part 10

11.4K 1.2K 34
                                    

Unicode

ကိုကိုကဖုန်းလဲမဆက်၊ မက်ဆေ့လဲမပို့
ကျွန်တော်လဲဆက်ဖို့ရာအင်အားမရှိ
ကိုကိုဘာတွေဖြစ်နေတာလဲ
ဘာကြောင့်စာမေးပွဲရှုံးရတာလဲ

မဖြစ်သေးပါဘူး ငါသွားရမှာပေါ့
ကိုကိုအလာကိုစောင့်နေစရာမှမလိုတာ
ငါသွားလိုက်ရင်ရတာပဲ

"ထယ်ယောင်းငယ် စောစောစီးစီးဘယ်တုန်း"

"အကို့အိမ် မေမေ"

"နင့်အကိုစာမေးပွဲကျတယ်ဆို"

"ဟုတ်တယ်မေမေရယ် ဘယ်လိုဖြစ်တာလဲမသိပါဘူး အကိုကစာတော်တာကို
သားသွားလိုက်အုံးမယ်နော်"

"အေအေ မနက်စာမစားတော့ဘူးလား"

"စားတော့ဘူး သွားပီမေမေ!"

°°°°°
အကို့အိမ်ရှိရာသို့အပြေးလေးခရီးနှင်ရသည်
အိမ်ရှေ့ရောက်တော့ ဟောဟဲဆိုက်နေပီ
အကို့အိမ်ကို တံခါးမရှိ ဓားမရှိဝင်လို့ရတာကြောင့် တံခါးအသာဖွင့်ကာအထဲကိုဝင်လာလိုက်သည်

"ကိုကို!"

"သားလေး သားကိုကိုအိမ်မှာမရှိဘူး"

"ဟင် ဘယ်သွားလဲ"

"မသိဘူး မနက်ထဲကထွက်သွားတာ သားကိုဖုန်းမဆက်ဘူးလား"

"မနေ့ထဲကမဆက်တာ"

"ဘယ်သွားမယ်လဲမပြောသွားတော့ မေမေလဲမသိဘူးကွယ်"

"သားရှာကြည့်လိုက်မယ် သွားခွင့်ပြုပါအုံးမေမေ"

"အေအေ"

ကိုကိုရယ် ဘယ်သွားနေတာတုန်း
လူကိုစိတ်ပူရအောင်လုပ်နေပြန်ပီ
စိတ်အကြီးကြီးကောက်ပစ်အုံးမယ်

Busစီးဖို့ဂိတ်မှာစောင့်နေတုန်း
သတိရမိသွားတာက ပိုက်ဆံပါမလာတာကို

"သေပီ! ပိုက်ဆံမှပါမလာတာ
လမ်းလျှောက်ပေါ့ ကင်မ်ထယ်ယောင်းရေ"

ဖုန်းဆက်တော့လဲဝင်ပေမယ့်မကိုင်
ကိုကိုကငါ့ကိုမချစ်တော့တာလား
မဖြစ်နိုင်တာ ကိုကိုကငါ့ကိုအရမ်းချစ်တာ
ဟာ မေ့နေတာပဲ Hyungတို့ဆီဖုန်းဆက်မေးရမှာကို ကိုကိုအဲ့မှာရှိရင်လဲရှိနေလောက်တယ်

jin hyungဆီဆက်ကြည့်တော့လဲ
မလာဘူး မနေ့ထဲကအဆက်အသွယ်မရတာ
namjoon hyungဆီဆက်တော့လဲ
မရှိဘူး မနေ့ကလဲဆက်မရဘူးဟူ၍သာ

𝐒𝐄𝐍𝐈𝐎𝐑 (Completed)Where stories live. Discover now