အခန်း၂၂

2K 137 0
                                    

🍀💗Zawgyi💗🍀

ကျန်းဖုန်းလက်ထဲမှဘောလုံလို အလုံးလေး ရုတ်တရက် လင်းလာကာ တစ်အုပ်လုံး စစ်ပွဲထဲရောက် သွား၏

Xz~ဒါက ဘယ်နေရာလဲ

ကျန်းဖုန်း~လွန်ခဲ့ တဲ့နှစ် တစ်ထောင်က စစ်မြေပြင်ဘဲ

မီးနဂါးတစ် နှင့်ရေ နဂါးတစ်ကောင်က ကောင်းကင်၌အသေအကြေကိုက်နေကြပြီး မြေပြင် ၌သွေးတွေချောင်းစီးသည်အထိ တစ်ဖက်နှင့်တစ်ဖက်အသေအကြေ ခုတ်နေကြ၏

လွန်ခဲ့ တဲ့ နှစ်၁၀၀၀က စစ်ပွဲကို ကောင်းကင်စစ်သူကြီးထျန်းက အစပျိုးခဲ့ တယ် …
သူ့ရဲ့ ရည်ရွယ်ချက်က ကောင်းကင် နိုင်ငံရဲ့ အာဏာ အထွတ်ထိတ်ရောက်ဖို့ဘဲ …

သူ့ရည်ရွယ်ချက်ကိုအကောင် အထည်ဖော်ဖို့ ရေနိုင်ငံနဲ့ မီးနိုင်ငံနယ်စပ်မှာပြဿနာဖန်တီးခဲ့တယ် သူ့ရည်ရွယ်ထားတဲ့အတိုင်းရေနိုင်ငံနဲ့မီးနိုင်ငံ ကစစ်ဖြစ်ခဲ့ကြတယ်

မီးနိုင်ငံဘက်က လေနိုင်ငံက ကူညီပြီးရေနိုင်ငံဘက်ကမြေနိုင်ငံကူညီခဲ့တယ် နဂါးမျိုးနွယ်တွေအသေအကြေတိုက်ကြ ချင်းက နယ်​မြေ၇ခုလုံးကို အကျိုးသက်ရောက်ခဲ့တယ်…

သေကြေတာတွေများလာတာနဲ့အမျှ မိစ္ဆာတွေက အင်အားကြီးလာပြီး ကောင်းကင်နဲ့ လူသားတွေကိုနှောက်ယှက် ခဲ့ တယ် အဲ့ဒါကြောင့် ယခင်ကောင်းကင်မင်းကြီးက စစ်ကြီးရပ်ဆဲအောင် ကြ်ုးစားခဲ့တယ်

စစ်သူကြီးကလည်းသူ့အပြစ်တွေကိုမြင်တာကြောင့် သေမျိုးတွေစီကနေ ဘယ်တော့မှမပြန်နိုင်တော့တဲ့ ဘဝအဖြစ် အပြစ်ဒဏ်ခံယူပြီး သေမျိုးဘဝနဲ့ နေထိုင်ခဲ့တယ်

သူကအပြစ်မခံယူခင် ယခင်ကောင်းကင်မင်းကြီး ကို ဂတိတစ်ခုတောင်းခဲ့တယ် အဲ့ဒါကတော့ သူ့ညီမ ကောင်းကင်မိဖုရားကြီး ကလေးမွေးရင် အိမ်ရှေ့အရာမပေးဖို့နဲ့ သူ့လုပ်ရပ်တွေကရှက်စရာကောင်းတဲ့အတွက်သူ့ညီမ မသိစေဖို့ဘဲ

မင်းကြီးကလည်းသူ့ယောက်ဖတော် ရဲ့ အပြစ်တွေ ကိုဖုံကွယ်ပြီးတိတ်တဆိတ် တာ အပြစ်ခံယူစေခဲ့တယ် အဲ့ဒါကိုမသိတဲ့ မိဖုရားကြီးကတော့ မင်းကြီးဟာ သူ့အကိုတော် ကို အပြစ်မရှိဘဲ အပြစ်ပေးတယ်လို့ထင်မြင်ပြီးအငြိုးထားခဲ့တယ်

ချစ်ရပါ​သော💚❤(complete)Where stories live. Discover now