အပိုင်း -- ၄၄

12.8K 881 154
                                    

Unicode

"ကိုယ်ရောက်နေပြီနော် လင်းငယ်....ထွက်လာပြီလား "

"ရောက်တော့မယ်ဉာဏ်ပြည့်လျှံ "

"အင်းအင်း ကိုယ်စောင့်နိုင်တယ်...ဖြည်းဖြည်းလာခဲ့ "

ထိုစကားအဆုံးတွင်တော့ တီ...ဟူသော သံရှည်မြည်သံလေးမှလွဲ၍ လေလှိုင်းလေးဟာတိတ်ဆိတ်သွားခဲ့ရသည်။
ကော်ဖီဆိုင်လေး၏ ကာရံထားသောမှန်မှတစ်ဆင့် လမ်းသွားလမ်းလာများအားအကြောင်းမဲ့ငေးနေမိသည်။ တိတ်ဆိတ်သောနေရာလေးဖြစ်သည့်အတွက် စာကြည့်ရန်လာကြသည့်တက္ကသိုလ်ကျောင်းသားလေးများသာ ဖြတ်သွားဖြတ်လာလုပ်နေကြသည်။

မြင်ကွင်းထဲရောက်ရှိလာသည်က အညိုရောင်ကုတ်အရှည်နှင့် ဂျင်းဘောင်းဘီ အနက်ရောင်လေးကို လိုက်ဖက်စွာဝတ်ဆင်၍ လက်ထဲမှာတော့စာအုပ်အနည်းငယ်ကိုပွေ့ပိုက်ကာ သူရှိရာကော်ဖီဆိုင်သို့ လျှောက်လှမ်းလာနေသော အမျိုးသမီးလေး....။
သူ့ကိုမြင်တော့ မြတ်နိုးဖွယ်ရာမူပိုင်အပြုံးလေးတစ်ပွင့်စွန့်ကျဲ​ကာ သူရှိရာသို့တန်းတန်းမတ်မတ်လျှောက်လာလေသည်။

"ရန်ကုန်ပြန်ရောက်ရောက်ချင်းလုပ်ရမဲ့ Project ကိစ္စဆွေးနွေးနေတာ....နည်းနည်းနောက်ကျသွားတယ် တော်တော်စောင့်လိုက်ရလား "

ပြောလည်းပြော သူမလက်ထဲမှစာအုပ်များအား ဘေးကထိုင်ခုံတွင်တင်လိုက်ပြီး သူမကတော့ သူနှင့်မျက်နှာချင်းဆိုင်မှာဝင်ထိုင်လေ၏။

"သိပ်မစောင့်လိုက်ရပါဘူး....ဒါနဲ့ ဒီနေ့လင်းငယ်ဘယ်အချိန်အိမ်ပြန်မှာလဲ "

"မသိသေးဘူး....ကောင်း ဖုန်းဆက်လာမှ သူနဲ့အတူတူညှိကြည့်ရမှာပဲ....အခုအချိန်မှာတစ်ယောက်တည်းမနေချင်ဘူးလေ "

နွမ်းလျလျလေးအပြုံးလေးတစ်ခုနှင့် ပြန်ဖြေလိုက်သောသူမစကားကြောင့် ဥာဏ်ပြည့်လျှံ ဖုန်းအားဖွင့်ကာ ရက်စွဲကြည့်လိုက်မိတော့ November 27....

"အာ....ဟုတ်သားပဲ အဲ့ဒီရက်တောင်ရောက်တော့မယ်...ဒါနဲ့လင်းငယ်...ကိုယ်လည်းဂျူတီမရှိတော့ဘူးဆိုတော့ ဘယ်သွားချင်လဲအတူတူသွားကြမယ်လေ မေကောင်းဆက်ပြန်မှပဲ လင်းငယ်ကိုပြန်လိုက်ပို့ပေးမယ် "

နှလုံးသားမှာ  ဆူးWhere stories live. Discover now