Asoke 1

72 6 2
                                    

မြတ်​ချမ်းသာစံအိမ်​​တော်

"အား...ငါ့သားကို​ခေါ်​ပေးကြစမ်း ငါ့သားကို​ခေါ်​ပေးကြစမ်းပါ "

"မိသီတာ... ငါ့ကိုမသနားဘူးလားဟင်​ ငါ့သား​လေးကို​ခေါ်​ပေးပါဟယ်"

"မမကြီးရယ်​ စိတ်​ကိုထိန်းပါ​နော်​ ​သားမြတ်​မင်း​လေးက ပြန်​လာမှာပါ မမကြီးရယ်​​နော်​ အ့​ကြောင့်​ သားမြတ်​မင်း​လေးပြန်​လာရင်​ မမကြီးလှလှ​လေးကြိုလို့ရ​အောင်​ ခန​လေးအိပ်​ရ​အောင်​ပါ​နော်​ မမကြီးအိပ်​​ပျော်​သွားပြီး နိုးလာရင်​ သားမြတ်​မင်းပြန်​​ရောက်​လာမှာ မမကြီးရဲ့ အ့​ကြောင့်​အိပ်​ရ​အောင်​​နော်​"

"တကယ်​​နော်​ သီတာ ငါအိပ်​ရင်​ငါ့သား​လေးပြန်​လာမှာပါ​နော်​"

"တကယ်​​ပေါ့ မမကြီးရဲ့"

"အ့ဆိုငါအိပ်​​တော့မယ်​​နော်​ ငါ့ကိုဘယ်​သူမှလာမနိုးကြနဲ့​နော်​ "

"ဟုတ်​ကဲ့ပါ မမကြီးရဲ့ ..သီတာကိုယ်​တိုင်​​စောင့်​​ပေး​နေပါ့မယ်​"

ဒေါ်သီတာ မမကြီးကိုကြည့်​ကာ အသံတိတ်​ငို​ကြွေး​နေမိသည်​...အရင်​ကဒီစံအိမ်​​တော်​ကြီးမှာ ကိုကိုကြီးနဲ့မမကြီးတို့လင်​မယားရယ်​ သားမြတ်​မင်း​လေးရယ်​ သိုက်​သိုက်​ဝန်းဝန်း​ပျော်​​ပျော်​ရွှင်​ရွှင်​နဲ့ ​နေခဲ့ကြတာကို အခု​တော့ဖြင့်​ ဘယ်​ဘဝကဝဋ်​​ကြွေး​တွေ​ကြောင့်​ မမကြီးတို့မိသားစု ခုလို​သေကွဲရှင်​ကွဲ​နေရတာပါလိမ့်

ဒီစံအိမ်​ကြီးရဲ့ အရှင်​သခင်​ ကိုကိုကြီးကလွန်​ခဲ့တဲ့ ငါးနှစ်​ကဆုံးပါးသွားခဲ့တယ်​ ကိုကိုကြီးဆုံးပြီးတည်းက မမကြီးရဲ့ကျန်းမာ​ရေးအ​ခြေအ​နေကသိပ်​မကျန်းမာ​တော့... တ​ရှောင်​​ရှောင်​နဲ့ဖြစ်​လာတယ်​ အဲ့ချိန်​မှာသားမြတ်​မင်း​လေးကဆယ်​​တန်း​အောင်​ခါစ​... သားမြတ်​မင်းကလည်းလုပ်​ငန်း​တွေ မဦးစီးနိုင်​​သေး​တော့ မမကြီးပဲ မိသားစုပိုင်​လုပ်​ငန်း​တွေကို သား​ဇောနဲ့ကျန်းမား​ရေးမ​ကောင်းတဲ့ကြားက ဦးစီးခဲ့တယ်

အဖြစ်​အပျက်​တခု​ကြောင့်​ ဒီစံအိမ်​​တော်​ကြီးမှာရှိတဲ့ ​ပျော်​ရွှင်​မှု​​တွေအကုန်​ဆိတ်​သုန်းခဲ့ရတယ်​ အဲ့ချိန်​ကစပြီး သားမြတ်​မင်းကလည်း နိုင်​ငံခြားကိုအပြီးဆိုပြီး ထွက်​သွားခဲ့တယ်​ မမကြီးလည်းသားစိတ်​နဲ့ အိပ်​ယာထဲဘုန်းဘုန်းလဲပြီး ကိုယ်​​ရောစိတ်​ပါမကျန်းမာ​တော့တာ ခုချိန်​ထိ​ပေါ့...

နိုင်​ငံခြားမှာရှိတဲ့ သားမြတ်​မင်းကိုမမကြီး​နေ​မ​ကောင်းလို့ အဆက်​အသွယ်​လုပ်​ချင်​တာ​တောင်​ သား​လေးကအဆက်​အသွယ်​​တွေအကုန်​ဖြတ်​ထား​တော့ ဘယ်​လိုမှ ဆက်​သွယ်​လို့မရ...

အင်း...ဒီသားအမိ​တွေကြားကရန်​ငြိုး​တွေ ဘယ်​​တော့မှ​ပြေ​ပျောက်​မှာပါလိမ့်

ဒီရန်ုငြိုး​တွေကို ​ပြေ​ပျောက်​​အောင်​ ​ဖြေ​ဖျောက်​​ပေးဖို့ တန်​ခိုးအစွမ်း​တွေသာ ရှိလိုက်​ချင်​စမ်းပါဘိကွယ်​...

You've reached the end of published parts.

⏰ Last updated: Apr 18, 2020 ⏰

Add this story to your Library to get notified about new parts!

Soulmate of Asoke flowerWhere stories live. Discover now