မြတ်ချမ်းသာစံအိမ်တော်
"အား...ငါ့သားကိုခေါ်ပေးကြစမ်း ငါ့သားကိုခေါ်ပေးကြစမ်းပါ "
"မိသီတာ... ငါ့ကိုမသနားဘူးလားဟင် ငါ့သားလေးကိုခေါ်ပေးပါဟယ်"
"မမကြီးရယ် စိတ်ကိုထိန်းပါနော် သားမြတ်မင်းလေးက ပြန်လာမှာပါ မမကြီးရယ်နော် အ့ကြောင့် သားမြတ်မင်းလေးပြန်လာရင် မမကြီးလှလှလေးကြိုလို့ရအောင် ခနလေးအိပ်ရအောင်ပါနော် မမကြီးအိပ်ပျော်သွားပြီး နိုးလာရင် သားမြတ်မင်းပြန်ရောက်လာမှာ မမကြီးရဲ့ အ့ကြောင့်အိပ်ရအောင်နော်"
"တကယ်နော် သီတာ ငါအိပ်ရင်ငါ့သားလေးပြန်လာမှာပါနော်"
"တကယ်ပေါ့ မမကြီးရဲ့"
"အ့ဆိုငါအိပ်တော့မယ်နော် ငါ့ကိုဘယ်သူမှလာမနိုးကြနဲ့နော် "
"ဟုတ်ကဲ့ပါ မမကြီးရဲ့ ..သီတာကိုယ်တိုင်စောင့်ပေးနေပါ့မယ်"
ဒေါ်သီတာ မမကြီးကိုကြည့်ကာ အသံတိတ်ငိုကြွေးနေမိသည်...အရင်ကဒီစံအိမ်တော်ကြီးမှာ ကိုကိုကြီးနဲ့မမကြီးတို့လင်မယားရယ် သားမြတ်မင်းလေးရယ် သိုက်သိုက်ဝန်းဝန်းပျော်ပျော်ရွှင်ရွှင်နဲ့ နေခဲ့ကြတာကို အခုတော့ဖြင့် ဘယ်ဘဝကဝဋ်ကြွေးတွေကြောင့် မမကြီးတို့မိသားစု ခုလိုသေကွဲရှင်ကွဲနေရတာပါလိမ့်
ဒီစံအိမ်ကြီးရဲ့ အရှင်သခင် ကိုကိုကြီးကလွန်ခဲ့တဲ့ ငါးနှစ်ကဆုံးပါးသွားခဲ့တယ် ကိုကိုကြီးဆုံးပြီးတည်းက မမကြီးရဲ့ကျန်းမာရေးအခြေအနေကသိပ်မကျန်းမာတော့... တရှောင်ရှောင်နဲ့ဖြစ်လာတယ် အဲ့ချိန်မှာသားမြတ်မင်းလေးကဆယ်တန်းအောင်ခါစ... သားမြတ်မင်းကလည်းလုပ်ငန်းတွေ မဦးစီးနိုင်သေးတော့ မမကြီးပဲ မိသားစုပိုင်လုပ်ငန်းတွေကို သားဇောနဲ့ကျန်းမားရေးမကောင်းတဲ့ကြားက ဦးစီးခဲ့တယ်
အဖြစ်အပျက်တခုကြောင့် ဒီစံအိမ်တော်ကြီးမှာရှိတဲ့ ပျော်ရွှင်မှုတွေအကုန်ဆိတ်သုန်းခဲ့ရတယ် အဲ့ချိန်ကစပြီး သားမြတ်မင်းကလည်း နိုင်ငံခြားကိုအပြီးဆိုပြီး ထွက်သွားခဲ့တယ် မမကြီးလည်းသားစိတ်နဲ့ အိပ်ယာထဲဘုန်းဘုန်းလဲပြီး ကိုယ်ရောစိတ်ပါမကျန်းမာတော့တာ ခုချိန်ထိပေါ့...
နိုင်ငံခြားမှာရှိတဲ့ သားမြတ်မင်းကိုမမကြီးနေမကောင်းလို့ အဆက်အသွယ်လုပ်ချင်တာတောင် သားလေးကအဆက်အသွယ်တွေအကုန်ဖြတ်ထားတော့ ဘယ်လိုမှ ဆက်သွယ်လို့မရ...
အင်း...ဒီသားအမိတွေကြားကရန်ငြိုးတွေ ဘယ်တော့မှပြေပျောက်မှာပါလိမ့်
ဒီရန်ုငြိုးတွေကို ပြေပျောက်အောင် ဖြေဖျောက်ပေးဖို့ တန်ခိုးအစွမ်းတွေသာ ရှိလိုက်ချင်စမ်းပါဘိကွယ်...
YOU ARE READING
Soulmate of Asoke flower
Romanceဟင့်အင်း...ကိုနေ အရာအားလုံးကကိုနေထင်သလို မဟုတ်ပါဘူး ဒါပေမဲ့ ကျတော်ဘယ်တော့မှ အမှန်တရားကို ကိုနေသိအောင်ပြောမှာလည်း မဟုတ်ဘူး... ပိုင်သော်ဦး ပိုင်သော်ဦး...မင်းဆိုတဲ့ကောင်က ဟိုအရင်ကငါချစ်ခဲ့တဲ့ ဖြူစင်တဲ့ကလေးလေးတယောက်...