အပိုင်း(၁၁)

182 27 6
                                    

ရတုပိုင် အခန်းတံခါးကို မရဲတရဲလေးတွန်းပြီး ဝင်လာလိုက်သည်။ မဝင်လို့ကလဲမဖြစ် သူ့အခန်းက ကြည်သာယာ့ သူငယ်ချင်းဆိုတာကို ပေးလိုက်ရပြီကိုး။ ဒီအခန်းကို ဝင်သာဝင်လာရတယ် ရင်တုန်ပန်းတုန်ရှိလိုက်တာ။ အခန်းထဲကို ဝေ့ပြီးကြည့်လိုက်တော့ သရနေက အခန်းထဲမှာရှိမနေ။ ပြန်မရောက်သေးတာများလား??

ပထမဆုံးတရက်ကလွဲပြီး သရနေ ရတုပိုင်ကို Moon Over U သို့ နောက်ထပ်ခေါ်မသွားတော့။ အမြဲတမ်း တယောက်ထဲသာ ထွက်သွားသည်။ ဟိုတခေါက်လို ပြသနာဖြစ်မှာစိုးလို့လား ဒါမှမဟုတ် ရတုပိုင်က မကျွမ်းကျင်သေးလို့လားတော့မသိ။ ထိုစဉ် ရေချိုးခန်းရှိရာဖက်မှ ရေကျသံသဲ့သဲ့ကြားလိုက်ရမှ သရနေရေချိုးနေတာကိုး။

သရနေက ခေါ်မနေချင်ပေမဲ့ ကြည်သာယာရဲ့ တချက်လွတ်အမိန့်ကြောင့် ရတုပိုင် ဒီညတော့ ဒီမှာပဲ အိပ်ရတော့မည်။ အခန်းထဲမှာ ကုတင်က တလုံးထဲရယ်။ ကုတင်ကိုကြည့်ပြီး ရတုပိုင် ပြုံးစိစိ။ ဒီညတော့....!!

"ဟေ့ကောင်..မင်းဘာထိုင်လုပ်နေတာလဲ"

ရေချိုးခန်းက ထွက်လာလာချင်း ကုတင်အစွန်းမှာ ထိုင်နေတဲ့ ရတုပိုင်ကို တွေ့လိုက်ရတော့ သရနေ အလိုလို မျက်မှောင်ကြုတ်မိလျက်သား။ ဒီအရှုပ်လေးနဲ့ တပတ်လောက်တော့ အခန်းတူတူမျှသုံးရတော့မှာပါလားဆိုတဲ့ အသိက ဦးနှောက်ထဲ အော်တိုမက်တစ်ရောက်လာကတည်းက သရနေ သိပ်မကြည်ချင်။ အမှန်က သရနေ ကြည်သာယာနဲ့တူတူအိပ်ချင်တာ။ အခုတော့ မှန်းချက်နဲ့ နှမ်းထွက်က မကိုက်။

"မကြီးက ဒီမှာလာအိပ်ခိုင်းတာကို"

ကြည့်ကောင်းတဲ့ ခန္တာကိုယ်အောက်ပိုင်းကိုသာ တပတ် တထည်ပတ်ထားပြီး အပေါ်ပိုင်း ဗလာကျင်းနဲ့ ကုတင်ဘေးမှာ လာရပ်တဲ့ သရနေကို မော့ကြည့်ရင်း ဖြေလိုက်တော့ သရနေမျက်နှာပေါ်ဖြတ်ပြေးသွားတဲ့ အရိပ်အယောင်ကို ရတုပိုင် အဓိပ္ပာယ်ကောက်လို့မရ။ ပြုံးလိုက်တာဆိုပေမဲ့ ဒီအပြုံးက နှစ်လိုဖွယ် ကောင်းတဲ့ အပြုံးမျိုးမဟုတ်တာတော့ ရတုပိုင် သိသည်။

"ငါနဲ့လာအိပ်မှာဆိုတော့...မင်းရေချိုးပြီးပြီလား?"

"မနက်က ချိုးထားတယ်လေ"

Make Me DeliciousWhere stories live. Discover now