Part-1

1.9K 78 11
                                    

My Playboy -1

Part-1

လက်ခုပ်သံတွေနဲ့ ဆူညံနေအောင် အားပေး ခံရတဲ့အတွက် Typeအရမ်း စိတ်လှုပ်ရှား နေမိတယ်။ Moon and Star ရွေးပြိုင်ပွဲမှာ လက်ရှိ လူသိများနေတဲ့ Typeရဲ့ ရုပ်ရည် ပြည့်စုံမှုက သိသာထင်ရှားနေတာကြောင့် Moonအဖြစ် အရွေးခံရဖို့က 100%လောက်ကို သေချာနေပြီ..ဒါကြောင့် အားလုံးက Moon အဖြစ် မကြေညာခင်မှာပဲ Typeကို တခဲနက် အားပေး နေကြပါတယ်။ ခန့်ညားတဲ့အပြုံးနဲ့ စင်ပေါ်မှာ မတ်တပ်ရပ်ရင်း နှုတ်ဆက်စကားပြောနေတာကို စင်အောက်ကနေ မြင်တွေ့သူတိုင်းက....

"Wow...အရမ်းကို ချောတာပဲ သူMoon ဖြစ်လာမှာ ကျိန်းသေပဲ...!"
"Votingတွေအရရော ဒိုင်တွေကပါ သဘောကျ လောက်မယ့် ရုပ်ရည်မျိုးပဲ...သူ Moonဖြစ်လာမှာ သေချာတယ်!!"

"နေပါဦး...!သူသာ Moon ဖြစ်သွားရင် Moon catcherရဲ့ပစ်မှတ်ဖြစ်ပြီပေါ့!"

"ဟုတ်ပါရဲ့..! Moon catcher ရဲ့ သားကောင်ဖြစ် လာတော့မှာပဲ...!"

"နေပါဦး...Moon catcher ဆိုတာ ဘယ်သူလဲ?"
"မင်းက Fresherလေးလား?"

"ဟုတ်! ကျွန်တော်ကFresherပါ!"
"ဒါကြောင့်မသိတာကိုး...!ကျောင်းမှာ Moon catcher ဆိုတဲ့ သူတစ်ယောက်ရှိတယ်။ သူ လိုက်သမျှသူတိုင်းက Moonတွေချည်းပဲ။ အဲဒီ့ ရွေးချယ်ခံရတဲ့ Moonတွေကို အများဆုံး တစ်လပဲတွဲတတ်တဲ့ သူပေါ့!!! သူ့ကို ဘယ်သူမှ မငြင်းဆန်နိုင်ကြဘူးတဲ့ အားလုံးက နောက်ဆုံးတော့ သူ့သားကောင်အ‌နေနဲ့ အရှုံးပေးရတာပဲ!!ဒါကြောင့် ဒီနှစ်Moonလဲ ဘယ်တော့ Moon catcherရဲ့ လွှမ်းမိုးမှုကို ခံရမလဲဆိုတာ စောင့်ကြည့်နေရ‌တော့မှာပဲ..!"

"အဲဒီ့ Moon catcherဆိုတာ ဘယ်သူလဲ ဘယ်ဌာနကလဲ P'တို့!!!"

"သူ့နာမည်က....."

ရုတ်တရတ် လက်ခုပ်သံအကျယ်ကြီးနဲ့ အားပေးသံ တွေကြောင့် Moon catcherအကြောင်းကို ဆက်မေးချိန်မရလိုက်ပါ။ပွဲအစီအစဉ်ပြီးမြောက်သွားသလို Moonအဖြစ် ရွေးချယ်ခံရတဲ့ Typeကလဲ စလွယ်ကို လွှဲယူရင်း ဝင့်ကြွားစွာပြုံးနေပါတယ်။

🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈

စင်နောက်ဖက်ရဲ့ အနားယူခန်းဆီ သွားတဲ့လမ်းမှာတော့...

"Type!!!!မင်းတော့ ပြဿနာပဲ!!"
Type-- အရင်းမရှိအဖျားမရှိ ဘာတွေပြောနေတာလဲ Ai No!!
No-- ငါ စင်အောက်က တချို့ပြောနေသံကို ကြားခဲ့တယ်။ Moon catcherဆိုတဲ့ သူက နှစ်တိုင်းရဲ့ Moon တွေကို သူ့ရဲ့လွှမ်းမိုးမှုအောက်ကို ရောက်အောင်လုပ်ပြီး
ဆွဲဆောင်ဖြားယောင်းတတ်တယ်တဲ့! အခုမင်းက Moon ဖြစ်သွားတော့ သူ့ရဲ့ ပြစ်မှတ်ဖြစ်လာတော့မှာ!!

My PlayboyWhere stories live. Discover now