Episode (15)

3K 266 14
                                    

Zawgyi

အလင်္ကာလွန်း၏ ကိုယ်လေးအား ရင်ခွင်ထဲနှစ်မြှုပ်သွားအောင် ဆွဲယူဖက်လိုက်သည် ။

" မဟုတ်ဘူး.....ဆိုင်တယ် ဆိုင်ရမယ် .......ပေါက်စ
ငါ.... ငါလေ မင်းကို သဘောကျတယ် ဟုတ်တယ်
ငါမင်းကိုကြိုက်တယ် မင်းကိုချစ်တယ်......''

ခွန်းမြတ်ထွဋ် ၏စကားကြောင့် အလင်္ကာလွန်းသည်
ခွန်းမြတ်အား တွန်းထုတ်လိုက်ပြီး နောက်သို့ခြေလှမ်း
သုံးလှမ်းမျှ ဆုတ်သွားခဲ့သည် ။

" ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ငါကယောကျာ်းလေးလေ ''

" ဟုတ်တယ် မင်းကောငါကောက ယောကျာ်းလေးပဲ
အခုချိန်မှာ မင်းအရမ်းတုန်လှုပ်နေမယ်ဆိုတာ ငါသိတယ် ''

( ဒီကိစ္စနဲ့ပတ်သတ်ပြီး ခွန်းက ပေါက်စကိုမြင်မြင်ချင်းကတည်းက သူ့ခံစားချက်ကိုသူ သိခဲ့ပါတယ် ဒါအတွက်ကြောင့်လည်း သူအရမ်းကြီးမတုန်လှုပ်ခဲ့ပါဘူး ဘာလို့လဲဆို သူကငယ်ငယ်ကတည်းက မိန်းကလေးတွေကိုစိတ်မဝင်စားခဲ့လို့ပါ ကျန်တာတွေကတော့နောက်မှ နောက်ကြောင်းပြန်ပေးပါမယ်နော်)

" ဟင့်အင်း.....မင်းကျပ်မပြည့်ဘူးလား ရူးနေတာလား
ဒါ ဒါ မဖြစ်နိုင်ဘူးလေ ''

" ပေါက်စ မင်းကိုယ့်စိတ်ကိုမညာချင်စမ်းပါနဲ့ သေချာပြန်စဉ်းစားပါ ငါကမင်းကိုငါ့စိတ်ကိုပဲ သိထားစေချင်ရုံပါ
မင်းငါ့ကိုသူငယ်ချင်းတစ်ယောက်ထက် ပိုမယ်လို့ငါထင်မိပါတယ် အရမ်းကြီးလောစရာမလိုပါဘူး ဖြေးဖြေးချင်းပဲ သွားကြတာပေါ့ ဒီကိစ္စကြောင့်လည်း ငါ့ကိုအရမ်းကြီးအေးစက်မသွားပါနဲ့ ဒါပေမယ့် ငါလည်းအဲ့လိုဖြစ်ခွင့်
မပြုပါဘူး အခုကစပြီး ငါမင်းကိုလိုက်တော့မှာမို့ပဲ ''

◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾

" အလင်္ကာ သားရေ ဒီအပုဒ်လေးထွက်တွက်ပေးပါလား ''

ဆရာမရဲ့အသံကြောင့် တစ်တန်းလုံးရဲ့အကြည့်များသည် အလင်္ကာလွန်းထံသို့ ရောက်ရှိလာသော်လည်း အလင်္ကာလွန်းသည် စာထဲစိတ်မရောက်ဘဲ ငူငူငိုင်ငိုင်သာ ထိုင်နေသည် ။

" ပေါက်စ....ဆရာမခေါ်နေတယ်လေ ''

" ဟမ်...ဟင် ငါ့ကိုလား ''

The First Step Of Our DreamsWhere stories live. Discover now