29

3.5K 335 47
                                    

ဂျယ်ဂျူရဲ့ အနံ့က ဘူဆန်နဲ့ကွဲပြားတယ်။
ပိုလတ်ဆတ်ပြီး ပိုအေးမြတာမျိုး။ သစ်တောနဲ့ ပင်လယ်က ပနံ့သင့်စွာ၊ အချိုးကျလှပစွာ၊ လိုက်ဖက်ညီထွေစွာ ရောယှက်စပ်နွယ်နေတဲ့ ကျွန်းလှလှကလေး။ ဒါကြောင့်ပဲ အပန်းဖြေလုပ်ငန်းစုတွေက ဂျယ်ဂျူကိုပဲ မျက်စိကျပြီး အလုအယက် နေရာဉီးချင်နေကြတာ။ အခုတော့ ကိုယ်တို့ Jaden Jadeက အခွင့်အရေးကောင်းကောင်းဖမ်းဆုပ်ထားပြီးပြီဖြစ်သည်။

"နေ့လည် ၂နာရီအတိမှာ တွေ့ကြတာပေါ့
ဝန်ထမ်းစီစစ်ရွေးချယ်ရေး အစည်းအဝေးလည်း ပြင်ထားပေးပါ
ဟုတ်တယ် ရွာခံနဲ့ ကျွန်းပေါ်က ဒေသခံတွေကိုလည်း အခွင့်ရေးပေးဖို့ပေါ့"

ဂျယ်ဂျူမှာတည်းမယ့် hotelရောက်ရောက်ချင်းမှာပဲ luggageထဲက ပြင်ထားပြီးသားစာရင်းfileတွေအားလုံး လက်ဆွဲအိတ်ထဲပြောင်းနေရင်းနဲ့ ဖုန်းကိုလည်း မချနိုင်စွာ ကိုယ့်မှာ ကိုယ့်အာရုံနဲ့ကိုယ် အလုပ်များနေမိချိန်ဖြစ်သည်။

မနက်စောစောလေယာဉ်စီးလာခဲ့ကြပြီး ဂျုံးကုရဲ့ ပါတနာအမှုစစ်နှစ်ယောက်တည်းမယ့် ဟိုတယ်မှာပဲ ကိုယ်တို့အခန်းယူခဲ့ကြကာ နေ့လည်စာမစားခင် အမှီရောက်လာခဲ့သည်။
ရောက်ကတည်းက သန့်စင်ခန်းထဲဝင်သွားတဲ့ ဂျုံးကုထွက်မလာသေးခင် ကိုယ်လဲ scheduleတွေ ပြန်ညှိနေလိုက်သည်။ အတူလာတယ်ဆိုပေမယ့် အလုပ်ကတော့ တစ်ယောက်တစ်မျိုးပဲမို့ အချိန်တော့မတူနိုင်ဘူးထင်။

*ring*

ဖုန်းကိုချချပြီးချင်း ထပ်မြည်လာတဲ့ တုန်ခါမှုကြောင့် ကိုယ်ကောက်ကိုင်လိုက်ပေမယ့် ကိုယ့်ဖုန်းက မြည်နေခြင်းမဟုတ်ခဲ့။ ဘေးဘီကိုဝေ့ကြည့်မှ ဂျုံးကုရဲ့ ကုတ်အင်္ကျီထဲမြှဖစ်သည်။ သန့်စင်ခန်းထဲကနေ ဂျုံးကုက ထွက်မလာသေး။ မကိုင်သင့်ဘူးထင်တာမို့ ကိုယ် လုပ်ရမယ့်Listတွေပဲ ဆက်စစ်နေလိုက်တယ်။ သူ့အလုပ်ကိစ္စက သူ့privacyပဲလေ။

*Ring*

နှစ်ခါသုံးခါမြည်နေတော့လည်း ကိုယ့်အာရုံက ထိုဖုန်းဆီပဲ ပြန်ရောက်သည်။ ဂျုံးကုကလည်း ကြာမနေဘူးလား။

အိတ်ထောင်ထဲက အသာအယာထုတ်ကြည့်တော့ Engစာလုံးအတိုကောက်မို့ အရေးကြီးသလား မကြီးဘူးလား ကိုယ်လဲ နားမလည်။ နောက်တော့လည်း ဖုန်းကို ဒီအတိုင်းပဲထားခဲ့ပြီး သန့်စင်ခန်းဆီကိုသာ ထလာခဲ့လိုက်သည်။

Forget Me Not [ Completed ]Where stories live. Discover now