Be My Neko (Ending)

3.9K 153 12
                                    

မနက် 6 နာရီ 28 မိနစ်..
သဲလက်ကို တစ်စုံတစ်ယောက် လာထိတွေ့ သလိုခံစားလိုက်ရသည်။ မင်းဘယ်သူလဲ...နောက်ကျမှ သိလာလိမ့်မယ်..ကိုယ့်နောက်ကိုသာလိုက်ပါ..သဲထိုသူလက်
ကို ဆွဲပီး သူခေါ်ရာနောက်ကို ပါသွားတော့သည်။ တစ်နေရာအရောက်တွင် ရပ်
လိုက်သည်။ ရောက်ပြီ...ဒီနေရာပဲ
သဲ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်
မိသည် ။ ဆာကူရာပန်းများ တဖြုတ်ဖြုတ်
ကြွေကြလျက်ရှိသည်။အလွန်ကြည်နူး စရာကောင်းသည့် မြင်ကွင်းပင်...
ထိုအချိန်တွင်
" တီ...တီ...တီ....တီ.."
သဲ အိပ်ပျော်နေရာမှ ရုတ်တရက်လန့်နိုး
သွားသည်။ တောက် ဒီနှိုးစက် အစုတ်
ပလုတ်က အိမ်မက်ကောင်းမက်တော့မှ
လာမြည်ရတယ်..လို့...သဲ စိတ်ပျက်စွာနှင့်
ညည်းညူလိုက်မိသည်။ သို့သော် သူမ
တစ်ကယ်သိချင်မိတာက အိမ်မက်ထဲက
သူမ လက်ကိုဆွဲသွားတဲ့တစ်​ယောက် က ဘယ်သူများလဲ...
အာ...မသိတော့ဘူး..စိတ်ရူပ်တယ်
ပြန်အိပ်လျှင်လည်း အိပ်ပျော်တော့ မည်
မဟုတ်သောကြောင့် အောက်ထပ်သို့်ဆင်း ပြီး မျက်နှာသစ်...သွားတိုက် ခြေလက်
ဆေး လိုက်သည် ။
မေမေကတော့ သူမကိုထူးထူးဆန်းဆန်း အကြည့်များနှင့်ကြည့်နေသည်။
" ဒီနေ့မှ အိပ်ရာကနေ စောစောစီးစီး
ထလို့ပါလား...အရင်နေ့တွေကဆို နေဝင်
ဖင်ထိုးရင်တောင် အမေခေါ်မှ ထတာများ"

သဲက ပြုံးစစ နှင့်ပြန်ပြောသည်။
" မေမေကလည်း ကိုယ်သမီးကို အဲ့လောက် အထင်ကြီးစရာမလိုပါဘူး 😂"

" ကိုယ့်သမီးဆိုတော့လည်း အထင်ကြီး ရ
တာပေါ့...".

" ဟုတ်ပါပြီ မေမေရယ် ဒီနေ့ ရှားသင်းလဲ့
တို့ အိမ်သွားမလို့...သမီးတို့သူငယ်ချင်း
တွေ စာစု လုပ်မလို့..."

" ရပါတယ် သမီးရယ် ပြောစရာကိုမလိုဘူး..မေမေက စာအတွက်ဆို ဘယ်လိုမဆို လွှတ်တယ်...&

" ဟုတ်ပါပြီ... အဲ့တာကြောင့်လည်း
မေမေ့ကိုချစ်ရတာ..."

" ဒီကလေးမလေးကတော့ အပို တွေပြော
ပြန်ပြီ.."

" အပိုတွေမပြောပါဘူး.. မေမေကလည်း
တကယ်ပြောတာပါဆို...သမီးမှာချစ်စရာ
ဆိုလို့ ဒီမေမေဘဲ ရှိတာလေ..".

" ဟုတ်ပါပြီ...ကောင်မလေးရယ်...မေမေ
ကလည်း ဒီသမီးတစ်ယောက်တည်းကို
ချစ်တာပါ..သမီးသွားမယ်ဆိုလည်း တစ်
ခုခုစားပြီးသွားလေ..မေမေသမီး အတွက်
ခေါက်ဆွဲကြော် ပေးထားတယ်..."

Be My Neko (Completed) Donde viven las historias. Descúbrelo ahora