8:)

6.1K 530 9
                                    

Zawgyi
ဒီအပိုင်းကိုကလေးတွေမဖတ်ရဘူးနော် ၁၈ယောက်စုပြီးမှဖတ်ကြ

_ _ _ _ _ _ _ _

ဝမ်ရိပေါ်တို့အခုရောက်နေတာ ဘားထဲမှာ

ပုံမှန်ဆို ကျောင်းသားတွေဝင်ခွင့်ပိတ်ပင်ထားတဲ့နေရာပေမဲ့
ဒီဘားက ဝမ်ရိပေါ်ပိုင်တာကြောင့်
ဝမ်ရိပေါ်ကအသက်မပြည့်သေးတာရယ်ကြောင့်
ဝမ်ရိပေါ်အကိုဝမ်ရိရှင်းကခနထိန်းသိမ်းပေးထားတာ
ကျန်းချန်နဲ့ရွှယ်ယမ်ကတော့ ဝမ်ရိပေါ်မျက်နှာတစ်ရွာလုပ်ပြီး
ယောင်လည်လည်လိုက်ဝင်လာတာ

ရွှယ်ယမ်ကတော့ အသည်းကွဲနေတဲ့ဝမ်ရိပေါ်ဘေးမှာ နှစ်သိမ့်ပေးနေတယ် ဒါပေမဲ့တကယ်နှစ်သိမ့်ပေးရမဲ့နည်းသူမသိဘူး
သူ့တုန်းကတော့ အသည်းကွဲရင်အရက်နဲ့ဖြေ နောက်နေ့ပျောက်နောက်တစ်ယောက်လေ

ဒါကြောင့် ဝမ်ရိပေါ် ခွက်ထဲကိုအရက်တွေစွတ်ထည့်ပေးနေတယ်
အမူးသောက်ပြီး အိပ်ပျော်သွားရင်နောက်နေ့မေ့သွားလိမ့်မယ်
ရွှယ်ယမ်အတွက်တော့ သူ့ဘဝမှာဒီနေ့ဟာနောက်ဆုံးနေ့ဆိုရင် အသည်းကွဲပြီးမသေချင်ဘူး အမူးသောက်ပြီးဘဲသေမယ် ဒီလိုလူမျိုး

အပျိုကြီးကျန်းချန် ဂေါ်မစွံကတော့
မိန်းမလှလေးတွေနားမှာ တဝဲလည်လည်လုပ်နေတယ်
သူ့ရဲ့ မိုက်မဲလွန်းလှတဲ့ကကွက်တွေထုတ်သုံးပြီး မိန်းမလှလေးတွေကိုဆွဲဆောင်နေတယ်

အဝေးကကြည့်နေတဲ့ ရွှယ်ယမ်ကတော့ နဖူးကိုလက်နဲ့ရိုက်ပြီး ခေါင်းကိုဖြည်းဖြည်းချင်းခါလိုက်တယ် ပြီးတော့ပြောလိုက်တယ်
'ဒီလိုကောင်မျိုးငါ့သူငယ်ချင်းလို့ပြောရမှာ ငါသိက္ခာကျတယ်'

ဝမ်ရိပေါ်ကတော့ မှောက်နေပြီ
မျက်နှာကလဲငိုထားတာနီရဲလို့ မူးနေတာတောင်'ကျန့်ကော'ဆိုတဲ့နာမည်ကိုအခေါ်မရပ်ဘူး

သူ့အရှေ့မှာ အရက်ပုလင်းမချထားရဲဘူး တွေ့တာနဲ့သူ့ခေါင်းသူရိုက်ခွဲပစ်လို့
ရွှယ်ယမ်ကသူ့ဖင်နောက်မှာဖွက်ထားရတယ်

ဟူးးးးးး~~ဒီကျက်သရေတုံးနှစ်ကောင်ကိုထိန်းရတာလဲ မလွယ်ပါ့လား
ဟိုကောင်ကလဲဖွန်ကြောင်နေတယ် သူ့တသက်ဖွန်ကြောင်လာရင်းနဲ့ဘဲဘဝကိုကုန်ဆုံးလာတာ ခုထိလဲfaဂုဏ်ပုဒ်ကနေ အဆင့်မတက်သေးဘူး

''ဝေါ်အိုက်နီ''  [Complete]Where stories live. Discover now