သက်တံဆီသို့ (Unicode)

1.6K 196 30
                                    

"အစ်ကို့ကိုမနည်းလှမ်းခေါ်ရတယ်။ ဘာလို့ လောနေရတာလဲ။"


"အာ..မဟုတ်ပါဘူး။ အစ်ကိုဒီကပြန်ရင် သွားစရာလေးရှိနေသေးလို့။"


"သွားစရာရှိနေတာလား..။အခုအဆင်ပြေရဲ့လား၊ကျွန်တော်နဲ့စကားပြောဖို့ အချိန်ရရဲ့လား။"


"ရပါတယ်။ ရတယ်။ အဲ့လောက်လည်းအရေးမကြီးပါဘူး။"


"သြော်..."


ညီ့ရယ်သံတိုးတိုးလေး ထွက်ကျလာသည်။ Seminorကျင်းပခဲ့တဲ့ ဟိုတယ်အောက်ထပ် ကော်ဖီဆိုင်ကျဉ်းကျဉ်းလေးထဲတွင် ကျွန်တော့်ရင်ခုန်သံတွေ ဗြောင်းဆန်လျက်ရှိသည်။ ပုဆိုးအပြာရောင်အကွက်စိပ်နှင့် လည်ကတုံးလက်ရှည် အဖြူကို ဝတ်ထားသော ညီ့ပုံစံတွင် ကျွန်တော် တစ်ခါမျှ မမြင်ဖူးသော အရိပ်အငွေ့တွေ ကိန်းအောင်းလျက်ရှိသည်။ ရင့်ကျက်သွားသော လူငယ်တစ်ယောက်ပုံစံကို အပြည့်အဝမြင်ရသည်။


"ညီ့ကိုဒီမှာရုတ်တရက်တွေ့လိုက်ရတော့ အစ်ကို အံ့သြနေတာ။"


ညီပြုံးလိုက်သည်။ ထိုအပြုံးသည် ကြိုတင်တွက်ချက်ထားသော ဟောချက်မှန်သွားသည့် ဗေဒင်ဆရာတစ်ယောက်၏ အပြုံးမျိုးနှင့် အလားသဏ္ဏာန်တူသည်။ ဒါဖြင့် ညီဟာ ကျွန်တော့်ကိုတွေ့ဖို့ ကျွန်တော် အံ့သြပါစေတော့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီကိုရောက်လာခြင်းမျိုးလား..၊မဟုတ်သေးပါဘူး။ခေါင်းကိုတစ်ချက်ခါလိုက်ပြီး စည်းအပြင်ကိုရောက်နေပြီဖြစ်နေတဲ့ ကျွန်တော့်အတွေးယာဉ်ကြောကို အမြန်ဖြတ်တောက်လိုက်ရသည်။ ညီနဲ့ကျွန်တော့်ကြားက ပတ်သက်မူက ဒီလိုတွေးရလောက်အောင် လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ပတ်သက်မူမျိုးမှ ဟုတ်ဘဲ။ညီကလည်း ကျွန်တော့်စကားနဲ့ ပတ်သက်လို့ ထင်မြင်ချက်တစုံတရာ မပေးပါ။ ကျွန်တော့်တို့ စကားလမ်းကြောင်းက တခြားတစ်ဖက်ကို ပြောင်းသွားသည်။ ဒီနေ့ ညီဒီပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုတစ်ယောက်အနေနဲ့ တက်ရောက်ဟောပြောခဲ့တဲ့အကြောင်းသို့ ရောက်သွားသည်။ ညီ့စကားများက ကျွန်တော့်အတွေးမှားခဲ့ကြောင်းကို ထောက်ပြလိုက်သလိုပင်။ ညီ့စကားများတွင် ကျွန်တော်ဆိုတဲ့ ခေါင်းစီးဟာ အရိပ်အယောင်မျှပင် မပါခဲ့။စိတ်ထဲ အောင့်ခနဲ တစ်ချက်ဖြစ်သွားပေမယ့်လို့ ညီဟာ ကျွန်တော့်ကို ဝမ်းနည်းစေဖို့ပင် အချိန်မပေးခဲ့။ သူယူလာခဲ့တဲ့ Laptopလေးကို စားပွဲပေါ်တင်ပြီး ကျွန်တော့်ဘက်ကို ပြသည်။

🎉 You've finished reading သက္တံမွသည္ သက္တံဆီသို႔ (သက်တံမှသည် သက်တံဆီသို့) 🎉
သက္တံမွသည္ သက္တံဆီသို႔ (သက်တံမှသည် သက်တံဆီသို့)Where stories live. Discover now