အပိုင်း -- ၁၁

15.1K 1.1K 37
                                    

Unicode

နှလုံးသားကိုနာကျင်စေတဲ့သူဆိုပေမယ့်
နာကျင်မှုတွေထပ်ပေးဖို့ရာ
ပြန်လာစေချင်တယ်........

===========================

ကိုယ့်ကိုတင်းကြပ်စွာဖက်အိပ်နေသောကလေးမလေးကြောင့် မြတ်ယွန်းပြုံးမိသည်။
မဖြစ်သေးပါဘူး။ တော်ကြာသူမလေးကျောင်းနောက်ကျနေလိမ့်မယ် ။
သူမအားနှိုးရန် မျက်လုံးဖွင့်လိုက်မိသည်နှင့်ခေတ္တမျှမေ့ဖျောက်ထားမိသည့် လက်တွေ့အခြေနေကတခြားစီ။ သူမအိပ်နေသောကုတင်ပေါ်မှာ ခေါင်းအုံးအလွတ်တစ်လုံးကလွဲပြီးဘာမှမရှိ။ မျှော်လင့်ခဲ့မိသော သူမလေးလည်းရှိမနေခဲ့ပါ။ လက်ထဲမှာတင်းကြပ်စွာဆုပ်ကိုင်ထားသည့်အရာလေးအား ကြည့်မိတော့ ဓာတ်ပုံလေး ။

ငါအကြာကြီးအိပ်လိုက်မိပေမဲ့ သူပြန်မလာခဲ့ဘူးပဲ.......။

မြတ်ယွန်းပြန်အိပ်လျင်ကောင်းမလားစဉ်းစားမိသည်။ အိမ်မက်ထဲမှာတော့တွေ့ခွင့်ရှိသေးသည်ထင်၏ ။
သို့ပေမယ့်လည်း နာကျင်မှုကိုဆက်ကာ လက်မခံချင်သောနှလုံးသားကြောင့် ဦးနှောက်ကိုပင်ဆုံးဖြတ်ခိုင်းကာ သူမကျောင်းသွားရန်အတွက် ပြင်ရပေလိမ့်မည်။
ရေချိုးခန်းထဲဝင်လိုက်သည်နှင့် ရင်ထဲနင့်စွာဝဲတက်လာသောမျက်ရည်များ ။

ဟင့်အင်း.....ဘာမှမဖြစ်ဘူးမြတ်ယွန်းလင်းငယ်။

"မမသွားတိုက်ဆေးထည့်ထားပြီးပြီနော်။ ဦးအချိန်ဇယားထည့်လိုက်တော့မယ်"

"ဟင်........"

ကြားလိုက်မိသောအသံစာစာလေးကြောင့် ရေချိုးခန်းအပြင်ဘက်ပြေးထွက်ကာရှာမိပေမယ့် သိလိုက်ရတဲ့အဖြေက သူမစိတ်ထင်နေတာကြောင့်သာ ။
တစ်ဖန်ရေချိုးခန်းထဲပြန်ဝင်ကာ ပြိုလဲပြနေသောကိုယ့်ကိုကိုယ် မှန်ထဲကြည့်လိုက်ပြီး

"ဘာမှမဖြစ်ဘူး ဒါကအမှန်တရားပဲ။ နင်ရအောင်ကျော်ဖြတ်နိုင်ရမယ် မြတ်ယွန်းလင်းငယ် "

မျက်ဝန်းတို့မှိတ်လိုက်မိခြင်းနှင့်အတူ ကျဆင်းလာသောမျက်ရည်များ

"ဟင့်အင်း အဆင်မပြေဘူး။အရင်လိုကျောင်းသွားဖို့လာခေါ်မဲ့နင်မရှိလို့ ငါအဆင်မပြေဘူးသော်ဝတီဦးရယ် "

နှလုံးသားမှာ  ဆူးWhere stories live. Discover now