Beve - 12

2.9K 294 20
                                    

Zawgyi version

ယနေ့တော့ ရာသီဥတု သာယာသည် ပြောရမည်။ ကောင်းကင်ကြီးတခုလုံး တိမ်ကင်းစင်၍ ကြည်လဲ့လို့နေရာ ပြတင်းမှတဆင့် နေရောင်ခြည်တို့ ဖြာကျနေသည်ကလည်း နွေးထွေးသော ခံစားချက် တစုံတရာကို ပေးစွမ်းနေလေသည်။ သေချာစိုက်ကြည့်မည်ဆိုပါက မိုးကောင်းကင်ထက် သက်တံ့ရောင်ခြည် တစွန်းတစကိုပင် ခပ်ရေးရေးလေး တွေ့မြင်နိုင်သေးသည်။

အင်း...တကယ်ကို အပြင်ထွက်လည်လို့ကောင်းမယ့် ရာသီဥတုလေး။

ရုံးပိတ်ရက်လည်း ဖြစ်နေသည်မို့ အသီးသီး ဆိုင်ရာဆိုင်ရာ လျှောက်လည်နေကြမယ့် ပုထုဇဉ်တွေ ဘယ်လောက်တောင် များလိုက်ကြမည်လဲ။

သတိမရချင်ပါသော်လည်း အားလပ်ရက်မို့ တစုံတယောက်နှင့် အတူတူ လျှောက်လည်ကြမည့် အစီစဉ် တိုင်ပင်နေသော ကောင်လေးတယောက်ကို စိတ်ထဲက အလိုလိုတမ်းတမိသည်။

သူ့အကြောင်းကို တွေးမိကာမှ လတ်တလော ကျွန်တော်တို့ နှစ်ယောက်ကြား ရေခဲတံတိုင်းခြားထားသကဲ့သို့ တယောက်နှင့် တယောက် မခေါ်မပြော အေးတိအေးစက် ဖြစ်နေသည်ကို စိတ်မကောင်းဖြစ်မိသည်။

ကိစ္စတွေက ဘယ်ကနေဘယ်လိုတွေ ပြောင်းလဲခဲ့မှန်း စဉ်းစားမရပေမဲ့ သေချာတာက ထိုနေ့ညက အနမ်းတခုဟာ အဆင်ပြေနေတဲ့ ကျွန်တော်တို့ ဆက်ဆံရေးကို ပျက်ပြားစေခဲ့သော တရားခံပင်။

နောက်ပြီး ဂျွန်ဂုမသိအောင် တယောက်ထဲ စိတ်ကောက်နေခဲ့သော ကျွန်တော့်စိတ်ကြောင့်လည်း ဖြစ်မှာပေါ့။ ရယ်တော့ရယ်ရသား.. သူနှင့် သက်ဆိုင်မှု မရှိတော့တဲ့ ကျွန်တော်ဟာ သူ့ချစ်သူနဲ့ အတူအိပ်နေတဲ့ သူ့ကို အခဲမကျေ ဖြစ်နေခဲ့သည်တဲ့လေ။

ဂျွန်ဂုအား အသိမပေးပါဘဲ တယောက်ထဲ စိတ်ကောက်ကာ အခုလည်း ကျွန်တော့်ဘာသာပင် စိတ်ကောက်ပြေ၍ သူ့ကို ဘယ်လိုစကားစရမယ် မသိ။ ဆံပင်တွေကို ဆွဲဖွရင်း ခေါင်းကို ငုံ့ချလိုက်သည်။

ကျွန်တော်ကတော့ အကြောင်းရင်းရှိလို့ ဒီလိုဖြစ်နေသည်ထား၊ ဂျောင်ဂျွန်ဂုက ဘာဖြစ်လို့ ကျွန်တော့်ကို အေးတိအေးစက် ဆက်ဆံနေရတာလဲ? ပြောကြေးဆို ကျွန်တော့်ကို သူ့ဆန္ဒနဲ့သူ စနမ်းခဲ့တာမဟုတ်လား။

Beve Me ( Season1) Donde viven las historias. Descúbrelo ahora