Ep-6

12.6K 1.4K 18
                                    

Zawgyi

ဝတ်ထားတဲ့ ကျောင်းဝတ်စုံကို သပ်ရပ်
အောင်ပြင်လိုက်တယ်။..ဒီနေ့က သူ့ဘဝအတွက်
အဆုံးအဖြတ်ပေးမယ့် စာမေးပွဲကြီးဖြေရမယ့်နေ့
မို့ စိတ်လှုပ်ရှားမိတယ်။

မနက်စာစားပြီး မားနဲ့ပါးကို နှုတ်ဆက်ကာ
ကျိုးချန်ကို ဝင်ခေါ်ပြီး နှစ်ယောက်သား
ကျောင်းကို တူတူထွက်လာခဲ့လိုက်တယ်။

ကျောင်းပေါက်ရောက်တော့
တစ်ယောက်သောသူများရှိမလားလို့
မျက်လုံးဝေ့ရှာမိသေးတာ အကျင့်တစ်ခုလို။

"အငယ်တန်းတွေက ငါတို့ပြီးမှ ဖြေရမယ်လေ..
သူလည်း စာကျက်နေရမှာပေါ့."

"ဘယ်သူကမေးနေလို့လဲ..."

"မသိပါဘူး တစ်ချို့တစ်ချို့တွေများ
သိချင်မလားလို့.."

"ကိုယ့်စာမေးပွဲကိုသာ အာရုံစိုက်ဖြေစမ်း ခွေးပု."

"ခွေးပုလို့ခေါ်ရင် ငါ အသည်းနာတယ်ကွ"

ဟန်လုပ်ပြီး ညည်းတွားနေတဲ့ ကျိုးချန်
ကြည့်ပြီး ခေါင်းကိုသာ ခပ်လေးလေးခါမိတယ်။
ဒင်းကို ယူမယ့်မိန်းကလေးကို သနားလိုက်တာ..။

ဝမ်ရိပေါ်ကရော ??
ဘယ်လိုမိန်းကလေးမျိုးက ပိုင်ဆိုင်မှာလဲ
သိချင်မိတယ်။တကယ်လို့များ စိတ်ကစားတတ်တဲ့
အရွယ်ကိုလွန်လို့ အရာရာကို လေးလေးနက်နက်
ဆုံးဖြတ်တတ်တဲ့အရွယ်ရောက်ရင်..သူက
ထိုကောင်လေးအတွက် အရေးပါတဲ့နေရာမှာ
မရှိတော့တာလဲ ဖြစ်ချင်ဖြစ်နေမှာ။
သက်ပြင်းပူပူတစ်ချက်ကို ဟူးခနဲ
မှုတ်ထုတ်ကာ အတွေးတွေကို
ဖယ်ဖျောက်ပစ်ရတယ်။

ဒီအချိန်လေးတော့ ခဏလောက်ခေါင်းထဲက..
  ထွက်ပေးပါလား...ကောင်ငယ်လေးရယ်...

........

ရှောင်းကျန့်စာမေးပွဲဖြေနေတဲ့အချိန်မှ စ၍
ပြီးတဲ့ အထိ ဝမ်ရိပေါ်ကိုမတွေ့။
စာမေးပွဲဖြေပြီးတဲ့ အထိမ်းအမှတ်အနေနှင့်
အတန်းထဲက သူငယ်ချင်းတွေပေါင်းပြီး ဒီနေ့
ကာရာအိုကေသွားဆိုဖို့ စီစဉ်ထားကြတယ်။
လိုက်မည့်အစီအစဉ်မရှိသော်လည်း ကျိုးချန်က
အတင်းဆွဲခေါ်ကာ မလိုက်ရင်နောင်တရလိမ့်မယ်
လို့ သူ့ကို ခြိမ်းခြောက်ပြီး အတင်းခေါ်လာခဲ့တာ။.

𝐴𝑑𝑜𝑟𝑎𝑡𝑖𝑜𝑛 𝑌𝑜𝑢 [ 𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑 ] Kde žijí příběhy. Začni objevovat