9:)

6.4K 513 5
                                    

Zawgyi

' အချစ်က ရိုးရှင်းတယ်
လူတွေကရှုပ်အောင်ဖန်တီးကြတယ် '

_ _ _ _ _

'တီ တီ တီ တီ~~~'
ရှောင်ကျန့်နှိုးစက်ကို ခြေထောက်နဲ့ဘဲလှမ်းပိတ်လိုက်တယ်

'အင်း ခုနှစ်နာရီတောင်ခွဲတော့မှာဘဲ အားးးးး ခေါင်းကိုက်လိုက်တာ မနေ့ကတညလုံးငိုထားလို့ဖြစ်မယ်'
ခေါင်းကိုလက်ချောင်းတွေနဲ့ နှိပ်နယ်ပြီး နေရောင်ခြည်ရအောင်ပြတင်းတံခါးကိုထဖွင့်လိုက်ပါတယ်

'ဟင်!!'
အမြင်မှားတာလား မျက်လုံးကိုလက်တွေနဲ့အမြန်ဘဲပွတ်လိုက်တယ်
ပြီးတော့ထပ်ကြည့်လိုက်တယ် ခြံရှေ့ကို

ဝမ်ရိပေါ်ဟာ ဒူးထောက်လျက်သား ငိုက်နေတယ်

' ဒီခွေးလေးအခုထိမပြန်သေးတာလား'
အောက်ထပ်ကိုအမြန်ပြေးဆင်းပြီး ဖန်ခွက်တစ်ခွက်ထဲရေအပြည့်ထည့်ပြီးယူလာတယ်

ဝမ်ရိပေါ်ရှေ့ရောက်တော့ ရေနဲ့ပက်ပြီးနှိုးမလို့ဟန်ပြင်လိုက်ပေမဲ့
လက်တွေဟာလေထဲမှာဘဲတန့်သွားတယ်

' သူရူးနေပြီလား တညလုံးဒီလိုဒူးထောက်နေတော့ငါကခွင့်လွှတ်မတဲ့လား တကယ်ထဲ ကျပ်ကိုမပြည့်ဘူး '
ရှောင်ကျန့်ကတော့ နှစ်နှစ်ခြိုက်ခြိုက်ငိုက်နေတဲ့ကောင်လေးတစ်ယောက်ကိုမနှိုးရက်လို့ ဒီတိုင်းဘဲရပ်ကြည့်ပြီး တစ်ယောက်ထဲအပြစ်ဆိုနေသတဲ့လေ

ယုန်ပိစိလေးရဲ့ မာန်မဲဒေါသထွက်ပြောဆိုနေသံလေးက ဝမ်ရိပေါ်အတွက်တော့ မနက်ခင်း တေးသံသာငှက်လေးတွေရဲ့သီကျူးသံထက်သာပါတယ်

မနက်တိုင်းကြားရရင်သိပ်ကောင်းမယ်

ဝမ်ရိပေါ်လိုလူမျိုးအတွက်ရှောင်ကျန့်လိုအညတရလေးကိုသိမ်းပိုက်ချင်ရင်လွယ်လွယ်လေး
ရှောင်ကျန့်ကို သူ့လုပ်ဇတ်တွေကြံဖန်ပြီး အကြွေးနဲ့သိမ်းလိုက်လို့ရတယ်
ဒါပေမဲ့သူမလုပ်ဘူး အချစ်စစ် သူလိုတာ စစ်မှန်တဲ့အချစ်လေ

အမှန်ဆို ဝမ်ရိပေါ်က ရှောင်ကျန့်တံခါးရှေ့ပြေးထွက်လာထဲက နိုးနှင့်နေပြီ
သူ့ယုန်လေးဘာလုပ်မလဲသိချင်တာကြောင့်အိပ်ချင်ယောင်ဆောင်နေတာ

''ဝေါ်အိုက်နီ''  [Complete]Where stories live. Discover now