အပိုင်း(၁)

1.1K 70 2
                                    

တခန်းလုံးကို အမှောင်ချထားတဲ့ အခန်းတခုထဲမှာ လင်းနေတာဆိုလို့ စားပွဲပေါ်က Laptop တခုဘဲရှိသည်။ Laptop ရှေ့က ကောင်လေးတယောက်က အင်တာနက်မှ တက်လာသည့် သတင်းတခုကို အသဲအသန် စူးစူးစိုက်စိုက်ကြည့်နေသည်။ သူ့ပုံစံက တခြားဘာတခုကိုမှ အာရုံရှိပုံမပေါ်။ ဒီအချိန်မှာ အပြင်မှာ ကမ္ဘာပျက်နေရင်တောင် သိမဲ့ပုံမပေါ်ဘဲ Laptop screen ကိုသာ အငမ်းမရ သဲကြီးမဲကြီး ကြည့်နေသည်။

"Chef သရနေ Globel Culinary Olympics မှ ရွှေတံဆိပ် ၂ ခုရယူခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခြင်း"

ကောင်လေး နှုတ်ခမ်းမှာ မထီတထီအပြုံးတခု တွဲလွဲခိုရင်း တိုးတိုးလေးရေရွတ်လိုက်သည်။

"အဟင်း.........သူပြန်လာပြီဘဲ"

ဒါဆို လုပ်ငန်းစလို့ရပြီပေါ့......................အိုခေ။

ဒီအစီအစဉ်ကို သူဆွဲနေတာကြာပြီ အခုတော့ ဒီအစီအစဉ်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ အကောင်းဆုံးအချိန်ကိုရောက်လာခဲ့ပြီပေါ့။ လက်ဖျောက်တချက်တီးလိုက်ပြီး စားပွဲပေါ်မှ ကျောပိုးအိတ်ကို ဆွဲပြီးထလိုက်သည်။

ကျွန်တော် ခများကြီးဆီ လာနေပြီ ကိုသရနေ၊ စောင့်နေလိုက်ပါ..............။

******************

Chef သရနေ

ဒီလို Chef လောကမှာ နာမည်တလုံးရလာဖို့ သူတော်တော်ကြိုးစားခဲ့ရသည်။ သူ့လို ဘာမဟုတ်တဲ့ လူတယောက်က သူ တခါမျှပင်စိတ်ကူးနဲ့တောင် မတွေးဖူးသည့် ဒီ Chef လောကမှာ အောင်မြင်နေသည့် Chef တယောက်ဖြစ်လာခြင်းသည် နောက်ကွယ်မှ Supporting အရမ်းကောင်းခဲ့၍ ဖြစ်သည်ဆိုသည်မှာ သူကောင်းကောင်းသိသည်။
Supporting ကောင်းသလို သူလဲ တော်တော်ကြီးကို ကြိုးစားခဲ့လို့ အသက် ၂၉ နှစ်နှင့်ပင် အောင်မြင်သည့် Chef တယောက်အဖြစ် ရပ်တည်နေနိုင်သည်ဖြစ်သည်။ ယခုဆို သူ့ကို လိုချင်သည့် ဟိုတယ်တွေ စားသောက်ဆိုင်တွေ တပုံတပင်ကြီး၊ သူ့လက်ရာကိုမှ စားချင်ပါသည်ဆို၍ တနေ့တနေ့ တန်းစီနေသည့် လူတန်းကြီးကပင် တမျှော်တခေါ်ကြီး။ ဒါပေမဲ့ သူကတော့ အောင်မြင်သည့် Moon Over U စားသောက်ဆိုင်ကြီးတခုသာဖွင့်ထားသည်။ ဆိုင်ခွဲမရှိ။ ဒါကြောင့်လဲ သူ့လက်ရာသည် ပို၍ပင် အဖိုးတန်လာခဲ့ခြင်းဖြစ်သည်ဟု သူယူဆသည်။
သူ့စားသောက်ဆိုင်ကို မနက် ၉ နာရီမှ ည ၁၁ နာရီအထိ ဖွင့်လှစ်သော်လည်း သူကိုယ်တိုင်ချက်သည့် ညနေ ၆ နာရီမှ ည ၁၀ နာရီ တွင်လူပိုစည်ကားသည်။ ပြိုင်ပွဲသွားသည့်အခါမျိုးတွင်တော့ Customer များအတွက် အထူးဝမ်းနည်းရသော နေ့ဖြစ်သည်။ သူချက်သည့် ဟင်းလျာသည် တရက်နှင့် တရက်မတူ။ သူစိတ်ကွန့်မြူးရာ ဟင်းလျာ ကိုသာ ချက်ပြုတ်ခြင်းဖြစ်ပြီး Today Special of Moon Over U အဖြစ် နာမည်ကြီးသည်။ ထို Today Special of Moon Over U ကို တန်းစီပြီးစောင့်ကြသည့် Customer တိုင်းလဲမရ၊ နောက်နေ့တွင်လဲ တူညီသည့် Today Special ဟင်းလျာကို ရမည်မဟုတ်ပေ။ Social Media တွင် နေ့တိုင်း သူ၏ Special Menu တွင် အမြဲ ရေပန်းစားနေခြင်းဖြစ်ပြီး ထိုနေ့က သူ၏ Special Menu ကို စားနိုင်ခြင်းသည် ဂုဏ်တခုဖြစ်သည်အထိ အစားအသောက်လောကတွင် အောင်မြင်ရေးမှတ်တိုင်တခု စိုက်ထူထားနိုင်သည်ဖြစ်သည်။

Make Me DeliciousOn viuen les histories. Descobreix ara