Hotel ရှေ့ မျက်နှာစာမှာ luggage ၂ခုကိုဆွဲရင်း ကိုယ် စောင့်နေတာ နည်းနည်းတော့ကြာပြီ။ ဂျုံးကုက ဖုန်းပြောစရာရှိလို့ ခနဆိုပြီး ကိုယ့်ကို သူ့အိတ်ပါပေးပြီး ခပ်လှမ်းလှမ်းက ရေပန်းနားမှာ ဖုန်းတလုံးနဲ့ အခုထိ ဟိုလျှောက်လိုက် ဒီလျှောက်လိုက်လုပ်နေဆဲ။
ကွာရှင်းဖို့ ကိုယ့်ဘက်ကစပြောလိုက်ရတာ စိတ်ထဲပေါ့သွားသလိုလိုတော့ရှိသလိုပဲ။ ပြီးတော့..အင်း မဆိုသလောက်လေးလဲ နောင်တရတယ်။ ပျော်သွားမယ်လို့ထင်ထားခဲ့တဲ့ ဂျုံးကုဘက်က reactionကတော့ ဒီအတိုင်း 'အိုခေလေ' ဆိုပြီး ပြီးသွားတာမျိုး။
11hr 30minကြာအောင် စီးလာတဲ့ လေယာဉ်ပေါ် တစ်လျှောက်လုံးလဲ ကိုယ်တို့စကားမပြောဖြစ်ခဲ့ကြဘူး။ ကိုယ်က ဂျုံးကုကို စိတ်ပေါ့ပါးသွားစေချင်တာ။ နေ့တိုင်း စိတ်ညစ်နေရတဲ့သူ့ကို ဝန်တစ်ခုလျော့သွားစေချင်တာလေ။ အခုကျ သူက နည်းနည်း...ဘယ်လိုပြောရမလဲ
ကိုယ့်ကို ဆက်ပြီး စိတ်ဆိုးနေသလိုပဲ၊ သူ့ဆန်းဘေးကို ကိုယ်မုန်းတယ်လို့ ပြောမိလို့ပဲလားတော့မသိဘူး။
အင်း..ဟုတ်မယ်ထင်ပါတယ်။#Dee...
ကိုယ်တစ်ယောက်ထဲ အတွေးများနေတုန်း အိတ်ကပ်ထဲက ဖုန်းဝင်လာတာကြောင့် ဂျုံးကုကိုငေးနေရာကနေ ဖုန်းကောက်ကိုင်ရပါတယ်။
"nae..omonyi"
တဖက်က ဂျုံးကုအမေက ကိုယ့်ကို ခရီးစဉ်အစအဆုံး အဆင်ပြေလား ဆိုတာက စလို့ စီကာပတ်ကုံး အကုန်မေးတယ်။ ကိုယ့်မှာ ဘယ်ကစပြီး ဘယ်လိုဖြေရမှန်းတောင်မသိတော့။
"hotel serviceကောင်းရဲ့လား သမီး? အမေ သေချာစုံစမ်းထားပြီးမှ bookingတော့ လုပ်ပေးထားတာပဲ သမီးလေး အဆင်မပြေတာရှိရင် အမေဘာလုပ်ပေးရအုန်းမလဲ? အစားအသောက်_"
"ဟိုလေ..omonyi! ကျမတို့ ခုမှ hotelကိုရောက်တာလေ ပြီးတော့ check in လဲမဝင်ရသေးဘူးရှင့် ဂျုံးကုနာမည်နဲ့ ဘိုကင်ယူထားတာမလို့ အဲ..ဂျုံးကုလာပြီ ဂျုံးကုနဲ့ပြောလိုက်ပါလား အမေ!"
အကျပ်ရိုက်နေတုန်း ကိုယ့်ဆီလျှောက်လာနေပြီဖြစ်တဲ့ ဂျုံးကုကြောင့် ကိုယ် ပြာယီးပြာယာ သူ့ဆီပြေးလို့ ဖုန်းကြီးကိုထိုးပေးပစ်လိုက်တယ်။ အမလေးး ကံကောင်းလို့!