Ep _2

1.7K 159 3
                                    

Unicode

"သူ့ဘဲက ဘောစိကြီးတဲ့နော် သိပြီးပြီလား
ငါတောင် ဟိုနေ့ကမှသိတာ "

"အခုခောတ်ချောတဲ့ကောင်လေးအားလုံး
တိုင်းကစပွန်ဆာဘဲကြီးတွေနဲ့ရပ်တည်နေ
ကြတာဘဲလေ မထူးဆန်းပါဘူး "

"သူ့ဘဲကြီးက မှောင်ခိုတွေလည်းလုပ်တယ်
တဲ့ငါအဖေပြောသံကြားတယ် "

"ဟုတ်မှာပေါ့ကွာ လူငယ်ဖြစ်ပြီးဒီလောက်
ချမ်းသာစရာမှမရှိတာ ရုပ်ချောဉစ္စာပေါ
ဆိုတော့လည်း ထင်တိုင်းကျဲ စပွန်ဆာ
ထားလို့ရတာပေါ့ကွာ "

"သူ့နေရာမှငါသာဆို တနေ့ကိုပြိုင်ကား
တစီးနှုန်းနဲ့ မြို့ပတ်နေလောက်ပြီ ရုပ်ရည်
တွေကစျေးကွာတယ်ဆိုတာ ဒီနေမှာပေါ်
တာဘဲ "

Jung Hobiဆိုသောကျွန်တော့်အားရည်ရွယ်
ပြီးပြောနေမှန်း သိသည်။သူ့ပတ်ဝန်းကျင်မှာ
ဒီလိုစကားတွေဟာကြားနေကျဖြစ်လို့သူနား
ရည်၀နေပြီ ဒါတွေဟာသူ့အတွက်မထူးဆန်း
တော့ ကိုကိုကသူ့ကျေးဇူးရှင်လဲဖြစ်သလို
သူ့ဘ၀ရဲ့ လက်တွဲဖော်ဆိုလည်းဟုတ်သည်။
လက်ထပ်ဖို့အထိ ယောကျာ်းလေးတယောက်
နဲ့အတူနေဖို့အထိကိုတွေးထားတာမို့ ..
ပတ်၀န်းကျင်ကဘာပြောပြောသူဂရုမစိုက်ခဲ့
ကိုကိုကဘာ သူကဘယ်လို ဆိုတာမျိုးတွေ
လျစ်လျူရှုလိုက်တော့ သူနဲ့ကိုကိုရဲ့ ဘ၀က
အေးချမ်းသွားသည်။ ဆိတ်ငြိမ်သွားသည်။

" အဲ့မှာ သူ့ဘဲရဲ့ကားလားမသိဘူး
ဟာ  ဒါနောက်ဆုံးပေါ်ကြီးဘဲ Korea ကို
အကန့်အသတ်နဲ့ရောက်တဲ့ဟာလေ
ဝေါင်း သူများတွေများ ရုပ်ချောသလောက်
အပိုင်လည်းတွတ်တတ်တယ် မိုက်ချက်ဘဲဟေ့ " 

သူ့ရှေ့ကကောင်လေး ၃ယောက်ရဲ့စကား
တွေသူမကြားချင်ယောင်ဆောင်ကာ ထို
လူတွေကိုကျော်ပြီး ကားထဲ၀င်ထိုင်လိုက်ကာ
စိတ်ရှုပ်စွာနှုတ်ခမ်းကိုသာစူထားလိုက်သည်။

"ကလေး ဘာဖြစ်လာတာလဲ ဘယ်သူကလေး
ကိုစိတ်ညစ်အောင်လုပ်လိုက်တာလဲ ပြော "

"ဘယ်သူမှမလုပ်ဘူး ကိုကိုဘဲလုပ်တာ "

"ဟောဗျာ ကိုကိုက အခုမှရောက်တာလေ
အချိန်လည်းနောက်မကျသလို စောလည်း
မစောပါဘူး ကလေးရဲ့ "

**  P U P P E T **Where stories live. Discover now