Chapter (13)

10.6K 659 13
                                    

[Unicode]

ညနေ အတန်းချိန်များပြီးသွားတော့ ကျောင်းသားများ ဘောလုံးကွင်းရှိရာသို့ သွားလျှက်။

"မင်းပိုင် ငါဒီနေ့စောစောပြန်လိုက်ရင်ကောင်းမယ် ငါခေါင်းမူးနေတယ်"

"ဟာ မင်းကို အကိုတွေ ဆူမှာပေါ့ ဟိုအကိုတွေအကြောင်းသိရဲ့သားနဲ့"

အာရုဏ် ခေါင်းမူးတာကိုအကြောင်းပြမိသော်လည်း မသွားချင်သွားချင်နဲ့ ဘောလုံးကွင်းရှိရာသို့ရောက်ခဲ့တော့သည်။ ရောက်တာနဲ့ မျက်လုံးများကအငြိမ်မနေဘဲ ခေတ်သစ်ကိုသာ ရှာဖွေနေမိသည်။ တွေ့လိုက်ရသော မြင်ကွင်းကြောင့် အာရုဏ် စိတ်တွေဒယိမ်းဒယိုင်ဖြစ်သွားရသည်။ ခေတ်သစ်နဲ့ လူကြီးချင်းသဘောတူထားသူကြယ်လေးက ခေတ်သစ် မျက်နှာကို တစ်ရှူးဆဖြင့်သုတ်ပေးနေလေသည်။
"ကိုယ့်ဘာသာသုတ်လိုက်ပါမယ် "

"ဟင့်အင်းကြယ်လေးလုပ်ပေးမှာ ငြိမ်ငြိမ်နေပါ ကိုကလဲ"

သူတို့ကို လှမ်းကြည့်နေသော မျက်ဝန်းတစ်စုံကြောင့် ခေတ်သစ် ရုတ်တရက် ကြယ်လေးကို တွန်းထုတ်လိုက်မိတော့သည်။

"အာ့...အဟင့်...ကို ဘာလို့ ကြယ်လေးကိုတွန်းလိုက်တာလဲ"

"မင်းကို ကိုယ်ပြောတယ်လေ ကိုယ့်ဘာသာလုပ်မယ်လို့ မင်းအခုပြန်လိုက်တော့"

"ကို ကြယ်လေးကို နှင်ထုတ်နေတာလားး"   ကြယ်လေးခေတ်သစ်ကို မျက်လုံးစောင်းကြည့်ကာ ငိုပြီးထွက်သွားတော့သည်။

"မင်းတို့ရောက်နေရင်လဲ လေ့ကျင့်ခန်းစလုပ်တော့လေ အဲ့မှာပဲရပ်မနေနဲ့"

ခေတ်သစ်စကားသံကြောင့်အာရုဏ်အသိစိတ်ဝင်ကာ မင်းပိုင်နဲ့အတူ ကျောင်းသားများလေ့ကျင့်ခန်းလုပ်သည့်နေရာသို့အသွားး။

"အာရုဏ် မင်းနေခဲ့အုံးး"

ခေတ်သစ်စကားကြောင့် အာရုဏ့် ခြေလှမ်းတွေ တုံ့ဆိုင်းသွားရသည်။

"အာရုဏ် ငါ‌သွားနှင့်ပြီနော် အာ့ဆို"

"အင်းပါ"

"အာရုဏ်...မင်းငါ့ကို မနက်ပိုင်းကအကြည့်လွှဲသွားတယ် ဘာလို့လဲ ငါ့မျက်နှာကို မကြည့်ချင်တော့တာလားး"

🖤Deep Love🖤[COMPLETED]Where stories live. Discover now