Fur Miracle-2

680 112 16
                                    

အခုဆို အဖေဆုံးသွားတာ တစ်နှစ်တိတိရှိခဲ့ပြီ။ကားလမ်းချော်တဲ့ မတော်တဆမှုမှာ အဖေဆုံးပါသွားခဲ့ပြီးတဲ့နောက်မှာတော့ ကျွန်တော့်တို့သားအမိအတွက် မြင့်မိုရ်တောင်ကြီးပြိုကျသလို ခံစားလိုက်ရတာပါပဲ..။ပြီးတော့ ကျွန်တော့်ဟာလည်း ပထမအကြိမ် heart attack ဖြစ်ခဲ့တယ်လေ...။

ဖြစ်ခဲ့သမျှအကြောင်းအရာတွေရဲ့ အကျိုးဆက်ကတော့ ကျွန်တော်တို့သားအမိနှစ်ယောက်ဟာ အစ်မရှိတဲ့မြို့ကြီးမှာ ပြောင်းနေလိုက်ရတာပဲဖြစ်ပါတယ်...။အကြောင်းပြချက်ကတော့ မိသားစုတွေစည်းစည်းလုံးလုံးရှိချင်လို့ဆိုတာနဲ့ ကျွန်တော့်ကျန်းမာရေးကို ပိုဂရုစိုက်နိုင်ဖို့တဲ့...။

ကျွန်တော်တို့အိမ်ပြောင်းသွားပေမယ့် အရင်အိမ်ကြီးကိုတော့ မရောင်းချခဲ့ပါဘူး...။အိမ်ထောင်မရှိတဲ့ အမေ့အစ်မအပျိုကြီးက နေပေးပါတယ်။ကျွန်တော်နဲ့အမေကတော့ မြို့ကြီးသူတစ်ပိုင်းဖြစ်နေပြီဖြစ်တဲ့ အခြားအဒေါ်တစ်ဦးရဲ့အကူအညီနဲ့ တိုက်ခန်းတစ်ခန်းငှားနေဖြစ်တယ်..။အဆောင်နေတဲ့ကျွန်တော့်အမလည်း အတူလာနေတာပေါ့...။

အခုဆို ကျွန်တော်က တက္ကသိုလ်တောင်တက်ရတော့မှာပါ..။တက္ကသိုလ်ဝင်တန်းကို ရိုးရိုးပဲအောင်မြင်ခဲ့တဲ့ကျွန်တော်က ရုက္ခဗေဒမေဂျာကိုတက်ရောက်ခဲ့ပါတယ်...။အပင်တွေကိုစိတ်ဝင်စားလို့လားဆိုတော့လည်း မဟုတ်ဘူး...။လူတွေထက် အပင်တွေနဲ့ရင်းနှီးရတာက ပိုကောင်းမယ်လို့ ခံစားမိတာကြောင့်ပါ...။

ထားပါတော့ဗျာ...။ကျွန်တော်ရဲ့ တက္ကသိုလ်ကျောင်းသားဘဝက ထွေထွေထူးထူးလည်းမရှိတာမို့ ပြောပြမနေတော့ပါဘူး...။ထွေထွေထူးထူးရှိတာကတော့ မြို့ပြကြီးနဲ့ကျွန်တော်ရဲ့အသားမကျခြင်းတွေပဲဖြစ်ပါတယ်...။

လူတွေရှုပ် ကားတွေရှုပ်တဲ့ မြို့ကြီးမှာ နေ့စဥ်ကျင်လည်ရတာက ကျွန်တော့်လိုလူတစ်ယောက်အတွက်တော့ အဆင်မပြေစေလှပါဘူး။နှလုံးအထူးကုကြီးနဲ့ လစဥ်၊အပတ်စဥ်တွေ့နေရတဲ့ ရက်ချိန်းတွေကြောင့်ကလွဲရင် ကျွန်တော့်အတွက် ဒီမြို့ကြီးမှာနေရတဲ့အကြောင်းပြချက်က မရှိဘူးလေ...။ဒီအတောအတွင်းမှာ ကျွန်တော်ဟာ ကျွန်တော့်မြို့လေးက အိမ်လေးနဲ့ တောတန်းလေးကိုပဲ လွမ်းနေခဲ့တာပေါ့...။အဲ့လိုတွေးမိတော့ တော်ဖီလေးကိုလည်း သတိရမိသားဗျာ...။

Fur Miracle [COMPLETED]Where stories live. Discover now