အပိုင်း၂၉

1.8K 137 1
                                    

🍀💗Zawgyi🍀💗

Xz(~ဘဝ ရဲ့ တစ်ချိုးတစ်ကွေ့မှာဆုံ လာကြတဲ့သူတွေဘဲ တစ်ချိန် ချိန်တော့ ဝေးကြရမှာဘဲ....

ငါ သွားပြီ လောင်ဝမ် မင်းက ငါ့အချစ်ဆုံး နဲ့အမုန်းဆုံး လူဘဲ...

မင်းကိုအရမ်းချစ်ခဲ့တဲ့ရှောင်းဝေဘဝဒီမှာဘဲ အဆုံးသတ်ပြီး နောက်ကိုငါတို့မတွေ့ ဘူးတဲ့ သူတွေအဖြစ်ဘဲနေကြရအောင်..

နှုတ်ဆက်ပါတယ် လောင်ဝမ်...)

မျက်လုံးထဲမှ မျက်ရည် တို့ ကျလာပြီး ဝမ်နှင်​ပေးထား​သော ​ဆေးလုံးအား မျိုချလိုက်၏

ထိုစဉ်ရိ​ပေါ်လည်း အခန်းထဲဝင်လာ၏

Yb~ဝေဝေ
ရိပေါ် အရမ်းလန့်သွား၏

Yb~ဝေဝေ မင်းဘာတွေသောက်လိုက်တာလဲ...

ပြောရင်း ကြမ်းပြင်၌လှဲနေသော ရှောင်ကျန့်အားပွေ့ထူလိုက်ပြီး မျက်လုံးမှမျက်ရည်များစီးကျလာ၏

ရှောင်းကျန့်လည်း ရိပေါ်အား မျက်ရည်ပြည့်နေသောမျက်ဝန်းဖြင့်ကြည့်နေရင်း သွေးများအန်ကျလာ၏

Xz~ရိပေါ် ...ငါ ..သွားပြီ...

ဝေဒနာအားမချိတင်ကဲခံစားနေရသောအသံဖြင့် နှုတ်ဆက်စကား ဆိုပြီး ရိပေါ် ၏ ရင်ခွင်ထဲ၌ပင် ငြိမ်သက်သွား၏

Yb~ဝေဝေ...ငါ့ကို ထားမသွားပါနဲ့....ဝေဝေ.....

ငြိမ်သက်နေသော ခန္တာ ကိုယ် အား ဖက်၍ ငိုနေရင်းခဏကြာမှ...

Yb~ဆေးဆရာ...အပြင်မှာဘယ်သူရှိလဲ ..ဆေးဆရာခေါ်စမ်း...

ပြောနေတုန်းဆေးဆရာတစ်ယောက် အပြင်မှ ခဏခြင်း ဝင်လာ၏

~မင်းသား ကျနော် မိဖုရားကိုစမ်းပါ့ရစေ

ရှောင်းကျန့် အလောင်း အားဖက်၍ မလွှတ်တမ်းနေနေသော ရိပေါ်အား ဆေးဆရာမှ လှမ်း၍ အသိပေးလိုက်၏

ထိုအခါမှအသိလေး ဝင်လာကာ တင်းကျပ်စွာဖက်ထားသည် ကို နည်းနည်း လျှော့ပေး ၍ ဆေးဆရာအား အသက်မပါသောမျက်လုံးများဖြင့်ကြည့်နေ၏

Yb~မိဖုရားကိုရအောင်ကယ် မကယ် နိုင်ရင် မင့်ကို သတ်ပစ်မယ်

ဆေးဆရာလည်းကြောက် ကြောက် နှင့် စမ်းလိုက်ပြီး တစ်ပိုယ်လုံးတုန်သွား၏

ချစ်ရပါ​သော💚❤(complete)Where stories live. Discover now