Ep-25

11.9K 1.1K 28
                                    

Zawgyi

ရှောင်းကျန့် ပခုံးပေါ်ကိုမှီပြီး
ငြိမ်နေပြန်တဲ့ ခေါင်းလုံးလေးရဲ့
မျက်နှာလေးကို တရွှတ်ရွှတ်
လိုက်နမ်းနေမိတယ်။

"ကျွန်တော်က စိတ်ပျက်ဖို့မကောင်းဘူးလား.."

"ဟင့်အင်း..ချစ်ဖို့ကောင်းတာ."

"အီးး..ဒီမှာစကားအကောင်းပြောနေတယ်လေ.."

ရှုံ့မဲ့နေတဲ့မျက်နှာလေးကို နမ်းရင်း
ပါးပြင်လေးကိုပါ ဆွဲငုံထားမိပါတယ်။
ငုံထားမတတ်ချစ်နေမိတော့လည်း
မတတ်နိုင်ဘူး။

"အီးး..စိတ်ညစ်လာပြီနော်.."

ကြမ်းပြင်ပေါ်ကို ပြူးပြူးပြဲပြဲ
လိုက်ရှာဟန်ပြုတော့ ခေါင်းလုံးလေးက
မျက်လုံးလေးတွေဝေ့ပြီး
ကူရှာပေးနေဟန်..။

"ဘာရှာနေတာလဲ.."

"သူများတွေပြောတဲ့ Coolguyကြီးကို
လိုက်ရှာနေတာ..မျက်နှာသေကြီးနဲ့လေ..ဟား.ဟား."

မျက်မှောင်ကျုံ့ပြီး စဉ်းစားနေတဲ့ကောင်ငယ်လေးက
ခဏကြာတော့ တစ်ခုခုကိုသတိထားမိသည်ထင်ပါရဲ့..
နောက်ကျောကိုအားနဲ့ထုချလိုက်သည်မှာ
အောင့်တက်သွားတဲ့အထိ..
တကယ်ကို လက်သံပြောင်ပါတယ်ဆို..

သူ့မျက်နှာကိုလက်ညိုးထိုးပြီး ရယ်နေတဲ့
ကောင်လေးက ငြိမ်သွားတဲ့ ရှောင်းကျန့်အနားကို
ကပ်လာတယ်။ဖြူဥဥပါးပြင်လေးကို လက်နှစ်ဖက်နှင့်
အုပ်ကိုင်ထားရင်း မျက်ဝန်းညိုတွေကို အကြည့်ချင်း
ဆုံစေပြီး နဖူးချင်းထိထားမိတယ်။

"ကိုယ်တကယ်ခံစားရခဲ့တယ်..နာကျင်ခဲ့တယ်..
ဒါပေမယ့် မင်းကိုမေ့ပစ်ဖို့မကြိုးစားဖူးဘူး..
ရူးရူးမိုက်မိုက်သိမ်းပိုက်ဖို့ တွေးနေခဲ့တဲ့နေ့တွေလည်း
ရှိသလို..လက်လွှတ်ပေးလိုက်ရမလားဆိုပြီး
တွေးနေခဲ့တဲ့ နေ့တွေလည်းရှိတယ်..
သိပ်ချစ်တယ် ဝမ်ရိပေါ်..ဒီတစ်ခါမင်းထပ်ပြီးထား
သွားရင် ကိုယ်ရူးသွားလိမ့်မယ်.."

"ကျွန်တော်အချစ်ကို ချစ်တာက
အချစ်ထင်ထားတာထက် ပိုပါတယ်.."

ပတ်ဝန်းကျင်ကိုမေ့ထားပြီး အကြည့်ချင်းဆုံရင်း
ပြုံးမိကြတယ်။

𝐴𝑑𝑜𝑟𝑎𝑡𝑖𝑜𝑛 𝑌𝑜𝑢 [ 𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑 ] Where stories live. Discover now