ပထမဦးဆုံး Psychopompအကြောင်းလေးပြောပြချင်ပါတယ် psychopompဆိုတာက ဝိညာဉ်တွေကိုလမ်းပြပေးတဲ့ သူ...
Greek ဘာသာကနေ ဆင်းသက်လာတာပါ..
သူကလဲ သေဆုံးပြီးသားလူတစ်ဦးပါပဲ....
မေ့မျောနေတဲ့ ဝိညာဉ်တေကို သူတို့ခန္ဓာကိုယ်ရှိတဲ့
နေရာကို ပြန်ပြီး လမ်းပြပေးရပါတယ်
သေဆုံးပြီး လမ်းပျောက်နေတဲ့ ဝိညာဉ်တေကိုတော့
Hades(ယမမင်း)ဆီကို လမ်းညွှန်ပေးရတာပေါ့...
တနည်းဆိုရင် guide of souls လို့ပြောလို့ရပါတယ်.....{ဒီအထိက ကျနော် လေ့လာမိသလောက်ပါ...
အမှားပါခဲ့ပါကလဲ သီးခံပေးကြပါနော်....
ကိုယ်လဲ တတ်စွမ်းသလောက်ရှာကြည့်တာပါ...
မှားနိုင်ပါတယ်...ခွင့်လွှတ်ပေးကြပါနော်......
.
ဒီအောက်ပိုင်းကတော့ ဒီfic မှာပါမဲ့.psychopompအကြောင်းကို.
စိတ်ကူးယဉ် ဖြည့်စွက်ထားတာပါ....
အမှန်မဟုတ်ပါဘူးနော်....}
.
.
Psychopompတွေက သူတို့ကို မြင်စေချင်တဲ့ အခါကြရင် လူတွေက မြင်ရပါတယ်
သူတို့ကို ဝိညာဉ်တေက ရိုသေကြရပါတယ်..
သူတို့က ဝိညာဉ်တေထက်ရာထူးမြင့်ပါတယ်...
Psychopompတွေက သူတို့ရဲ့ဝဲဘက်ရင်အုံထဲမှာ
Holy spirit လို့ခေါ်တဲ့ သန့်စင်တဲ့ ဝိညာဉ်.
ခရမ်းရောင် diamond ပုံစံလေးရှိတယ်.
အဲ့ဒါက လူတွေရဲ့ နှလုံးသားလိုပဲ သူတို့အတွက် မရှိမဖြစ်အရာလေး...
Holy spirit လေးကို တခြားသူကိုလွှဲပြောင်းပေးလို့ရပါတယ်.
ဒါပေမဲ့ သူတို့က holy spirit လွှဲပေးထားတဲ့သူနဲ့
တာဝန်ချိန်မှ အပ အနီးဆုံးမှာရှိနေပေးရပါတယ်...
အနဲဆုံး တနေ့ကို နာရီပေါင်းငါးနာရီလောက်တော့
အတူတူရှိပေးရလိမ့်မယ်...
Holy spiritနဲ့ ဝေးကွာသွားခဲ့မယ် ဆိုရင်တော့...
သူတို့ ဘဝပြောင်းသွားနိုင်သလို့.....
တခြားသော ဝိညာဉ်ဆိုးတွေက တိုက်ခိုက်လာနိုင်ပါတယ်....
Psychopompတေက သူတို့လူဘဝမှာ သေဆုံးတဲ့အရွယ်အတိုင်းပဲ ရှိနေမှာပါ..
၅နှစ်အရွယ်မှာသေဆုံးခဲ့ရင်တော့..၅နှစ်အရွယ်
Psychopompလေးပေါ့....သူတို့ရဲ့ သက်တမ်းက
နှစ်ပေါင်း၅၀၀ ပါ..နှစ်၅၀၀ ပြည့်သွားပြီးရင်တော့...
ဘဝအသစ်နဲ့ လူပြန်ဝင်စားပါတယ်...
သက်တမ်းအပြည့်ခင်အတွင်း..psychopomp
ဘဝက ကျွတ်လွတ်ချင်တယ်ဆိုရင်တော့...
Hadesဆီမှာ ၁၀နှစ် ကျွန်ခံရပါတယ်...၁၀နှစ်ဆိုတဲ့
အတိုင်းအတာက သာမန်လူတေအတွက်..မသိမသာသာကုန်လွန်သွားပေမဲ့ သူတို့အဖို့ကတော့ နှစ် တထောင်လောက် ကြာတယ်လို့ ထင်ရလောက်အောင် ခက်ခဲ ကြမ်းတမ်းပါတယ်.... ဒီလို ကျွတ်လွတ်ဖို့ကြိုးစားခဲ့သူ
သမိုင်းတလျှောက်မှာ Tonar lord ဆိုတဲ့ psychopompတယောက်သာ ရှိခဲ့ဖူးပါတယ်...
.
ဒီfic လေးမှာတော့ ကြိုးစားခဲ့တဲ့သူ တယောက်အပြင်
ဘယ်သူကရော ထပ်ကြိုးစားအုံးမှာလဲ?????
.
သရဲတေကို မြင်တွေ့နေလို့ ခက်ခဲနေတဲ့ ကောင်လေးရဲ့.
အခက်အခဲတေကရော ဘယ်လို ပြေလည်သွားမလဲ???
.
ဖတ်ပေးကြနော် စိတ်ဝင်စားကြမယ်လို့ ထင်ပါတယ်..
YOU ARE READING
Psychopomb(Completed)
Spiritual♥ငယ်ငယ်ထဲက ဝိညာဉ်တေကို မြင်နေလို့ စိတ်ညစ်နေတဲ့ ကောင်ငယ်လေး ကို အကူအညီပေးမဲ့ တစ်စုံတစ်ယောက်......သူက.....Psychopomp♥