Beve - 3

3.2K 353 3
                                    

Zawgyi version

အနက်ရောင် ကျောပိုးအိတ်ကို ပုခုံးတဖက်၌ ခပ်လျော့လျော့ လွယ်ပိုးထားရင်း ကျွတ်ကျွတ်အိတ်၁လုံး လက်မှကိုင်ဆွဲလာသော ထယ်ယောင်းမျက်နှာမှာ ပြုံးဖြီးလို့နေသည်။ ဒီနေ့ဆိုင်မှ အလုပ်ဆင်းအပြန် ဆိုင်ရှင်အစ်မမှ အိမ်မှာစားဖို့ဆို၍ စတိတ်ခ်ထည့်ပေးလိုက်ရာ အသားဆိုငမ်းငမ်းတက် သဘောကျသော အိမ်ကကလေးကို တွေးမိမိချင်း ထယ်ယောင်းရင်ထဲ အတိုင်းမသိ ကြည်နူးနေမိသည်။

ဘတ်စ်ကားမှဆင်းသည်မှအစ လမ်းတလျှောက် ကျွတ်ကျွတ်အိတ်ကို ကိုင်မြှောက်ရင်း မြူးထူးလို့နေရာ အမှိုက်ပုံဘေးနားရှိ ခွေးပေါက်လေးကိုပင် လက်ထောင်ပြလျက် တာ့တာပြနှုတ်ဆတ်လိုက်သေးသည်။ တိုက်ခန်းရှေ့ရောက်သည်နှင့် စတိတ်ခ်ကိုမြင်လျှင် အလွန်ပျော်သွားမည့် ဂျွန်ကုမျက်နှာကို မြင်ယောင်မိသောအခါ လှေကားထစ်ပင် သုံးထစ်လောက် ကျော်တက်မိသည်။

သို့သော် မထင်မှတ်စွာပင် ခေါင်မိုးထပ်သို့ ရောက်သောအခါ မှောင်မည်းနေသော အခန်းလေးက ဆီးကြိုနေတော့ မျက်နှာထက်ရှိ အပြုံးတို့သည် တဖြေးဖြေး မှေးမှိန်လို့်သွားသည်။

လက်ထဲမှ အိတ်လေးကို တချက်ကြည့်ရင်း...

" သောက်ကလေးလေးက ဘာများချစ်ဖို့်ကောင်းလို့ မင်းက...*sigh*"

" တလုတ်တောင်စားဖို့ မစဉ်းစားနဲ့ ငါ့ဗိုက်ထဲပဲ အကုန်သွင်းပစ်မယ် ဟွန့်"

ခြေကိုဆောင့်ကာ ဘောင်းဘီအိတ်ကပ်ထဲ သော့နှိုက်ရင်း အခန်းတံခါးကိုဖွင့်ရန်ပြင်လိုက်သည်။

ကောင်စုတ်လေး... ငါ့ကို မနက်က သေချာလည်းမချော့ဘူး အိမ်ပြန်လည်း နောက်ကျတယ် ဖုန်းဆက်ပြီးလည်း ကြိုမပြောဘူး

နှုတ်ခမ်းကိုတထောင်လောက်ဆူကာ ပွစိပွစိပြောရင်း အခန်းတံခါးဖွင့်ပြီးသည်နှင့် မုန့်ထုပ်ကို ခဏချကာ ဖိနပ်ကြိုးဖြေလိုက်သည် ခဏအကြာ ဖိနပ်စင်သို့ ကောက်တင်ရင်း မီးခလုတ်ရှိရာထံ ခြေလှမ်းစဉ် အိကနဲ ဝင်ကျသွားသော ရင်ခွင်တစုံကြောင့် ထယ်ယောင်းရင်တွေ ဒိုင်းကနဲဖြစ်သွားသည်။

Beve Me ( Season1) Where stories live. Discover now