14

6.9K 661 14
                                    

" ဟမ် ဘာပြောလိုက်တာလဲ "

"မင်းကန်းနေတာလား အင့် တကယ်ပဲ "

"ကို နားကြားမှားတယ် ထင်နေတာ "

"မင်းဟာလေ ဒဲ့ပြောလဲမသိ လှည့်ပြောလဲမမြင်တဲ့ ၃၁ဘုံမှာ အတုံးဆုံးအကောင် "

" မဟုတ်ပါဘူးကွာ " ဟုဆိုကာ ရီပြီး အပုလေးကိုချီလိုက်လေသည်။ ပြီးနောက် သူကlover seatမှာ၀င်ထိုက်ပြီး အပုလေးကို ပွေ့ထားလိုက်လေသည်။

" အမေ့ လန့်လိုက်တာကွာ မင်းကလဲ "
အပုလေးလန့်ပြီး သီဟလည်ပင်းအားဖက်ထားလိုက်လေသည်။

" တကယ်ပြောတာလား "

"ဘာကိုလဲ "

"ခုနက မင်းပြောတာလေ ကို့ကို ကြိုက်တယ်ဆိုတာ "

"အင်း ဟုတ်တယ်လေ "

"ဒါဆို ကိုတို့က အခုချစ်သူတွေဖြစ်သွားပြီပေါ့နော် "

"အင်း  အမ်  မဟုတ် မဟုတ်ဘူးလေ ငါက မင်းကိုကြိုက်တယ်လို့ပဲ ပြောတာလေ ချစ်တယ်လို့ပြောတာမှ မဟုတ်တာ "

"ဟာ မတူပြန်ဘူးလား အဲ့နှစ်ခုက "

"ဟီးးးးး တူတယ် တူတယ် စတာ စတာ " ဟုဆိုကာ သီဟကိုပိုတိုးလို့ဖက်ထားသည်။

" အပုလေး ကို့ကို ရွံတယ်လို့ မသတီဘူးလို့ပြောခဲ့တုန်းက ကိုဘယ်လောက်ခံစားခဲ့ရတယ်ထင်လဲ "

"တော်တော်ခံစားခဲ့ရလို့ပဲ ဆံပင်ကေပါပြောင်းပြီးအရောင်ပါဆိုးလာတာ တော်တော် ခံစားနေရတယ်ထင်တယ် "

"အဲဒါက စိတ်အပြောင်းလဲဖစ်အောင်လုပ်ခဲ့တာ
မင်းကို သတိရနေမှာစိုးလို့လေ "

"ထားပါတော့ ဒီကပဲမှားပါတယ် "

"အားးးးးးး ချစ်လိုက်တာကွာ ရူးတော့မှာပဲ "

"ဟီးးးးးး "

"ဒါနဲ့ ကို့ကို ချစ်တယ်လို့မပြောရသေးဘူးနော် "

"......"

"ဟေ့ ​ပြောလေ "

"........"

"ဟာ မသိချင်ယောင်ဆောင်နေတယ်နော် "

"........"

"အင်း အင်း လုပ်ထားနော် ခုမင်းက ကို့ရင်ခွင်ထဲမှာနော် ဟင်းး ဟင်းး တခုခုလုပ်လိုက်လို့ရတယ် "

ကျတော့်ချစ်သူ.....ဂျလေဘီWhere stories live. Discover now