part 4

14.9K 1.6K 52
                                    

Unicode
------------

ငိုတာမပီးသေးပေမယ့်
sanbaeရဲ့ရင်ခွင်ထဲကမထွက်ချင်သေးပေမဲ့
ကျက်သရေ အင်မတန်တုံးလှသောခေါင်းလောင်းသံကြီးကြောင့် မျက်ရည်တွေကော နှပ်ချေးတွေကောအင်္ကျီစနဲ့သုတ်ပီး..

"ဟင့် သွားတော့မယ်"

"အင်း"

နှာတရှုံ့ရှုံ့နှင့် သူ့အားလှည့်ကြည့်လှည့်ကြည့်လုပ်ကာ အတန်းထဲပြန်သွားသောကောင်ငယ်လေးအားကြည့်ကာ အကြံဆိုးလေးတစ်ခုပေါ်လာခဲ့သည်။

"ထယ်ထယ်လေးရေ အဆင်သင့်ပြင်ထားလိုက်တော့"

•°•°•°•°•°•°•°•°•°•°•°•°•°•°•

စာသင်နေရတာလုံးဝကိုစိတ်မပါ
စိတ်အစုံက sanbaeဆီသာရောက်နေသည်။
jin hyungကိုလဲ နရင်းကြီးလေး ငါးချက်လောက်အုပ်ချင်စိတ်ကတဖွားဖွား။
sanbaeရင်ခွင်ထဲငိုခဲ့ရသည်ကိုလဲကျေနပ်ပီတိဖြစ်မဆုံး..

လိမ်ဖယ် လိမ်ဖယ်နဲ့ စာသင်လာရတာ
နေ့လည်စာစားရန်ခေါင်းလောင်းသံကြီးကြားလိုက်တော့..
မိုးပေါ်က ပန်းကန်ပြားပျံကြီးမြင်လိုက်ရသလိုစိတ်လှုပ်ရှားသွားသည်။

အမြန်အဆန်ပင်ကန်တင်းသို့ပြေးသွားတော့
အနောက်ကသုံးကောင်ကလဲ အမှီလိုက်လာပါရဲ့။
ထမင်းဗန်းလေးကိုင်ကာ မျက်စိဝေ့ရှာလိုက်တော့
sanbaeတို့အဖွဲ့ကိုတွေ့သည်နှင့်
sanbaeထိုင်နေသောနောက်ကျောဘက်ကခုံလွတ်နေတာကြောင့် ဟိုကောင်တွေကိုခေါ်ကာလာလိုက်သည်။

"အာညော် ဟီးး စားနေကြပီလား"

"အော် ထယ်ယောင်း အခုလေးတင်မှရောက်တာ"

"ဟုတ် jimin hyung"

စားပွဲတစ်ခုလေးယောက်ဆံ့သည်မို့
jimin hyungနဲ့namjoon hyungကတစ်ဖက်၊
sanbaeနဲ့jin hyungအစုတ်ပလုတ်ကတစ်ဖက်ထိုင်နေကြသည်။
မြင်ကွင်းကတကယ်ကိုစိတ်လေစရာ ဟွင်း!

sanbae မျက်နှာချောချောလေးအား မြင်ချင်သည်မို့
ကျောချင်းကပ်မထိုင်ပဲ တစ်ဖက်တွင်ထိုင်လိုက်သည်၊ ကျွန်တော့ဘေး jihoonကလာထိုင်သည်။

sanbaeမျက်နှာလေးကြည့်ပီး ထမင်းစားရသည်က တကယ်ကို ဘာနဲ့မှအစားမထိုးနိုင်အောင်အဖိုးတန်လွန်းသည်။

𝐒𝐄𝐍𝐈𝐎𝐑 (Completed)Where stories live. Discover now