ep7

1.1K 92 0
                                    

Unicode

နို့ မရှိတော့ဘူး

ရှောင်ကျန်ရေခဲသေတ္တာဖွင့်ရင်းပြောလိုက်သည်။ရှောင်ကျန့်ခဏစဥ်းစားလိုက်ပြီး ရိပေါထံဖုန်းခေါ်လိုက်သည်။ရိပေါကသူ့ဆီလာလည်လေ့ရှိပြီး ၅လလောက်ခင်မင်လာခဲ့၍ ရိပေါအားသူပို၍ရင်းရင်းနှိးနှီးနေတတ်လာလေပြီ။ ကျိန်းသေပေါက် ပိုပြီးလည်းချစ်လာတာပေါ့ နွံမှန်းသိရက်နဲ့အနစ်ခံနေတဲ့ကျွန်တော်ရူးတယ်မလား။

ကျန့်ကော

နို့ကုန်နေပြီ ဝယ်လာခဲ့အုံး ဟင်းသီးဟင်းရွက်ပါဝယ်လာခဲ့

ဟုတ်ကဲ့ပါ ကျန့်ကော

ရိပေါဖုန်းချပြီးနောက်ဘေးမှဟွားမိန်မှ

ဆရာရှောင်လား

ရိပေါကပြုံးပြလိုက်ပြီး

ဟုတ်တယ်

နင်နဲ့ပိုရင်းနှီးလာသလိုပဲနော်

ဒါပေါ့ ကျန့်ကောက အေးတိအေးစက်ဆက်ဆံတတ်ပေမဲ့တကယ်တမ်းက အရမ်းနွေးထွေးတဲ့သူပါ သူနှလုံးသားကိုဖွင့်ပေးဖို့ပဲလိုတာ

နင်ဆရာရှောင်ကိုသနားလို့ခုလိုလုပ်ပေးနေတာလား

မဟုတ်ဘူး ဟွားမိန် ငါကကျန့်ကောကိုကမ္ဘာကြီး ဘယ်လောက်လှလဲဆိုတာကိုပြချင်ရုံပါ ကျန့်ကောကသူအရင်တုန်းကလို တစ်ယောက်တည်းနေရတာမျိုးမဖြစ်စေချင်ဘူး ကျန်ကောက အဲ့ထက်ထိုက်တန်ပါတယ်

ဟွားမိန်ရိပေါကိုကြည့်လိုက်တော့မျက်လုံးတွေကနူးညံ့မှုတွေ၊လေးစားမှုတွေ နှင့်ပြည့်နေသည်။

ရိပေါနင်ပြောထားတဲ့ဟာငါ့ကိုခဏစောင့်ပေးလို့ရမလား

ကျိန်းသေတာပေါ့ ဖြေးဖြေးချင်းစဥ်းစားပြီးမှငါ့ကိုအဖြေပြန်ပေး

ရိပေါ စဥ်းစားရမှာ ငါမဟုတ်ဘူးထင်တယ်

ဘာကိုဆိုလိုတာလဲ

ဘာမှမဟုတ်တော့ဘူး ဟွားမိန်ကပြောလိုက်တော့ရိပေါက ဟွားမိန်လက်ကိုဆွဲလိုက်ပြီး

လာပါ ငါတို့dateတဲ့ချိန်လေးကိုလျှောက်စဥ်းစားမနေနဲ့ ဟိုနားကအရုပ်ဆိုင်သွားရအောင်
___________#####
ရှောင်ကျန့်သူ၏ပန်းချီခန်းထဲဝင်လိုက်ပြီး သေတ္တာထဲ၌သော့ခတ်သိမ်းထားသော ရိပေါပန်းချီကားလေးအားထုတ်လိုက်သည်။

light (hikari)completeWhere stories live. Discover now