Part 17

3.6K 176 0
                                    

Unicode

"တွန်း..တွန်.."
"ဂျောက်.."
"ဟောရောင်နီပါလား..သားရေ.ဒီမှာသားသူငယ်ချင်းရောင်နီလာတယ်.."
လူခေါ်ဘဲလ်သံကြား၍မားကတံခါးသွားဖွင့်ရာရောင်နီဆိုတဲ့အသံကြောင့်နေညိုအခန်းထဲမှထွက်လာခဲ့သည်။
"နေညို.မင်းနေမကောင်းဘူးဆိုဘာဖြစ်လိုအပြင်ထွက်လာတာလဲ.."
"ရပါတယ်.ငါသက်သာနေပါပြီ.."
"မင်းပုံကြည့်ရတာလဲညှိုးနွမ်းနွမ်းနဲ့ငါကုမ္ပဏီကိုရောက်လို့မင်းကိုမတွေ့တာနဲ့ဒယ်ဒီကိုမေးမှမင်းနေမကောင်းလို့ခွင့်ယူထားတယ်ဆိုတာသိတာ၊ကိုယ်တွေကပူနေသေးလား.."
ရောင်နီကနေညိုရဲ့နဖူးကိုစမ်းကြည့်လိုက်ပြီးပြောသည်။
"ကိုယ်တွေကပူခြစ်လို့ပဲ.ဆေးမသောက်ဘူးလား၊မသက်သာရင်ဆေးခန်းသွားပြမယ်လေ.."
"ရပါတယ်..ငါနည်းနည်းသက်သာပါပြီ၊ဆေးလဲအခုလေးတင်သောက်ထားတာ.."
"ဒါဆိုလဲအပြင်မှထွက်မနေနဲ့ကိုယ့်အခန်းထဲမှာပဲနွေးနွေးထွေးထွေးနေလေ.."
"မင်းလာလို့ထွက်စကားပြောတာပါ.."
"ငါအခန်းထဲလာခဲ့မှာပေါ့..လာ.ထ.အခန်းထဲပဲနွေးနွေးထွေးထွေးနေ.."
ရောင်နီကပြောကာနေညိုရဲ့လက်ကိုဆွဲထူပြီးအခန်းထဲသို့သွားရန်ပြင်တော့မားက..
"ကဲ.ဒါဆို.သားတို့သွားကြ၊မားလဲသားရောင်နီစားဖို့တစ်ခုခုသွားဝယ်လိုက်အုံးမယ်.."
"နေပါစေမားရယ်.."
"ဟင်..ရပါတယ်..ကဲမားသွားအုံးမယ်.."
မားကပြောကာထွက်သွားပြီးအခန်းထဲလူရှိတာနဲ့တံခါးကိုပိတ်ခဲ့ဖို့ကိုမေ့သွားပုံ။
ရောင်နီကနေညို့ကိုတွဲကာအခန်းထဲခေါ်လာခဲ့တာကဆိုရင်အပိုတွေလုပ်နေသလိုထင်ရသည်။တကယ်ဆိုနေညိုကရပ်မနေနိုင်လောက်အောင်ဖြစ်နေတဲ့လူနာမှမဟုတ်တာ...
အခန်းထဲရောက်တော့နေညိုအားအိပ်ယာထက်၌လှဲလိုက်ကာနေညိုရဲ့နဖူးကိုစမ်းကြည့်လိုက်သည်။
"ဒီလောက်ကိုယ်တွေပူနေတာတောင်ပေါ့စနေတယ်၊အပူကျသွားအောင်ရေပတ်တိုက်ပေးမှဖြစ်မှာပေါ့.."
ဆိုကာရောင်နီရေချိုးခန်းထဲကိုဝင်သွားကာမကြာခင်မှာပဲပြန်ထွက်လာခဲ့သည်။ပြန်ထွက်လာတော့သူ့လက်ထဲမှာရေဇလုံတစ်ခုနဲ့တပတ်တစ်ခုလဲပါလာပုံထောက်ရင်နေညို့ကိုသူရေပတ်တိုက်ပေးရန်ဖြစ်မည်။
"ကဲရေပတ်တိုက်ပေးမယ်.."
"နေပါစေ..အားနာစရာကြီး.."
"မင်းနဲ့ငါကြားမှာအားနာစရာလိုလို့လား၊အားနာတယ်ပြောတာကမှမင်းငါ့ကိုအားမနာပြောနေသလိုခံစားရတယ်.."
"မဟုတ်ပါဘူး..ဒါဆိုလဲတိုက်ပေး.ဟုတ်ပြီလား.."
"အင်း.."
ထိုသို့နေညိုကပြောတော့မှရောင်နီပြုံးကာတပတ်အားရေဇလုံထဲစိမ်ကာရေကိုညှစ်၍နေညိုရဲ့နဖူးပေါ်သို့တင်ပေးလိုက်သည်။
သူ့အပေါ်ကြင်နာစွာဂရုစိုက်ပေးနေတဲ့ရောင်နီကိုကြည့်ကာနေညိုပြုံးလိုက်မိသည်။စိတ်ထဲမှာလဲ..
ဘာပဲဖြစ်ဖြစ်မင်းကဝိုင်းလေးပါ၊မယုံကြည်နိုင်ဖြစ်နေတဲ့ငါ့ရဲ့စိတ်ကိုခွင့်လွတ်ပေးပါဝိုင်းလေးရယ်..
"ဪ..ဒီမှာ..မနေ့ကငါ့အိမ်မှာမေ့သွားတဲ့မင်းရဲ့ဖုန်း.."
"ဟင်..အင်း.."
ရောင်နီကပြောကာသူ့အိတ်ထဲမှနေညိုရဲ့ဖုန်းကိုထုတ်ပေးလိုက်သည်။နောက်လက်မှနာရီကိုကြည့်ကာနေညိုကိုရေပတ်ဆက်တိုက်ပေးလိုက်ရင်းနေညိုအင်္ကျီကိုကိုင်ကာ..
"အင်္ကျီချွတ်လိုက်.."
"ဟင်..ဘာလို့လဲ.."
"လက်တွေတောင်စေးကပ်ကပ်နဲ့ရင်ဘက်ဆိုရင်ပိုစိုးမှာပေါ့၊နောက်ပြီးအင်္ကျီကလဲနံနေပြီ၊ချွတ်ပါ.ရေပတ်တိုက်ပြီးနောက်တစ်ထည်လဲဝတ်လိုက်.."
ရောင်နီရဲ့စကားကရှေ့နောက်အသွားအလာညီနေ၍နေညိုမငြင်းချင်တော့တာနဲ့ရှပ်အင်္ကျီကကြယ်သီးတွေကိုဖြုတ်နေရင်းရောင်နီကပါကူဖြုတ်ပေးလိုက်တော့နေညိုမော့ကြည့်ရာမျက်နှာချင်းနီးကပ်သွားသည်။
ရောင်နီကရှေ့သို့တိုးလာကာနေညိုရဲ့နှုတ်ခမ်းအားနမ်းရန်ပြင်တော့နေညိုမျက်နှာကိုလွှဲထားလိုက်သည်။
"စောရီးနေညို..ငါတောင်းပန်ပါတယ်.."
ရောင်နီကမျက်နှာလေးငယ်ကာပြောတော့နေညိုပြုံးကာ..
"ရပါတယ်.."
"မင်းငါ့ကိုမချစ်နိုင်ဘူးလားဟင်.."
"ငါစဉ်းစား.."
"အဲလိုပြောတာကြာပြီလေ..ဒီနေ့ပဲအဖြေပေးပါတော့နော်၊ငါ့ကိုမချစ်ဘူးဆိုရင်လဲငါကျေကျေနပ်နပ်ကြီးလက်ခံပေးမှာပါ.."
"ငါမင်းကိုမချစ်လို့မဟုတ်ပါဘူး.."
"ပြောပါ..မင်းငါ့ကိုချစ်လားဟင်.."
ရောင်နီကနာမည်ကျော်ရုပ်ရှင်မင်းသားဆိုတာနဲ့အညီမျက်နှာကိုအငယ်ဆုံးဖြစ်အောင်ထားကာမေးတော့..
"အင်း..ငါမင်းကိုချစ်တယ်၊ဝိုင်းလေးဆိုတာငါ့ရဲ့ငယ်ချစ်ဦးပါ.."
"မင်းတကယ်ပြောတာနော်.."
"အင်း.."
"ဝမ်းသာလိုက်တာ.."
ရောင်နီကပြောကာနေညို့ကိုဖက်ထားလိုက်ပြီးပြန်ကြည့်ကာနေညိုရဲ့နှုတ်ခမ်းကိုနမ်းတော့သည်။
နေညိုလဲဝိုင်းလေးစိတ်မကောင်းဖြစ်နေတာကိုမမြင်ချင်တာနဲ့အဖြေပေးလိုက်ခြင်းဖြစ်ပြီးသူ့ကိုနမ်းလာတဲ့ရောင်နီရဲ့အနမ်းကိုဘယ်လိုမှမတုံ့ပြန်မိ။
ဒီတော့ရောင်နီက..
"နေညို..ဘာဖြစ်လို့လဲ၊မင်းငါ့ကိုတကယ်ချစ်တာရောဟုတ်ရဲ့လား.."
"ဟင်.."
ရောင်နီကပြောတော့နေညိုသူမျက်နှာကိုပြင်ကာရောင်နီကိုသူကစပြီးနမ်းလိုက်တော့ရောင်နီကပြန်နမ်းရင်းနေညိုရဲ့အင်္ကျီကိုဆွဲချွတ်လိုက်ကာအိပ်ယာပေါ်တွန်းလိုက်သည်။
နောက်သူ့ရဲ့အဝတ်အစားတွေကိုချွတ်ရန်ပြင်တော့နေညိုသူဘယ်ကိုဦးတည်နေတယ်ဆိုတာကိုသိလိုက်၍ရပ်တန့်ရန်ပြောမည်အလုပ်..
"ဪ.သား.မင်းဘုန်းနေတောင်ရောက်နေပါလား.."
ဆိုတဲ့မားရဲ့အသံကိုကြားတော့နေညိုမျက်လုံးပြူးသွားရသည်။
ထိုအတူရောင်နီကိုလဲသူ့အပေါ်ကနေတွန်လိုက်ကာသူ့အင်္ကျီကိုကောက်ယူကာဝတ်လိုက်ပြီးအခန်းထဲမှထွက်လာတော့မားကိုသာတွေ့ရပြီးဘုန်းကိုတော့မတွေ့ရတော့..
"မား..ဘုန်းရော..ဘုန်းလာတယ်ဆို.."
"အင်း..ခုနပဲပြန်ပြေးသွားတယ်၊မျက်နှာလဲမကောင်းဘူး၊ဘာဖြစ်လို့လဲမသိဘူး.."
ဒါကြောင့်နေညိုအခန်းထဲမှနေအပြင်ကိုပြေးထွက်လာခဲ့သည်။
နေညိုအခန်းအပြင်ကိုရောက်တော့ဓာတ်လှေကားဆီသို့ပြေးလာခဲ့သည်။ဓာတ်လှေကားထဲမှာဘုန်းကိုမြင်နေရပြီးနေညိုလှမ်းခေါ်လိုက်သည်။
"ဘုန်း.."
ကွန်ဒိုရဲ့ပိတ်လှောင်တဲ့အဆောက်အဦးကြောင့်နေညိုရဲ့အသံကပဲ့တင်ထပ်သွားကာဘုန်းသူ့ကိုမော့ကြည့်လိုက်သည်။
သို့ပေမဲ့ဓာတ်လှေကားကတဖြည်းဖြည်းပိတ်လို့သွားကာနေညိုမမှီလိုက်။နေညိုသူ့ရဲ့ပါးပြင်ထက်မှမျက်ရည်တွေကိုမြင်တော့စိတ်ပူသွားကာဓာတ်လှေကားနဲ့မဖြစ်တော့၍လှေကားမှသာပြေးဆင်းလာခဲ့သည်။
နေမကောင်း၍ချိနေပါတယ်ဆိုတဲ့နေညိုကအခုတော့အထစ်ပေါင်းများစွားသောလှေကားထစ်များကိုပြေးကာဆင်းလို့နေလေသည်။
ဒါကဘာကြောင့်လဲ..
ဘုန်းနာကျင်သွားမှာကိုသူခံစားမိနေ၍စိုးရိမ်စိတ်ကြောင့်။နောက်ပြီးသူ...
အထစ်ပေါင်းများစွာနဲ့နဲ့အချိုးအကွေ့ပေါင်းများစွာသောလှေကားထစ်များရဲ့အဆုံးမှာနေညိုအောက်သို့ရောက်ရှိလာခဲ့သည်။
ဘုန်းကတော့ကွန်ဒိုရဲ့အပြင်ကိုရောက်နေပြီဖြစ်ကာတက္ကစီကိုငှါး၍မောင်းထွက်သွားတော့နေညိုပြေးလာပေမဲ့မမှီလိုက်ပါ။
"ဟင်း..ဟင်း..ဟူး.."
ပြေးလာ၍အမောကရင်ဝမှာစို့ကာနေညိုနေရာ၌ထိုင်ချလိုက်ရသည့်အဖြစ်။ပြီးတော့ဘုန်းငိုသွား၍လည်းနေညိုစိတ်မကောင်းဖြစ်ရသည်။
ဘုန်းရယ်..
မင်းငါ့ဆီကိုဘာလို့လာတာလဲ။ငါတို့ကိုမင်းမြင်သွားတယ်မဟုတ်လား..
ဘုန်းရယ်..
ငါမင်းကိုမရွေးချယ်နိုင်တဲ့အတွက်ငါ့ကိုခွင့်လွတ်ပါ၊နားလည်ပေးပါ...

နေနှစ်စင်းရဲ့ချစ်ခြင်း (zawgyi+unicode) completedWhere stories live. Discover now