အပိုင်း ၁၅

515 101 13
                                    

တံခါးကို လက်နဲ့အသာထိလိုက်တာနဲ့ အသံတစ်စက် မထွက်ဘဲ ပွင့်သွားတော့တယ်။

ဟန်ကျင်းပေါင် လျှို့ကန်ကို ပြန်လှည့်ကြည့်လ်ုက်တော့ သူ့နှဖူးကို အသာငုံ့နမ်းတာကို ခံရတယ်။

“ ကိုယ် ဒီက စောင့်နေမယ်။ အဆင့်တက်ဖို့ ကျင့်ရသေးရင် အဲ့ဒါက မင်းအတွက် အန္တရာယ်များရင် လုံးဝမလုပ်နဲ့။ ချက်ချင်း ပြန်ထွက်ခဲ့။ ထွက်လို့မရင်လည်း ခါးစပ်က တောင်ပံတစ်ဖက်ကို အာရုံပြုပြီး ကိုယ့်နာမည်ခေါ်လိုက် ကိုယ်ချက်ချင်း ရောက်လာမယ်”

အရမ်းကို စိတ်ပူနေတဲ့လျှို့ကန်ကို ဟန်ကျင်းပေါင် ရယ်ပြလိုက်တယ်။
အာ အချစ်ခံရတာ ကောင်းလိုက်တာ…။

ဟန်အိမ်တော်ရဲ့လျှို့ဝှက်ခန်းက သွေးမျိုးဆက်မှ မစစ်ရင် ၀င်လို့မရနိုင်တာမို့ လျှို့ကန်ကို အပြင်မှာ ထားခဲ့၇တယ်။

တကယ်တော့ ဒီလျှို့ဝှက်ခန်းဆိုတာက ဟန်ကျင်းပေါင်အတွက်တော့ ကစားကွင်းလိုပါပဲ….. သူငယ်ငယ်ကတည်းက အချိန်တော်တော်များများ ဒီထဲမှာပဲ ကုန်ဆုံးခဲ့တာ။

ဒါပေမယ့် စိတ်ပူနေတဲ့ လျှို့ကန်ကိုတော့ ဒါတွေမပြောပြဖြစ်ဘူး။

သူ့အတွက် စိတ်ပူပေးမယ့်သူရှိတာဘယ်လောက်ကောင်းလိုက်လဲ....
ဒီလိုစိတ်ပူနေမှ သူ အနားမှာမရှိတဲ့အချိန် တစ်ချိန်လုံး သူ့အကြောင်းပဲ တွေးနေမှာ။

ဟန်ကျင်းပေါင် ခေါင်းငြိမ့်ပြလိုက်တော့ လက်တစ်ဖက်ကို ခပ်တင်းတင်း ဖိဆုပ်ပြီးမှ လွှတ်ပေးတယ်။

စွမ်းအားရှင်တစ်ယောက်ရဲ့ အနားမှာရှိနေသူက သာမန်လူသာဆိုရင် တစ်ဖက်သူက တွေးသမျှ၊ကြံသမျှကို စွမ်းအားရှင်က သိနေနိုင်တယ်။။ ယခုအခါမှာတော့ တစ်ဘက်က ဟန်ကျင်းပေါင်လို ကုသသူဖြစ်လို့ ရယ်မြူးရိပ်သန်းနေတဲ့ ဟန်ကျင်းပေါင့်မျက်လုံးလေးတွေကိုသာ လျှိုကန် သဘောကျစွာ ကြည့်၇တော့တယ်။

ဆိုးလိုက်တာ……

တံခါးတစ်ဖက်ရောက်တာနဲ့ မည်းမှောင်နေမှုက ဆီးကြိုတယ်။

အရင်အကြိမ်တွေနဲ့ မတူပါပဲ အခန်းထဲမှာ မြူတွေက ကြီးစိုးနေတယ်။

神奇的吻 (Magical Kiss)ARC Where stories live. Discover now