အပိုင်း၈

1.1K 207 14
                                    

ဟန်ကျင်းပေါင် သူ့နားထဲ ဆူညံနေတဲ့ အသံတွေကြောင့် နားထင်သွေးကြောတွေ ထောင်ထလာတဲ့အထိ ခေါင်းကိုက်လာခဲ့တယ်။ နီးလိုက်ဝေးလိုက်ဖြစ်နေတဲ့ အသံတွေနဲ့ တအီအီ ငိုသံတွေ၊ ညည်းသံတွေကိုပါ ကြားရလာတော့ စိတ်တွေ မတည်းမငြိမ်ဖြစ်လာတယ်။ နားနှစ်ဖက်ကို လက်တွေနဲ့ တင်းတင်းပိတ်ထားပေမယ့် အသံက သူ့စိတ်တွင်းကပဲ ကြားနေရသလို ပျောက်မသွားတဲ့အပြင် ပိုပြီးတော့ကို ဆူဝေလာတယ်။

" အား..."

သူ အော်ဟစ်မိရင်းနဲ့မှ သူ့ဘ၀ ဆုံးတော့မလားလို့ တွေးမိလာတယ်။ အကြည့်တွေက အခန်းတွင်းကို ကျီးကန့်တောင်းမှောက် ကြောက်လန့်တကြားကြည့်နေရာက နေရောင်ပျပျဝင်နေတဲ့ ပြတင်းပေါက်ဆီရောက်တယ်။

သူ အိပ်ယာပေါ်က ချက်ချင်း ထပြေးပြီး ပြတင်းပေါက်ကနေ ခုန်ထွက်လိုက်တယ်။ ကံကောင်းတာက သူက အမြင့်ထပ်မှာဟုတ်မနေတာပဲ။

အပြင်ကိုရောက်တာနဲ့ ကြားနေရတဲ့အသံတွေက နည်းနည်းတိုးသွားတယ်။ သို့ပေမယ့် သူ့ရှေ့ရောနောက်ရော သစ်ပင်တွေကိုပဲ မြင်ရတော့တယ်။ သူထွက်လာခဲ့တဲ့အိမ်က ဘယ်တုန်းကမှ မ၇ှိဖူးခဲ့သလိုမျိုး ဘယ်နေရာမှာမှ မတွေ့ရတော့ဘူး။ သူ့အရှေ့၊ သူ့အနောက်၊ သူ့ဘေးနဲ့ နေရာတိုင်းမှာ အ၇ွက်မရှိတဲ့ အပင်ကြီးတွေဖြစ်တယ်။

အပင်တွေက ဘယ်လောက်မြင့်သလဲဆိုရင် ကောင်းကင်ကိုတောင် သစ်ကိုင်းတွေကြားက မနည်းချောင်းကြည့်ရမယ့်ပုံရှိတယ်။ ဒါကြောင့် နေရောင်ကျမှုက နည်းတယ်။ အချိန်က နေ့ဖြစ်ပေမယ့် သစ်ပင်ကြားထဲက သူ့အတွက်ကတော့ ညနေစောင်းအချိန်လို့တောင် ထင်မိတယ်။

လေအေးတွေက သူ့ကို နောက်ကို ခြေတစ်လှမ်းဆုတ်ရတဲ့အထိ ဆောင့်တိုက်တယ်။ သူ ခြေတစ်လှမ်းပြီး တစ်လှမ်းဆုတ်နေရတယ်။ ဟိုဘက်ကလာတဲ့ ခြေသံလိုလို၊ ဒီဘက်က လာတဲ့ခြေသံလိုလို အသံတွေကို ကြားရတယ်။ သူလှည့်ကြည့်လိုက်ပြန်ရင် ဘာမှရှိမနေပြန်ဘူး။ ဒီအခြေအနေကိုရင်ဆိုင်ရမှ သူသိလာတာက ဒီသစ်ပင်ကြားထဲ ခြေချမိအောင် တစ်စုံတစ်ရာ စေခဲ့တာဖြစ်မယ်ဆိုတာပဲ။

" ဝေါင်း..... "

" အာဝူး....."

ကျားဟိန်းသံနဲ့ မြေခွေးအူသံကို ရှေ့ဆင့်နောက်ဆင့် ကြားလိုက်ရတော့ ဟန်ကျင်းပေါင် တုန်တက်သွားတယ်။

神奇的吻 (Magical Kiss)ARC Where stories live. Discover now