EX!!! (20)

16K 1.8K 133
                                    

Zawgyi

"ပြုစုပေးမဲ့ maid တွေရှိနေတဲ့
အိမ်ကြီးမှာတော့ သွားမနေဘူး
ဒီတိုက်ခန်းမှာမှလာနေရလား အရူးရဲ့"

လက်ထဲတွင်အထုတ်ကြီးအထုတ်ငယ်
ကိုင်ကာ  ​လှေကားပေါ်တက်နေရင်း
ပွစိပွစိနဲ့အဖိုးကြီးပေါက်စလို့
ဗြစ်တောက်ဗြစ်တောက်ပြောနေတဲ့
Kim Taehyung
ဒီနေ့မှ ဓာတ်လှေကားကပျက်နေရ
သည်လို့။

"ဟာ Taehyung ရာ မိန်းမကြီးကျနေ
တာပဲတရဆက်ကိုလွှတ်နေတာ"

"သြော်ဟော မင်းလုပ်တာအချိုးမှမပြေ
တာ ဆေးရုံကဆင်းလာတယ် နားနား
နေနေ နေပေါ့ ။ အိမ်ကြီးမှာလဲ အိမ်
တော်ထိန်းလဲရှိတယ် ပြုစုမဲ့လူတွေ
လဲရှိတယ်။ မင်းကိုက ဖင်ယားပြီး
တစ်ယောက်ထဲလာနေမယ်ဆိုပြီ
ပြောတာလေ"

"မင်းကငါ့မိန်းမလား ပွစိပွစိနဲ့
လင်မယားတွေမှာ ယောကျာ်း ကိုမိန်းမ
တွေက အဲ့လိုပွစိပွစိ အရမ်းပြောတာ"

"သေလေ ငါသာမိန်းကလေးဆို
မင်းလိုကြပ်မပြည့်ကိုမယူဘူး"

"ကဲပါ ကဲပါ တက်တော့ ဒီလိုနဲ့
ရောက်တော့မယ် ။ပေး ငါ ဝိုင်းသယ်
ပေးမယ်"

"တော်စမ်း အခုမှဆေးရုံကဆင်းလာ
တာ အနာထိမိလို့တစ်ခုခုဖြစ်ရင်
မင်းခန္ဓာကိုယ်ကြီးကိုမသယ်နိုင်ဘူး
တက်မယ်"

အထုတ်ကြီးအထုတ်ငယ်ကိုင်ကာ
ဖြေးဖြေးချင်တက်နေတဲ့ Taehyung

အရှေ့ကနေတက်သွားတာမို့
Jungkook နောက်ပိုင်းကိုကြည့်ရင်း
တစ်ယောက်ထဲရေရွတ်မိတာက

"ဘာလို့တနေ့တခြားကြီးကြီးလာရတာ
လဲ"

"ဟော ဟဲ ဟော ဟဲ "

13လွှာမှာမှ တိုက်ခန်းဝယ်ထားတဲ့
ကောင်ကိုထုရိုက်ချင်မိသည်။

အခန်းရှေ့ရောက်တော့ password ဖွင့်
ရန်အရှေ့တိုးလာတော့ ဘေးဖယ်ပြီး
ဘာရယ်မဟုတ် Password ကိုကြည့်
လိုက်တော့ 1230

ဒီဂဏန်းကိုမြင်ဖူးပါတယ်
ဘယ်နေရာမှာပါလိမ့်

"လာလေ မဝင်ဘူးလား"

Jungkookရဲ့ခေါ်သံကြောင့်
ဘာမှမတွေးတော့ဘဲ အိမ်ထဲဝင်လိုက်
သည်။

မဆိုးပါဘူး တိုက်ခန်းက သူ့နေရာနဲ့သူ
အဆင်ပြေသား။ အရမ်းကြီးလဲမကျယ်
ဝန်းအရမ်းကြီးလဲမကျဉ်း။ မြို့ထဲမှာ
ရှိတာဆိုတော့ မဆိုးပါဘူး။

EX!!!Tempat cerita menjadi hidup. Temukan sekarang