ep3

1.1K 80 0
                                    

unicode

ရှောင်ကျန့် အိမ်မှာနေရင်းပုံမှန်အတိုင်းသူ၏ပျင်းရိဖွယ်ကောင်းသောနေ့တစ်နေ့အားစတင်လိုက်ပြန်သည်။မိမိ၏စိတ်ဝင်စားစရာမကောင်းသောနေ့အားပုံမှန်အတိုင်းဖြတ်သန်းရန်စဥ်းစားနေသော်လည်း ဟိုဝမ်ရိပေါဆိုသောလူသားအားလည်းမသိစိတ်က မျှော်နေပြန်သည်။

ကျစ် ရှောင်ကျန့်မင်းဘာတွေဖြစ်နေတာလဲ စိတ်နဲ့လူနဲ့ကပ်စမ်း

ရှောင်ကျန့်ရေရွတ်လိုက်သော်လည်း ခန္ဓာကိုယ်ကအလိုက်မသိစွာပြတင်းပေါက်နားရောက်နေပြီဖြစ်ပြီး လမ်းမဘက်ကိုမျှော်လင့်စွာဖြင့်ကြည့်နေမိသည်။ မည်မျှပင်ကြာသွားမှန်းမသိ ။ခြေထောက်တွေညောင်းလာ၍ခုံပေါ်သွားထိုင်နေလိုက်သည်။ခုံပေါ်ထိုင်၍ခဏကြာစဥ်မှာပဲ တံခါးခေါက်သံကြားလိုက်ရသည်။ ရှောင်ကျန့်နားကြားမှားသည်ဟုမှတ်ပြီး နားစွင့်မိပြန်သည်။ တံခါးခေါက်သံထပ်ထွက်လာ၍အနည်းငယ်ပျော်မိသွားသော်လည်း တခြားသူများဖြစ်နေမလား ဆိုသောအတွေးနှင့်အတူ တံခါးသွားဖွင့်ပေးလိုက်သည်။

ကျန့်ကော ကျွန်တော်ဒီနေ့နည်းနည်းနောက်ကျသွားတယ် ကျွန်တော်မုန့်တွေဝယ်လာတယ် 

မင်းကိုဘယ်သူဝယ်ခိုင်းလို့လဲ

ကျန့်ကောကလည်း ဒီကညီလေးက စေတနာအပြည့်နဲ့ဝယ်လာပေးတာကို ပေးဝင်အုံးလေ ကျန့်ကော

ရှောင်ကျန့်နေရာနည်းနည်းဖယ်ပေးလိုက်တော့ ရိပေါမျက်လုံးလေးတွေလက်ခနဲဖြစ်သွားသည်ကိုတွေ့လိုက်သည်။

ကျန့်ကော ဒီနေ့တော့နှင်မထုတ်တော့ဘူးပဲ ပျော်သွားပြီ ကျန့်ကော တစ်ခုလောက်တောင်းဆိုလို့ရမလား

ရှောင်ကျန့်ကမျက်ခုံးပင့်ကြည့်လိုက်ရာရိပေါကသဘောတူသည်ဟုမှတ်လိုက်ပြိီး

ကျန့်ကောနဲ့ကျွန်တော်နဲ့အချစ်ဆုံး ညီအစ်ကိုတွေလုပ်ရအောင်လေ ဘယ်လိုခေါ်လဲအာ့ကိုအရင်က အာ.....သွေးသောက်ညီအစ်ကိုပေါ့

မလုပ်ဘူး

ဘာလို့လဲ ကျန့်ကော ကလည်း ကျန့်ကောက တစ်ယောက်တည်းပဲလေ ကျွန်တော်ကလည်း အကိုရှိပေမဲ့ သူကကျန့်ကော လိုမှမဟုတ်တာ  ကျန့်ကောကျွန်တော့်ကိုအေးတိအေးစက်ဆက်ဆံပေမဲ့ကျွန်တော့်အပေါ်ကောင်းမှန်းသိတယ် အစ်ကိုကလည်းကောင်းပေမဲ့သူကတစ်ချိန်လုံး ပူနေတာ နားတွေဆိုဂွမ်းဆို့ရမလားပဲ ပြီးတော့အလုပ်ရှုပ်နေတာနဲ့ပဲကျွန်တော့်ကိုအနီးကပ်ဂရုမစိုက်ခဲ့ဘူး

light (hikari)completeWhere stories live. Discover now