Part 7

3.8K 180 2
                                    

Unicode

"မြေးလေး..ထတော့လေ၊နေမြင့်နေပြီ.."
"ဟင်...ဖွားဖွားကလဲ၊အစောကြီးရှိသေးတယ်၊ဒီနေ့ရုံးလဲပိတ်တယ်၊မထသေးဘူး.."
အဖြူရောင်မွေ့ရာနဲ့အဖြူရောင်စောင်လေးရဲ့အောက်မှာဖြူဖွေးနေတဲ့အသားအရေပိုင်ရှင်လေးမင်းဘုန်းနေတစ်ယောက်အိပ်ချင်မူးတူးနဲ့ဖွားဖွားဖြစ်သူကိုပြန်ပြောလိုက်သည်။
"မျက်နှာအရင်ထပြီးသစ်လိုက်ပါမြေးရယ်၊ပြီးမှပြန်အိပ်.."
"ဖွားကလဲ..မျက်နှာသစ်ပြီးရင်ပြန်အိပ်လို့မရတော့ဘူး."
"မရလဲမအိပ်နဲ့ပေါ့မြေးရယ်၊အိပ်ရာထနေမြင့်ရင်ကိုယ်စောင့်နတ်ကကျိမ်ဆဲတတ်တယ်တဲ့.."
"ဖွားကလဲ..ဒီပုံပြင်တွေပဲထပ်ပြောအုံးမလို့လား၊အဲဒါဆိုရင်တော့ထတော့မယ်.."
ငယ်စဉ်ကတည်းကပြောနေကျပုံပြင်တွေဖြစ်တဲ့အိပ်ရာအစောကြီးမထရင်ကိုယ်စောင့်နတ်ကသူသွားချင်ရာမသွားရလို့ကျိမ်ဆဲတတ်တယ်ဆိုပြီးပြောနေကျဆိုတော့နားထောင်ရတာငြီးငွေ့လာခဲ့ပြီ။
ငယ်ငယ်တုန်းကတော့ကြောက်၍ထိုသို့ပြောရင်ကြောက်၍ထတတ်ပေမဲ့အခုကြီးလာတော့နားထောင်နေကျပုံပြင်ကိုနားမထောင်ချင်၍ငြီးငွေ့လာတော့အိပ်ယာထနေရသည်။
"ဖွားမြေးလေးကလိမ္မာပြီးသားပါကွယ်.."
"ဖွားရဲ့မြေးပဲလေ..ရွှတ်.."
"ဟင်..မျက်နှာမသစ်ရသေးပဲလာမနမ်းနဲ့အာပုတ်ဆော်နံတယ်..သွားမျက်နှာသစ်တော့.."
အိပ်ရာမှကုန်းထကာဖွားအေဖြစ်သူအားသိုင်းဖက်ကာပါးကိုရွှတ်ခနဲနမ်းတော့ဖွားအေကပြောလိုက်ခြင်းပင်။
"မသစ်ပါဘူး၊ကိုယ့်ဖွားဖွားကိုအခုလိုမဖက်ထားရတာကြာပြီ..မရဘူးဖက်ထားမယ်.."
"ကလေးကြီးကျလို့မြေးရယ်..မြေး..မြေးအသက်သုံးဆယ်ပြည့်တော့မယ်နော်၊ဖွားမြစ်လေးချီခြင်သေးတယ်၊မြေးမိန်းမမယူသေးဘူးလား.."
"ဖွားကလဲ.သားအသက်ကအခုမှ၂ ၇ပဲရှိသေးတာဘယ်က၃၀လဲ၊သားမိန်းမမယူချင်သေးပါဘူး၊စီးပွားရေးပဲလုပ်မယ်၊နောက်ပြီးမြေးကိုချစ်မဲ့သူကမရှိဘူးဖွားရဲ့.."
"ဒီကလေးကတော့..ဖွားမြေးကဒီလောက်ချောတာမြေးကမကြိုက်လိုဖြစ်မှာပါ၊မြေးသာကြိုက်ရင်ဘယ်မိန်းကလေးမှငြင်းမှာမဟုတ်ပါဘူး၊တကယ်လို့မြေးမရှာချင်ရင်ဖွားရှာပေးမယ်လေ၊ဖွားသူငယ်ချင်းတစ်ယောက်မှာလဲမြေးမလေးတစ်ယောက်ရှိတယ်မြေးရဲ့၊ဖွားချိတ်ပေးရမလားမြေး.."
"ဟင်..ဖွားရယ်.မြေးအေးအေးပဲနေပါရစေ၊မြေးတကယ်ချစ်တဲ့သူကိုတွေမှမြေးလက်ထပ်ချင်တယ်၊တစ်နေ့တော့မြေးတကယ်ချစ်တဲ့သူဆိုတာတွေ့လိမ့်မယ်လို့မြေးယုံတယ်၊ဖွားနော်..မြေးဘဝလက်တွဲဖော်ကိုမြေးဘာသာပဲရှာချင်တယိဖွားရယ်..နော်.."
"ဟုတ်ပါပြီမြေးရယ်..မြေးသဘောပါ.နေမြင့်နေပြီဆယ်နာရီတောင်ထိုးတော့မှာသွားမျက်နှာသွားသစ်တော့.."
"ဟုတ်.ဖွား.ရွှတ်.."
"အမလေးလေး..ဒီကလေးကတော့.."
အဖွားကိုနမ်းကာကုတင်ပေါ်ကဆင်းသွားပြီးရေချိုးခန်းထဲဝင်သွားတဲ့ဘုန်းအားကြည့်ကာဖွားဖွားဒေါ်မေယုပြုံးလိုက်မိသည်။
ငယ်စဉ်ကတည်းကမိဘဆိုတာရှိပါလျှက်မိခင်နဲ့လဲအတူမနေရ၊ဖခင်ရဲ့ပစ်ပယ်မှုကိုလဲခံထားရတဲ့ကလေးလေးကိုဖွားဖွားအရမ်းချစ်သလိုသနားမိ၍စောင့်ရှောက်ကာအတူနေခဲ့သည်။
ဖွားဖွားကဘုန်းရဲ့မေမေဒေါ်မေလင်းရဲ့မိခင်ဖြစ်သည်။
တစ်ပတ်လုံးမှာမှတနင်္ဂနွေဆိုတဲ့တစ်ရက်ကိုဘုန်းလွတ်ခွတ်လပ်လပ်ပဲအနားယူသည်။ထိုနေ့တစ်ရက်ကိုတော့ဘာအလုပ်မှမလုပ်။
အိမ်မှာပဲနေပြီးစာဖက်ရင်ဖက်မဖက်ရင်စားစရာတွေလုပ်ကာဖွားနဲ့အတူစားတတ်သည်။
"ဖွား..ဒီနေ့ဘာလုပ်စားမလဲ.."
"မိပုတော့ဝက်သားတွေဝယ်ထားတယ်၊နေ့လည်စာကိုဝက်သလိန်ချက်စားမလား၊အစာပြေကိုတော့မြေးကြိုက်တာစားလေ.."
"အဲဒါဆိုမြေးဝက်သလိန်ချက်မယ်၊ဖွားအတွက်တော့ကြက်သားကြော်ပေးမယ်၊နောက်ပြီးအရွက်ကြော်နဲ့ပဲဟင်းချက်မယ်.."
"တီ..တီ.."
"ဟော..ခြံပြင်ကကားဟွန်းသံကြားတယ်၊ဘယ်သူလဲမသိဘူးမြေးရဲ့.."
အစီအစဉ်တွေဆွဲကာဟင်းချက်ချက်ရင်ပြင်နေတဲ့ဘုန်းမှာခြံပြင်မှကားဟွန်းသံကြောင့်ဘယ်သူလဲဆိုတာကိုစဉ်းစားလို့နေသည်။
"မြေးလေးနေညိုသွင်များလားမြေး.."
"ဟင်..ဟုတ်မှာ.သူ့ကိုဒီနေ့နေ့လည်လာဖို့ပြောထားတာ၊ဒါပေမဲ့သူ့ဖာသာဘာလို့ဆင်းမဖွင့်တာပါလိမ့်.."
ဘုန်းတစ်ယောက်ထဲပြောကာအိမ်ထဲမှထွက်ကြည့်တော့ကားကသူ့ရဲ့ကားမဟုတ်၍ခြံတခါးဆီသို့လျှောက်လာခဲ့သည်။
"ကားဟွန်းတီနေတာကြာပြီ..အထဲမှာသေနေတယ်ထင်နေတာ၊တံခါးမြန်မြန်ဖွင့်လေ.."
"ဘာကိစ္စလဲ.."
ဘုန်းတံခါးနားရောက်တော့ကားထဲမှအမျိုးသမီးတစ်ယောက်ကအော်ပြောတော့ဘုန်းဖွင့်မပေးပဲပြောလိုက်သည်။
"မင်းဘုန်းနေ..မင်းရိုင်းလှချည်လား၊ငါကမင်းအမလေ၊မင်းဆီလာလည်တာပေါ့.."
"ကိုကို..ညီမလေးလဲပါတယ်.."
ထိုမိန်းမထက်အသက်ငယ်တဲ့မိန်းကလေးကကားတံခါးမှခေါင်းထွက်ကာပြောတော့ဘုန်းတံခါးကိုဖွင့်ပေးလိုက်သည်။
ထိုအခါကားကခြံထဲသို့မောင်းဝင်သွားသည်။
"ကိုကို.."
ကားပေါ်ကမိန်းကလေးတစ်ယောက်ကဆင်းလာကာဘုန်းဆီသို့ပြေးလာကာဘုန်းအားဖက်လိုက်သည်။ဘုန်းကလဲသူမအားပြုံးကာပြန်ဖက်လိုက်ပေမဲ့ကားမောင်းလာတဲ့မိန်းမကိုမြင်တော့သူမဆီသို့လျှောက်လာခဲ့သည်။
"ဘာကိစ္စလဲ.."
"ငဘုန်း..ငါကကိစ္စရှိမှလာရမှာလား၊နင်ကငါ့မောင်လေငါ့မောင်အိမ်အလည်လာတာပေါ့.."
ပြောကာသူမကအိမ်ထဲသို့ဝင်သွားသည်။ဟုတ်ပါတယ်သူတို့ကဘုန်းရဲ့အမနဲ့ညီမတွေပါ။ဒါပေမဲ့ဒါဟာလဲဘုန်းချမ်းသာနေလို့ဆိုတာဘုန်းသဘောပေါက်ပြီးသား..
"ကိုကို..ညီမလေးလာလည်တာမကြိုက်လို့လား၊ကိုကိုရောင်နီကိုလဲတခါထဲခေါ်ခဲ့ချင်တာကိုကိုကရှူတင်ရှိနေလို့..ပြီးရင်တော့လာမယ်ပြောတယ်."
"ညီမလေး..ကိုကို့ကိုချစ်ရင်ညီမလေးတစ်ယောက်ပဲကိုကို့ဆီကိုလာလည်ပါ၊ညီမလေးကိုပဲကိုကို့ရဲ့သွေးသားလို့သတ်မှတ်နိုင်တယ်.."
"ကိုကိုရယ်..မမတို့ကကိုကို့ကိုချစ်ပါတယ်.."
"အဟွန်း.."
ဘုန်းမဲ့ပြုံးပြုံးကာအိမ်ထဲဝင်လာခဲ့သည်။
"ငဘုန်း..နင့်အိမ်မှာအိမ်ဖော်တွေမရှိဘူးလား၊ငါတို့နေပူကြီးကလာခဲ့တာအအေးသောက်ချင်တယ်.."
"အိမ်မှာဘာအိမ်ဖော်မှမရှိတဲ့အတွက်ဘာမှလဲမရှိဘူး၊သောက်ချင်ရင်တော့ဟောဒီမှာရေခဲသေတ္တာ..အထဲမှာရေအပြည့်ရှိတယ်.."
ဘုန်းတမင်ပဲရွဲ့ကာပြောလိုက်သည်။ထို့ကြောင့်လမင်းဖြူကဘေးမှာရှိတဲ့ဘုန်းရဲ့ဖွားဖွားကိုမျက်စောင်းထိုးကာ..
"ဒီမှာအဖွားကြီး..ကျွန်မရေသောက်ချင်တယ်ရေဘူးယူပေးပါ.."
"ဪ..အေးအေ.."
"ဖွား..ယူပေးစရာမလိုဘူး၊လမင်းဖြူဖွားကိုမင်းခိုင်းစရာမလိုဘူး၊ငါပြောပြီးပြီလေသောက်ချင်ကိုယ်ဘာသာယူသောက်လို့.."
လမင်းဖြူရဲ့စကားကြောင့်ဖွားဖွားမှာထိုင်နေရာမှထ၍ရေသွားယူရန်ပြင်လိုက်ပေမဲ့ဘုန်းအထမခံပဲသူမအားပြောလိုက်သည်။
"ငဘုန်း..နင်ဒီအခြေအနေရောက်အောင်ဒယ်ဒီကထောက်ပံ့ပေးခဲ့တာလေ၊နင့်အမေကနင့်ကိုဘာတွေပေးလို့လဲ၊အေးအဲလိုပဲနင့်ရဲ့ဒီအဖွားကရောနင့်ကိုဘာတွေပေးနိုင်လို့လဲ၊အဲဒါကြောင့်ငါခိုင်းတာ.."
"ပြန်ကြတော့..."
ဘုန်းစိတ်တိုကာခပ်အေးအေးသာလက်ညိုးထိုးကာပြောလိုက်သည်။
"ဟုတ်သားပဲမမရယ်.ဖွားဖွားကအသက်ကြီးနေပြီ၊မမရေဆာရင်ညီမလေးယူပေးမယ်.."
"မလိုဘူး..နင့်အိမ်ကရေကိုငါမသောက်ဘူး၊ငါအခုဒီကိုလာတာလာချင်လွန်းလို့တော့မထင်နဲ့ငါငွေလိုနေလို့နင့်ဆီကလာတောင်းတာ.."
"သိသားပဲ၊ဒါပေမဲ့စောရီးပဲ...ငါနင့်ကိုဘာငွေမှမပေးနိုင်ဘူး၊ကြယ်စင်နင့်အမကိုခေါ်ပြီးငါ့အိမ်ထဲကအခုချက်ခြင်းထွက်သွား.."
"မင်းဘုန်းနေ..နင်ငါ့ကိုဘာမှနှင်ထုတ်စရာမလိုဘူး.."
"လိုတယ်..ငါခြံတံခါးဖွင့်ပေးတယ်ဆိုတာကလဲနင့်ရဲ့ဘေးကကြယ်စင်ကြောင့်၊နောက်ပြီးနင်တို့စိတ်လေးတွေများပြောင်းလဲနေပြီလားလို့။ဒါပေမဲ့အောက်တန်းကျမြဲကျနေတဲ့နင်တို့စိတ်ဓာတ်တွေကြောင့်ငါနှင်ထုတ်တာ၊ငါ့အိမ်ထဲကအခုထွက်သွား၊ကြယ်စင်.နောက်ဆိုငါ့အိမ်ကိုနင်တစ်ယောက်ထဲလာရင်အချိန်မရွေးလာလို့ရတယ်၊ဒါပေမဲ့သူတို့တော့ခေါ်မလာနဲ့.."
"တောက်စ်..ဟွန်း..လူပါးဝလိုက်တာ၊ပြန်မှာပါ..ငါကလဲနင့်လိုအပျက်မသားအိမ်မှာတစက္ကန့်တောင်မနေချင်ပါဘူး။ဟွန်း.."
လမင်းဖြူကပြောကာဒေါင်းကနဲ့ထသွားတော့အမရဲ့စကားကြောင့်စိတ်သဘောထားပြည့်ဝတဲ့ကြယ်စင်လေးမှာအကိုဖြစ်သူကိုအားနာနေမိသည်။
ဘုန်းမှာလဲလမင်းဖြူရဲ့စကာကြောင့်ဒေါသထွက်လို့သွားသည်။
"တောက်စ်.."
"မြေးရယ်..ဘာလို့အဲလိုပြောရတာလဲ၊အဲဒါကမြေးရဲ့အမလေ၊ငရဲတွေကြီးတော့မှာပဲ.."
"ဘာအမလဲဖွားရဲ့..အရင်ကကျွန်တော့်အပေါ်မှာကျွန်တစ်ယောက်လိုသဘောထားခဲ့တဲ့သူတွေကအခုကျွန်တော်စီးပွားရေးအဆင်ပြေမှအမလာတော်နေကြတာကိုကျွန်တော်မသတ်မှတ်နိုင်ဘူး၊ကျွန်တော့်အပေါ်မှာဘာမှမကောင်းခဲ့တဲ့အတွက်သူတို့အပေါ်မှာလဲဘာကျေးဇူးမှမရှိဘူး၊ဒီလိုလူတွေကိုပြောလိုက်ရလို့ငရဲကြီးမယ်ဆိုရင်သားခံမယ်ဖွား.."
ဘုန်းပြောကာအိမ်ပေါ်သို့တတ်သွားသည်။
ဖွားကတော့ကြားထဲမှဘာလုပ်ရမှန်းမသိဖြစ်နေသည်။

နေနှစ်စင်းရဲ့ချစ်ခြင်း (zawgyi+unicode) completedWhere stories live. Discover now