- 18 -

6.4K 958 92
                                    

နဂိုအအေးမခံနိုင်တဲ့သူဖြစ်တဲ့ ဘတ်ဟျွန်းက အဲ့ဒီနေ့ကမိုးကြောင့် လွယ်လွယ်လေးပဲ အအေးမိပြီး ဖျားခဲ့တယ်။ ကုမ္ပဏီနဲ့ဆေးရုံ နှစ်နေရာကြား ဗျာများနေတဲ့ ချန်းယောလ်ကို သက်သက်စိတ်ပူမှာစိုးလို့ မပြောဖြစ်ခဲ့တဲ့အပြင် ကျောင်းမလာလို့ ဖုန်းဆက်မေးကြတဲ့ ဂျုံအင်နဲ့ဆယ်ဟွန်းကိုပါ ခရီးသွားနေတာမို့ မလာနိုင်ဘူးလို့တောင် လိမ်ခဲ့မိသေးတယ်။ ချန်းယောလ်ကတော့ ထုံစံအတိုင်း သူလာကြိုဖြစ်သည်ဖြစ်စေ၊ မလာနိုင်သည်ဖြစ်စေ အမြဲကြိုပြောနေကျအတိုင်း ပြောမြဲဆိုတော့ မလာနိုင်တဲ့ရက်တွေများလေ နေမကောင်းတာလည်း သူမသိနိုင်လေဘဲမို့ မလာနိုင်ပါစေနဲ့လို့တောင် ဘတ်ဟျွန်းက ကြိတ်တွေးနေသေးတာ။

အတွေးတိမ်သွားတာတစ်ခုက ချန်းယောလ်ကိုတော့ သူနဲ့အလိုက်သင့်ပြောထားပြီး ဂျုံအင်တို့ကိုပြောထားသလို ခရီးထွက်နေတယ်လို့ မပြောမိထားခြင်းပင်။ ခေါင်းမထောင်နိုင်အောင်ဖြစ်နေတော့ 'အင်း .. အဲ' အပြင် ဘာမှထပ်မပြောနိုင်တာကြောင့်လည်း ပါလိမ့်မယ်။

ချန်းယောလ်က 'ကျောင်းပြန်တက်မယ်။ လာခေါ်မယ်' ဆိုတဲ့ နေ့ရောက်တော့ ထုံးစံအတိုင်း ကျောင်းသွားမယ် ထလုပ်တယ်။ ကျောင်းကိုမလွှတ်ချင်သေးတဲ့ ဘတ်ဟျွန်းရဲ့မေမေက ခေါင်းမာနေတဲ့ သူ့သားကို မနိုင်တော့တာနဲ့ ချန်းယောလ်ကိုပဲ တိုင်ရတော့တယ်။ ဖုန်းဆက်ပြီးပြီးချင်း ၁၅ မိနစ်အတွင်း အိမ်ရောက်လာလို့ သားအမိနှစ်ယောက် လန့်သွားရသေး..။

" ချန်းယောလ်လီရေ .. မင်းရဲ့ဘတ်ဟျွန်းနီကိုတော့ အန်တီ မနိုင်တော့ဘူး "

ထမင်းစားခန်းထဲမှာ ဆန်ပြုတ်တစ်ခွက်ရှေ့ကိုချပြီး ကျောင်းသွားဖို့ ဝတ်စုံပြည့်နဲ့ထိုင်နေတဲ့ အချစ်ကလေးရယ်နဲ့ ဘေးမှာ သူ့သားသူ မနိုင်သလိုကြည့်နေတဲ့ အမေဖြစ်သူရယ်ကို တွေ့လိုက်ရတယ်။

ဘတ်ဟျွန်းကတော့ နေမကောင်းတာကို မပြောဘဲ လိမ်ထားတာမို့ ချန်းယောလ်ဆီမှာ ကောင်းကောင်းကြီးအဆူခံရတော့မှာကို သိသလို မျက်နှာငယ်လေးနဲ့..။

NOSTALGIA [Completed]Where stories live. Discover now