♥15

478 20 0
                                    

Zawgyi

နားထဲမှာ တံခါးခေါက်သံလိုလို တူထုသံလိုလိုကြား၍ မိုးပြာလွင် တံခါးဆီ ကြည့်လိုက်တော့ အရမ်းကိုငြိမ်နေသည်။

ဘယ်ကမှန်းမသိတဲ့ အသံကြောင့် အလိုလို ကြောက်စိတ်ဝင်လာပြီး ယောင်ယောင်ကန်းကန်းဖြင့် ဖုန်းဖွင့်ကြည့်လိုက်မိသည်။

3:04 am

"အီး....ဟီးဟီး စောစောစီးစီး သရဲခြောက်ခံရတာလား''

သရဲခြောက်ခံရတယ် အမှတ်နဲ့ မှိတ်ထားတဲ့ မျက်လုံးအစုံကို အတင်းဖွင့်ပြီး အာရုံလွဲအောင်ဆိုပြီး gameဆော့ဖို့ phone lockကိုဖွင့်လိုက်သည်။

အစကသတိမထားမိပေမယ့် phone barမှာ ပေါ်နေတဲ့ phone logoကိုတွေ့တော့မှ ကိုယ့်နဖူးကို ရိုက်မိတော့သည်။
သေချာကပ်ပြီး နားထောင်ကြည့်လိုက်တော့
ခုနက ကြားနေရတဲ့ အသံ။

"ဒုတ်...ဒုတ်.....ဒုတ်........''

call ended မဖြစ်သးတဲ့ ဖုန်းကိုကြည့်ပြီး

"ဟွန့် ပိုတာလား roတာလား....တကယ်ပါပဲ လူကို မချစ်ပဲ မနေနိုင်အောင်လုပ်နေတာ''

.....boss မပြန်သေးတာများလား.....

ပြတင်းပေါက်ကနေ ထွက်ကြည့်လိုက်တော့
ထင်သည့်အတိုင်း ကားလေးတစ်စီးက ငြိမ်သက်စွာ ရပ်နေတုန်း။

စိတ်ထဲမှာလည်း ကြည်းလည်းကြည်းနူး ဒေါသလည်းထွက်မိသည်။

..အဲ့တာတွေ မကြိုက်တာ...ဒီလောက်ရာသီဥတုကို သူ့ချစ်သူ ငါများမှတ်နေလား မသိဘူး....

....ဟူး.....အရင်တစ်ခါလို စောင်သွားပေးရဦးမယ်.....

"ဗုဒ္ဓေါ..... စောင်ဆိုမှ.....အရင်က စောင်တောင် ပြန်မယူရသေးဘူး....ဒီတစ်ခေါက်ပါ အဲ့လို ဖြစ်ရင် မမက သံသယ ဝင်တော့မှာပဲ....''

မိုးပြာလွင်လည်း အရင်တစ်ခေါက် စောင်ကိစ္စနဲ့ ပတ်သက်ပြီး သတိရရင် ရသလို ပွမ်နေတဲ့ အစ်မကြောင့် စောင်မယူတော့ပဲ ကြံရာမရတဲ့အဆုံး မိမိ၏ long coatကြီးကိုသာ မပြီး ထွက်လာခဲ့သည်။

ကားနားရောက်တော့ မှန်တံခါးကို တတောက်တောက် ခေါက်လျက် ပါးစပ်ကလည်း

"ကို့....ကိုကို့.....ကိုရေ.....ကို့!!!!!!!!!!''

"ဟမ်..ဟမ်....ဪ ကလေးကိုး''

All I Love U✔✔✔Donde viven las historias. Descúbrelo ahora