Call me villin

3.8K 140 1
                                    

Call me Villin
အပိုင်း ( ၁ )

အိပ်ပျော်နေလိုက်တာ ဘယ်တော့မှပြန်နိုးမလာတော့မယ့်အတိုင်းပင်။ တစ်ကယ်လည်း ဘယ်တော့မှပြန်နိုးမလာတော့ဘူးလေ။ အခု မင်းကို ထာဝရပိုင်ရပြီ။ မင်းရဲ့ သိပ်လှတဲ့ မျက်လုံးလေးတွေ နောက်ထပ် ဘယ်သူမှ မမြင်ရတော့ဘူး။ နှုတ်ခမ်းပြည့်ပြည့်ဖောင်းဖောင်းလေးတွေက်ိုလဲ ဘယ်သူမှ နမ်းရှိုက်ခွင့်မရှိတော့ဘူး။ မင်းရဲ့ ရယ်သံတွေထပ်မကြားရတော့တာ စိတ်မကောင်းပေမယ့် ကိုယ့်နှလုံးသားထဲမှာ အမြဲသ်ိမ်းထားနိုင်သေးတာပဲ။

ကိုယ် မင်းကို သန့်ရှင်းအောင်အရင်လုပ်ပေးရမယ်။ ကိုယ်ခုဏက ဒေါသထွက်သွားမိတယ်ထင်တယ်။ က်ိုယ်တောင်းပန်ပါတယ် ဒါပေမယ့် မင်းအခု အဆင်ပြေသွားပြီမှလား။ ခဏလေးနော် ကိုယ်မီးသွားဖွင့်လိုက်ဦးမယ်။  ဘာလဲ...မဖွင့်ရဘူးလား။ အာ ဟုတ်သားပဲ မင်းက မီးဖွင့်ထားရင် မအိပ်တတ်တာ ကိုယ်မေ့သွားတယ်။ မီးမဖွင့်ရင် အမှောင်ထဲမှာ  သန့်ရှင်းရေး ဘယ်လိုလုပ်ရမလဲ။ ကိုယ့်ကြောင့် မင်းကိုယ်ပေါ်မှာ သွေးတွေပေနေပြီ။ ဒါတွေကို အရင်ရေနဲ့ဆေးရမယ်လေ။ ကဲ...လာပါကွာ နောက်မှဆက်အိပ်နော်။

အာ...လေးလိုက်တာ။ မင်းက်ို ခဏခဏကျောပိုးဖူးပါတယ် ခုလောက်မလေးဘူးလားလို့။ မင်းကို ကျောပိုးတာ သဘောကျတယ်မှလား။ မင်း မူးလာတိုင်း ဒီလိုပဲကျောပိုးပြီး အိပ်ယာထိပို့ပေးရတယ်။
ကြည့်ပါဦး မင်းကိုယ်က သွေးတွေကြောင့် ရေချိုးကန်တစ်ခုလုံး နီရဲနေပြီ။ မင်းလဲ သန့်ရှင်းသွားပြီ။ အဝတ်စားလည်းမယ် ပြီးရင် ကိုယ်ချော့သ်ိပ်မယ် ဒိတစ်ခါတော့ ကောင်းကောင်းအိပ်လို့ရပါပြီ။

'ဒေါက် ...ဒေါက်'

ဒီအချိန်ကြီး ဘယ်သူလဲ။ ဆောင်ခြုံပြီး ခဏလေးလှဲနေနော် ချစ်လေး။ ကိုယ် သွားကြည့်လ်ိုက်ဦးမယ်။

' ဘယ်သူလဲ'

' နွေဦး ။ တို့ပါ ကဗျာချိုရဲ့ သူငယ်ချင်းလေ'

' ဘာကိစ္စလဲ'

' ကဗျာပျောက်နေတယ်။ အခန်းကို ပြန်မလာတာ နှစ်ရက်ရှိပြီ။ ဖုန်းဆက်လို့လည်း မရဘူး။ နွေဦးစီလာသေးလားဟင်'

Call Me VillinWhere stories live. Discover now