Part-4

679 50 10
                                    


Unicode font

No-- ဘယ်လိုလဲ Type... P'Tharnက Moon catcher တစ်ယောက်ဆိုတာ သေချာပြီလား...

Type မနက်စာစားနေရင်း No မေးသံကြောင့် ခေါင်းကို ဖြေးဖြေး ချင်း ခါလိုက်တယ်။

Type-- P'Tharnက ငါတို့ကြားဖူးတဲ့ သတင်းတွေလို ပွေရှုပ်ပြီး အသားယူတတ်တဲ့ Psycho တစ်ယောက် မဟုတ်ဘူးလို့ ငါထင်တယ်။ သူက Moon catcherဖြစ်နေတယ်ဆိုရင်တောင် ငါတို့ကြားဖူးတဲ့ သတင်းက အမှားကြီး မဖြစ်နိုင်ဘူးလား။

No-- Moon Contest နေ့ကပဲ မင်းကို စာတစ်စောင်နဲ့ပန်းစည်းပို့ခဲ့ပေမယ့် နောက်ထပ် မနှောက်ယှက်တော့ ငါလဲ ခန့်မှန်းရခက်မိတယ်။ မင်းတကယ်ပဲ P'Tharnကို ယုံလား...

Type ထမင်းပန်းကန်ကို ဇွန်းနဲ့မွှေရင်း

Type-- အင်း ... သူက ငါ့ကို အခွင့်အရေးလဲ မယူခဲ့ဖူးသလို... မနှောက်ယှက်ခဲ့တာလဲ အမှန်ပဲလေ... ငါ သက်သက်အထင်လွဲမိပြီး မချေ မငံဆက်ဆံမိခဲ့တာတောင် နောင်တရမိတယ်။

No-- သူက Moon catcherဆိုရင်တောင် မင်းကို မနှောက်ယှက် ဘူးဆိုတော့ စာနဲ့ပန်းစည်းက ဘာသဘောနဲ့ပို့ခဲ့တာတဲ့လဲ.. ငါထင်တာက... သူမဟုတ်ဘူးလားလို့... P'Tharnက Moon Contestပွဲတွေကို မလာတတ်ဘူးလို့ ကြားဖူးတယ်။

Type--ဘာကြောင့်လဲ..

No--ငါစုံစမ်းရ‌သလောက် P'Tharnက Moon အဖြစ် Training ခဲ့ပေမယ့် တကယ့်Contestပွဲကို ရောက်မလာခဲ့ဘူး ဆိုတဲ့ သတင်းက အမှန်ဆိုရင်... သူက နှစ်တိုင်းရဲ့ Contest ပွဲတွေကိုလဲ မလာတတ်ဘူးတဲ့.. ဘာကြောင့်လဲဆိုတာတော့ ဘယ်သူသိနိုင်မှာလဲ....

Type-- ဒါဆို စာနဲ့ ပန်းစည်းက ဘယ်သူပို့တာလဲ. ။
No--ငါထင်တာကတော့ သူ့ကို ချောက်တွန်းချင်တဲ့သူလား... ဒါမှမဟုတ် မင်းကို သတိပေးချင်တဲ့သူလား...

Type--သတိပေးတယ်...??

No-- သူနဲ့ မပတ်သက်မိစေဖို့ ကြို တပ်လန့်ထားတာမျိုးလေ... တယောက်ယောက်က မင်းကို P'Tharnနဲ့ မကြာခင် ဆုံမိတဲ့အခါ အထင်လွဲအောင် တမင် လုပ်ထားတာမျိုးရော ဖြစ်နိုင်တယ် မထင်ဘူးလား...

Type တစ်ယောက် No အပြောကြောင့် ခေါင်းစားသွားမိတယ်။ ရှုပ်ယှက်ခတ်နေတဲ့ Noရဲ့ ထင်မြင်ချက်ကြောင့် Type ပို စဉ်းစားရခက်သွားမိတယ်။

Yayımlanan bölümlerin sonuna geldiniz.

⏰ Son güncelleme: Oct 06, 2020 ⏰

Yeni bölümlerden haberdar olmak için bu hikayeyi Kütüphanenize ekleyin!

My PlayboyHikayelerin yaşadığı yer. Şimdi keşfedin