42

5.7K 458 32
                                    

မင်္ဂလာပွဲအတွက် ပြင်ဆင်နေရသည်။
ထုံးစံအတိုင်း မြန်မာနိုင်ငံဟာ
လိင်တူလက်ထပ်ခွင့်ကို သိပ်ပြီးအားမပေးကြတဲ့အတွက်
လူသိထင်ရှားလုပ်လို့မရဘူးလေ

ဒါဟာကျတော်တို့ လိင်တူချစ်သူတွေရဲ့
ရသင့်တဲ့ ကိုယ်ပိုင်အခွင့်အရေးကိုချူပ်နှောင်တားဆီးကြတာပါ
လူတယောက်က လူတစ်ယောက်ကို ချစ်တာ
အပြစ်ဆိုရင်
ဒီလူ့လောကကြီးမှာ အပြစ်မရှိတဲ့အရာ ရှိလို့လားဗျာ

LGBTကို အသိုင်းအဝိုင်းလို့ခေါ်တာ ကျတော်မကြိုက်ဘူး
LGBTတွေက အသိုင်းဝိုင်းဆိုရင်
လူ့လောကနဲ့ကွဲထွက်နေသလိုဖစ်နေတယ်လေ
သူတို့ဟာအသိုင်းဝိုင်းတခုမဟုတ်ခဲ့ပါဘူး
လူသားတွေပါပဲ
သူလို ငါလို လူသားတွေဖြစ်တဲ့အတွက်
LGBT အထူးသဖြင့်လိင်တူချစ်သူတွေကို
အသိုင်းဝိုင်း ဘောင်တခုထဲထည့်ထားတာမျိူး
ကျတော် မနှစ်သက်ဘူး

ပြီးတော့ LGBTကိုထောက်ခံတဲ့ လူအများစုကို
ဘာကြောင့် ပုံစံတမျိူးတွေနဲ့ သတ်မှတ်ကြတာလဲ
တကယ်တော့
LGBTကို ထောက်ခံဖို့ Gayတယောက်ဖြစ်စရာမလိုပါဘူး
လူသားတယောက်ပဲ ဖြစ်ဖို့လိုတာပဲ

ဘာလို့လဲဆိုတော့ LGBTတွေကလဲ
လူသားထဲက လူသားတွေမို့လို့ပါ.........

အတွေးတွေပျံ့လွင့်နေစဥ်......

"ကိုကို "

ခေါ်သံ ကြားမှ သတိရသည်။
ကျတော်တို့ ၀တ်စုံလာကြည့်တာပဲ။

"အသေးလေး အင်း "

လှည့်ကြည့်လိုက်တော့ အသေးလေးက
အဖြူရောင် Suitလေးနဲ့ သိပ်ကိုချစ်ဖို့ကောင်းတဲ့ကလေးလေးပါ

"ချစ်ဖို့ကောင်းတယ် ကိုကို့အသေးလေးက "

"ကိုကိုကော မ၀တ်ကြည့်ဘူးလား "

"ကိုကိုက ၀တ်ကြည့်စရာမလိုဘူး အသေးလေးရဲ့"

"ဘာလို့လဲ "

"ဒီဆိုင်က ကို့အမေ အသိဆိုင်လေ လာချူပ်နေကြ ကို့ ကိုယ်တိုင်း သူတို့သိတယ် "

"အော် အင်း အင်း "

"John ဒါလေးပဲ ပြင်ထားနော် "

"ဟုတ်ပါပီ ဟုတ်ပါပြီ သီဟတို့များတော့ သတို့သားချောချောလေး ခေါ်လာတတ်တယ် အသည်းတွေယားလွန်းလို့ "

ကျတော့်ချစ်သူ.....ဂျလေဘီWhere stories live. Discover now