အဲ့ကောင်လေးကားပေါ်မှာလည်းတစက်လေးမှအငြိမ်မနေ ကျွန်တော့ကို စကားပြောလိုက် ရှေ့က Driver ကိုပြောလိုက်နဲံ အခုတော့ မောသွားလို့လား ရေချိနိကိုက်သွားလို့လားမသိ ကျွန်တော့ ပခုံးကိုခေါင်းအုံးသဖွယ်အသုံးချကာ အိပ်တော်မူနေလေရဲ့ ကောင်းပေါ့
ကျွန်တော် သိသွားတာတခုက တော့
Oh sehun မူးရင် စကားအလွန်များခြင်းပင်ဖြစ်တယိ နောင်ဆင်ခြင်မှ သူကို အရက်တိုက်ဖို စဉ်းစားရတော့မယ်
seoul မြိုရဲ့ညဘက် အလှတရားက မြင်ရသူတိုင်းကိုရင်သပ်ရှုမောဖွယ်ကောင်းနေစေတယ် အဲ့ထဲမှာ ကျွန်တော် luhanလည်း တစိတ်တဒေသပါဝင်နေတယိ အခုလို့ တရွေရွေ့ပြေးနေတဲ့ ကားပေါ်ကနေ ညဘက် လေညုင်းလေးကို အပြည့်အဝခံစားလိုက်တယိ သင်းပျံမွှေ့ပျံတဲ့ရနံ လေးတွေက အေးမြတဲ့လေးညုင်းလေး မှာတချက်ချက် ကပ်ငြိပါလာသယောင်
"ကလေး ရောက်ပြီဘယ်နားရပ်ပေးရမတုန်း"
ကြားလိုက်တဲ့စကားကြောင့် luhan မျက်လုံးလေးတွေဖွငိ့လိုက်ကာ ဟိုဒီတချက်ဝေ့ကြည့်လိုက်တယိ
Oh sehun နဲ့သူနဲ့ ကိုလူမမိဖို့အရေး နေရာရှာရပြီ
မှောင်တဲ့ျေရာကိုရွေးရပ်ခိုင်းမှအဆင်ပြေမယ်
"ဟိုနားလေးမှာ ရပ်ပေးပါနော်"
အဆောင်အနောက်ဖက် နားကိုရွေးကာရပ်ခိုင်းလိုက်ပြီ
ထုံးစံအတိုင်းကားပေါ်ကမနိုင်တနိုင်ဆွဲထုတ်ပြီး
"Ya oh sehun sehun"
"အငိး "
"sehun သတိထားဦး ငါတို့ကိုမိသွားလို့မဖြစ်ဘူးနော်"
"အငိး"
တအင်းထည်းအင်းနေတယ် မျက်လုံးကတော့ မဖွင့် ဒီအတိုင်းဆိုမဖြစ်
"sehun ah sehun sehun"
Sehun ပါးလေးကိုနှစ်ချက်သုံးချက်ဆင့်ကာ ခပ်ပြင်းပြင်းလေးပုတ်လိုက်လိုက်တော့မှ မောင်မင်းကြီးသားက မျက်လုံးပွင့်တော့တယ်