အခန်း ၄၁ - အတိတ်ကို ပြန်ရှာဖွေခြင်း

11.2K 1.8K 41
                                    

နောက်နေ့ ကျိုရှီအန်း အိမ်မှာ နားပြီး စဉ်းစားရင်းနဲ့ အင်တာနက်ကဖေးကိုသွားပြီး လွန်ခဲ့တဲ့ နှစ်နှစ်က ဘာဖြစ်ခဲ့လဲဆိုတာ၊ ဘယ်လို သတင်းထုတ်ထားလဲဆိုတာကို သွားရှာဖို့ ဆုံးဖြတ်လိုက်သည်။

သူကွန်ပြူတာရှေ့မှာထိုင်ပြီး ရိုက်ကူရေးအဖွဲ့နာမည်ကို ရိုက်ထည့်ပြီးတော့ web page loadingတက်နေတဲ့အချိန်မှာ သူ ရင်တမမနဲ့ ဖြစ်နေသည်။ ဒီကမ္ဘာပေါ်မှာ ဘယ်သူမှ သူ့ခံစားချက်ကို နားလည်ပေးနိုင်မယ် မထင်။ သူက သူသေဆုံးခဲ့တဲ့ကြောင်း သတင်းကို ပြန်ရှာနေတာ။

လွန်ခဲ့တဲ့ နှစ်နှစ်က ဖြစ်ခဲ့တာပေမယ့် အင်တာနက်ပေါ်မှာ ထိုမတော်တဆမှုအကြောင်း သတင်းတွေ အများကြီးရှိသေးသည်။ ကျိုရှီအန်း ထိုသတင်း page တွေကို တစ်ခုပြီး တစ်ခုကြည့်ရင်း သူ့ရင်ထဲမှာ ပိုပိုပြီး မအီမသာဖြစ်လာသည်။

အဲဒီအချိန်တုန်းက အက်ဆီဒင့်ထဲမှာ ပါသွားတာ သူတစ်ယောက်ထဲမဟုတ်၊ အရမ်းစကားများတဲ့ နှစ်ဆယ်ကျော်ကောင်လေးတစ်ယောက်လည်း ရွှံ့လွှာအောက်မှာ ပိသေသွားခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာရသည်။ ရိုက်ကူးရေးအဖွဲ့ တောင်ပေါ်တက်ခါစက ထားရှိခဲ့တဲ့ မျှော်လင့်ချက်တွေ စိတ်ဓါတ်ခွန်အားတွေ တစ်စစီ ကြေမွသွားခဲ့သည်။

သူ ခြောက်ကမ်းပါးကနေ ပြုတ်ကျပြီးတော့ သည်းကြီးမည်းကြီးရွာတဲ့ မိုးက ခြေရာလက်ရာ အကုန်ဖျောက်လိုက်သောကြောင့် ရှာဖွေရေးအဖွဲ့ ဘယ်လိုက်လို့ လိုက်ရမှန်းမသိ ဖြစ်ခဲ့သည်။ တစ်ပတ်ရှာပြီးတဲ့ နောက်မှာ သူ့လောင်းကို ရှာမတွေ့တော့ သူပျောက်သွားတယ်လို့သာ သတ်မှတ်လိုက်ကြသည်။ ဒါပေမယ့် သူ အသက်ရှင်နိုင်တယ်လို့ ဘယ်သူမှ မယုံကြ၊ အသက်ရှင်တယ်သာ ဆိုရင် နှစ်နှစ်ပဲရှိနေပြီ သူပေါ်မလာဘဲ နေမလား။

ကျိုရှီအန်းလည်း သူ့အလောင်း ဘယ်မှာလဲဆိုတာ သိချင်သည်။ သူ့အလောင်း တောင်ပေါ် တောနက်ထဲက တစ်နေရာမှာ မိုးရေတွေ လေတွေတိုက်စားမှုခံရပြီး အရိုးပဲကျန်တော့မှာကို တွေးမိရင် စိတ်မကောင်းဖြစ်ပြီး ငိုချင်သည်။ ပထမဆုံးအကြိမ်အဖြစ် သူ အစိမ်းသေခဲ့ပေမယ့် သဂြိုဟ်ပေးတာကို မခံခဲ့ရဘူးလို့ တွေးမိသည်။

လူစားထိုး သရုပ်ဆောင် (translation, unicode)Where stories live. Discover now