Fur Miracle -3 (Z)

72 14 0
                                    


နောက်ထပ်ညတွေမှာလည်း တော်ဖီကကျွန်တော့ဆီကို ရောက်လာတတ်တယ်ဗျ။ညတိုင်းလိုလို ကျွန်တော်တို့အတူတူအိပ်ဖြစ်တယ်။တော်ဖီရဲ့ ထူးခြားတဲ့အကျင့်က ကျွန်တော့်လက်ကို သူ့လက်သေးသေးလေးနဲ့ကိုင်ပြီး အိပ်တတ်တာပဲဖြစ်ပါတယ်...။တော်ဖီလေးကို နေ့တိုင်းတွေ့ရလွန်းတော့ ကြီးမေကတောင် သတိထားမိနေခဲ့ပြီ။တစ်ခါတစ်လေ အိမ်ကိုလာတာနောက်ကျနေခဲ့ရင် ကျွန်တော့်ကိုတောင် မေးနေတတ်သေးတယ်ဗျ။

'မင်းကြောင်လေး မလာသေးဘူးလား''ဒီနေ့လာတာနောက်ကျတယ်နော်'အစရှိသဖြင့်ပေါ့..။ကြီးမေဆီက ဒီလိုစကားတွေကြားရတော့ ကျွန်တော့်စိတ်ထဲမှာ ကြည်နူးမိတယ်။ကျွန်တော်ချစ်တဲ့သူကို ကျွန်တော်ချစ်တဲ့တခြားသူက ချစ်တယ်ဆိုတာခံစားမိတာကြောင့်ပါ။ကျွန်တော်ပြောတာ နည်းနည်းရှုပ်သွားမယ်ထင်တယ် ...။ထားလိုက်ပါတော့။

ညတိုင်းညတိုင်း ကျွန်တော်ဟာ တော်ဖီ့ကိုချောင်းကြည့်လေ့ရှိတယ်။ဟိုတစ်နေ့က အိပ်မက် ကို မယုံသင်္ကာဖြစ်မိတဲ့ ခံစားချက်နဲ့ပေါ့။ဒါပေမယ့် တော်ဖီဟာ ရွှေရောင်အမွှေးတွေနဲ့ ကြောင်လေးတစ်ကောင်ဖြစ်နေဆဲပါပဲ။ကျွန်တော်တစ်ယောက်ထဲ စိတ်ကူးအယဉ်လွန်သွားတာဖြစ်ပါလိမ့်မယ်.....။

ရာသီတွေက တစ်ပတ်လည်လို့ နောက်တစ်ကြိမ်ကျောင်းဖွင့်ရက်တွေဆီပြန်ရောက်လာခဲ့တယ်...။မြို့လေးနဲ့အတူ တော်ဖီကိုပါနှုတ်ဆက်ခဲ့ပြီး ကျွန်တော်ဟာ အမေရှိတဲ့မြို့ပြဆီကို ပြန်ရောက်လာခဲ့ရပြန်တယ်။ဒီတစ်ခါ ကျွန်တော်ဟာ နောက်ဆုံးနှစ်တက်ရမယ့် ကျောင်းသားကြီးဖြစ်လာပြီပေါ့ဗျာ...။

နောက်ဆုံးနှစ်ရောက်လာတဲ့အခါမှာ ကျွန်တော်ဟာ လုပ်ငန်းခွင်ဆိုတဲ့ကိစ္စကို ပိုတွေးမိလာတယ်။ကျောင်းပြီးတဲ့အခါ မြို့လေးမှာပြန်ပြီး အလုပ်လုပ်ဖို့က ကျွန်တော့်ရှေ့ရေးအတွက် အဆင်ပြေပါ့မလားဆိုတဲ့ကိစ္စကို အမေနဲ့အတူ ဆွေးနွေးဖြစ်လာပြီ။ကျွန်တော့် ဆန္ဒအရဆိုရင်တော့ နွေကျောင်းပိတ်ရက်တွေလိုပဲ မြို့လေးမှာပဲ အေးဆေးနေချင်မိတယ်။ဒါပေမယ့် အစ်မရဲ့လုပ်စာကိုပဲ မှီခိုနေလို့လဲမဖြစ်တာမို့ ကျွန်တော့်ရောဂါအတွက်လည်း အဆင်ပြေမယ့် ရုံးထိုင်ရတယ့်အလုပ်တစ်ခုတော့ ရှာမှဖြစ်ပါလိမ့်မယ်။

Fur Miracle [COMPLETED]Where stories live. Discover now