေနပ်တာတွေကို သောက်စားမူးရူးနေမှ လာလာမပြောနဲ့"

တဖြည်းဖြည်းနှင့် တိုးရာမှကျယ်လောင်လာကြသည့်အော်ဟစ်သံများကြောင့် ဆော့ဂျင်
ခြံအပြင်ဘက်အုတ်ခုံတွင်ထိုင်ရင်း ဆေးလိပ်သောက်နေရာမှ ထထိုင်လိုက်သည်။ မီးညှိထားသော်လည်း မသောက်ဖြစ်သေးသည့် ကုန်ခါနီးဖြစ်နေသောဆေးလိပ်တိုကို မြေပြင်တွင်ချနင်း၍ မီးငြိမ်းလိုက်ပြီးသည်နှင့် ခြေလှမ်းများကို
အိမ်နှင့်ဆန့်ကျင်ဘက်သို့ဦးတည်လိုက်တော့သည်။ သေချာပါသည်။
သူ ဒီနေ့လည်း အပြင်တွင်အိပ်ရပါဦးမည်။

အမှောင်ထဲတွင်ကျင့်သားရနေကြသည့်မျက်လုံးများက လမ်းမီးမရှိသည့်ထိုလမ်းများကို
ကောင်းစွာမှတ်မိနေကြပုံပေါ်သည်။ အလင်းရောင်မမြင်ရသော်လည်း လမ်းလျောက်ရသည်မှာ သိပ်အခက်အခဲမရှိလှ။
ဒီည ဘယ်နေရာတွင်သွားအိမ်ရမည်ကို စဉ်းစားကာ မနှေးမမြန်ခြေလှမ်းများနှင့် လျောက်လာနေရင်း ရုတ်တရက်သူ့အရှေ့သို့ရောက်လာကြသည့် လူသုံးယောက်ကြောင့် လမ်းလျက်စခြေလှမ်းများကို ရပ်တန့်လိုက်သည်။ နီးကပ်နေပြီဖြစ်သောကြောင့် မြင်နေရပြီဖြစ်သည့် ထိုသုံးယောက်၏ မျက်နှာကို လှမ်းကြည့်လိုက်သော်လည်း ထိုသုံးယောက်လုံးကို သူ
သိလည်းမသိ၊ မြင်လည်းမမြင်ဖူးသည်မှာ သေချာသလောက်ပင်။

လူရမ်းကားများဟုထင်ရလောက်အောင်လည်း ထိုသုံးယောက်ပုံစံမှာ အသက်ကြီးပုံမပေါ်လှ။ နုနယ်လှသည်မျက်နှာလေးတွေက အထက်တန်းကျောင်းသားများပုံပင်ပေါက်နေကြသေးသည်။ 'တဆိတ် တကယ်ပဲ အထက်တန်းကျောင်းသားတွေတော့
မဟုတ်ဘူးမို့လား။' တစ်ဆက်တည်းပင်
ဘာများလိုချင်လို့ သူ့ရှေ့ရောက်လာကြသလဲကိုသူစဥ်းစားကြည့်သော်လည်း ဘားမှအဖြေမထွက်ပေ။ သူအထက်တန်းကျောင်းသား တစ်စုံတစ်ယောက်နှင့်မျှ၊ မည်သည့်အကြောင်းကြောင့်နှင့်မျှပင် ပတ်သက်ဖူးခြင်းမရှိသည်မှာ သေချာပါသည်။

You've reached the end of published parts.

⏰ Last updated: Jun 23, 2020 ⏰

Add this story to your Library to get notified about new parts!

I love more than yesterday but less than tomorrowWhere stories live. Discover now