♥14

484 20 0
                                    


Zawgyi

မိုးပြာလွင် တစ်နေကုန် မတော်ရသေးတဲ့ မတ်လေးကို ကူညီပေးရင်း ရုံးပြင်မှာသာ အချိန်ကုန်ခဲ့သည်။

အိပ်ယာထက်တွင် ပက်လက်လှန်ပြီး မျက်လုံးအစုံကို ညင်သာစွာ မှိတ်ထားမိသည်။

နေ့လည်က ရှင်းခန့်ကိုရဲ့ သတိပေးဟန်ပါသော စကားကို ပြန်စဉ်းစားနေမိသည်။

"ငါ့အစ်ကို ကို ချစ်နေတာ မဟုတ်ပဲ ကြိုက်နေတာ ဖြစ်မှာ စိုးတာ''

.......ဘာအဓိပ္ပါယ်ကြီးလဲ...မတူဘူးလား....ချစ်တာနဲ့..ကြိုက်တာက....ဟူး.....ငါတကယ် ဘာမှ နားမလည်သေးပါလား....

Duu~~Duu

ခုတင်ဘေးက စားပွဲပေါ်ကို မမှီတမှီ လှမ်းယူပြီး ကြည့်လိုက်တော့

'A Phoo Gyi'

တစ်နေ့လည်လုံး စိတ်ဆိုးထားတာ သူမဟုတ်တဲ့ အတိုင်း ချက်ချင်းပင်ကောက်ကိုင်လိုက်သည်။

"Hell......llo'

အသံရှည်ဆွဲပြီး ရယ်သံလေးစွတ်ပြောလိုက်သည်။

"ကလေး....တစ်နေကုန် ဘယ်တွေရောက်နေတာလဲ...အခုကော..ဘယ်မှာလဲ''

"အိမ်မှာလေ...ဘယ်အချိန်တောင် ရှိနေပြီလဲ''

'အိမ်မှာ'ဆိုသော အဖြေကြောင့် ဟိန်းသစ်လွင် စိတ်အေးသွားသော်လည်း 'ဘယ်အချိန်တောင်ရှိနေပြီလဲ' ဟူသော အမေးက တစ်နေကုန် စိတ်ပူနေခဲ့ရသော လူတစ်ယောက်ကို ဒေါသထွက်စေဖို့ လုံလောက်သည်။

"ဘယ်အချိန်မ မရှိတော့လို့ မေးနေတာပေါ့...ဘာလို့ ကို့ကို ဖုန်းလေး တစ်ချက်တောင် မဆက်သွယ်တာလဲ ကိုဘယ်လောက်တောင် စိတ်ပူနေရလဲ....အိမ်ရောက်တာကိုကော ဘာလို့ ဖုန်းမဆက်တာလဲ....ကို....ကို...ကလေးကို အရမ်းစိတ်ပူနေတာ...ကိုခုချိန်ထိတောင် မပြန်ရသေးဘူး ကလေးကို.....ကို..... ကိုစောင့်နေတာ....''

ပြောရင်း ပြောရင်း တိမ်ဝင်သွားသော အသံကြောင့် မိုးပြာလွင် စိတ်ပူသွားတာ အမှန်ပါ။တကယ်တမ်း ပြောလိုက်တဲ့ စကားက

"ဘယ်သူက သိမှာလဲ အဲ့ဒီလောက် စိတ်ပူနေမယ်လို့.... ပြီးတော့ ဘာလို့ အော်နေတာလဲ....ရှင်းခန့်ကို ကို ကူညီပေးရင်းနဲ့ ရုံးဆင်းချိန်ရောက်လို့ အိမ်ကို တန်းပြန်လာတာ ဘာမှားလို့လဲ......ဘယ်သူက ရည်ရွယ်ချက်ရှိရှိ လုပ်နေတာမှ  မဟုတ်တာ...''

All I Love U✔✔✔Onde histórias criam vida. Descubra agora