အပိုင်း(၄)

301 39 5
                                    


ဒီစာချုပ်ကို ရတုပိုင် လက်မှတ်ထိုးသင့်သလား!! လက်မှတ်ထိုးလိုက်တာနဲ့ နောက်ပြန်လှည့်လို့မရတော့ဖူးဆိုတာ ရတုပိုင်သိသည်။ ထိုစဉ် ......

"ကြည်သာယာ.....ချစ်.... ဘာတွေလဲ"

သရနေတယောက် kitchen မှာ သိမ်းဆည်းပီးတော့ ထွက်လာရင်း လှမ်းမေးလိုက်သည်။ ပန်းကန်တွေ ဆေးလာသည်ထင်။ ဝတ်ထားသည့် pajamas ပွပွကို လက်က တဝက်ခန့်ခေါက်ထားပီး လက်က နဂိုက ဖြူပါတယ်ဆိုမှ အခုမှ ရေထိထားတော့အသားအရေက စိုနေသည်။

ဒီမြင်ကွင်းကြောင့်ဘဲ ရတုပိုင် တခါထဲ ဆုံးဖြတ်ချက်ချလိုက်သည်။ သရနေ အနား ခနဘဲ နေရသည်ဆိုရင်တောင် ရတုပိုင်တဘဝစာ စတေးပစ်လိုက်ရရင်တောင် နောင်တမရချင်တော့။ရတုပိုင်ဘဝမှာ သရနေကို မြင်နေရရင်ကို ပြည့်စုံနေပြီမဟုတ်လား။

"ကျွန်တော် သဘောတူတယ်...မကြီး....ဘောပင်ပေးပါ ကျွန်တော် လက်မှတ်ထိုးလိုက်မယ်"

"ဘာတွေလဲ??? ဘာကိုလက်မှတ်ထိုးမှာလဲ"

" ဩ သူနဲ့ ငါတို့ရဲ့ သဘောတူစာချုပ်ပါ"

သရနေမျက်မှောင်ကြုတ်လျက် ရတုပိုင်လက်ထဲက စာချုပ်ကို ဆွဲယူပီး ဖတ်လိုက်သည်။ သရနေမျက်နှာက စာချုပ်ကို ဖတ်ရင်း ဖတ်ရင်း တဖြေးဖြေး အလိုမကျမှုအရိပ်အယောင်တွေ ဖုံးလွှမ်းလာပီး မျက်မှောင်ကြုတ်ကာ မျက်နှာက ဖြူရာမှ နီရဲလာသည်။

"ကိုယ်တို့စကားခဏပြောရအောင် အိပ်ခန်းထဲခဏ သွားရအောင်"

သရနေက ကြည်သာယာ့လက်ကိုဆွဲပြီး ဧည့်ခန်းကနေထွက်သွားတော့ ရတုပိုင်တယောက် ဧည့်ခန်းထဲမှာ မျက်စိလေးကလယ်ကလယ်နဲ့ အတွေးပေါင်းများစွာနှင့် ကျန်ခဲ့သည်။ သူကိုယ်တိုင်ဒီဆုံးဖြတ်ချက်ကို ဇဝေဇဝါနဲ့ ခက်ခက်ခဲခဲ ချထားပါတယ်ဆိုမှ သရနေရယ်။

****************

"စာချုပ်က ဘာတွေလဲ ဘာသဘောလဲကြည်သာယာ"

"ဖတ်လိုက်ရတာဘဲမဟုတ်ဖူးလာ:"

"မင်းလူတယောက်ရဲ့ဘဝကို ဒီလို လွယ်လွယ် ခြယ်လှယ်လို့ရလား မင်းရဲ့ စာချုပ်က အဓိပ္ပာယ်ရှိရဲ့လား....ဟင်...ကြည်သာယာ"

Make Me DeliciousWaar verhalen tot leven komen. Ontdek het nu